လိုင်းပေါ်မှာ ဖုန်းတွေလိုက်လိမ်နေတဲ့ လူလိမ်ရဲ့လက်ထဲက ကယ်တင်ခဲ့တဲ့ ပရဟိတ တက္ကစီဆရာ

Local News
လိုင်းပေါ်မှာ ဖုန်းတွေလိုက်လိမ်နေတဲ့ လူလိမ်ရဲ့လက်ထဲက ကယ်တင်ခဲ့တဲ့ ပရဟိတ တက္ကစီဆရာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လိုင်းပေါ်မှာ ဖုန်းတွေလိုက်လိမ်နေတဲ့ လူလိမ်ရဲ့လက်ထဲက ကယ်တင်ခဲ့တဲ့ ပရဟိတ တက္ကစီဆရာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လိုင်းပေါ်မှာ ဖုန်းတွေလိုက်လိမ်နေတဲ့ လူလိမ်ရဲ့လက်ထဲက ကယ်တင်ခဲ့တဲ့ ပရဟိတ တက္ကစီဆရာ
ကျနော်ကြုံခဲ့ သော လူလိမ်

ဒီမနက် ၈ နာရီခွဲလောက် လူငယ်လေး တစ်ယောက် ကျောက်ကုန်းကွေ့မှာ ကားတားလို့ ရပ်ပေးလိုက်တယ်။
“ဘယ်လဲညီ”
” မေခ အိမ်ယာထဲ ကို ဘယ်လောက်လဲ ”
အဲဒီအချိန်မှာ ကောင်လေးရဲ့ နောက်နားမှာ လူကို သတိထားမိလိုက်တယ်…

လိုင်းပေါ်မှာ ဖုန်းတို့ ပိုက်ဆံတို့ လိုက်လိမ် နေတဲ့ ဖင်လုံးကြီးကြီးနဲ့ လူဝကြီးပဲ
“အကိုက တည့်တည့် သွားပြီး ကံဘဲ့ ဖက်သွားမှာ မေခအိမ်ယာ ဘက် မရောက်ဘူး” လို့ပြောလိုက်တယ်။

နောက်က လူဝကြီး ” တာမွေဘက်ရော မရောက်ဘူးလား” တဲ့
တကယ်ဆို သူပြောတာ မေခအိမ်ယာနဲ့လဲ ဘာမှမဆိုင် ဆန့်ကျင်ဘက် ခရီး
” မရောက်ဘူးဗျ၊ ကျနော်က ရှေ့တဲ့တဲ့ သွားမှာ ” ဆိုပြီး မောင်းထွက်လာခဲ့လိုက်တယ်…

၂ စက္ကန့် ၃ စက္ကန့် အကြာ ဘက်မှန်ကြည့်လိုက်တော့ နောက်က ဆီကား နဲ့ စကား ပြောပြီး ကားပေါ်တက်နေပြီ ( နောက်မှ သိရတာ က လူဝကြီးက ခြေထောက်တွေလဲ အရမ်း ညောင်း နေလို ဈေးတောင် မပြောရသေးပဲ ကားပေါ် အတင်း တက်ထိုင်တာတဲ့ )

အဲဒါနဲ့ ကျတော်လဲ နဲနဲ စဉ်းစားပြီး နောက်က တင်တဲ့ Taxi ညီအကို က မသိလို့ ဖြစ်မယ် ငါ တခုခုတော့ လုပ်မှ ဖြစ်မယ်လို့ စိတ်ဆုံးဖြတ် ပြီး သူ့ရဲ့ ကားနောက် က တောက် ရှောက်လိုက်ဖြစ်ခဲ့တယ်။ တကယ်ပဲ ကားဆရာတွေဆီက ဖုန်း ၊ ပိုက်ဆံ လိုက်လိမ်တဲ့ လူကြီး။

အဲဒီလူဝကြီးက ကား ဆရာကို အယုံသွင်းပြီး သူဌေးလိုလို ဘာလိုလိုနဲ့ သွားလိုက်တာ —-မေခအိမ်ယာလို့ ပြောပေ မဲ့ ကားက ကျောက်ကုန်းကွေ့ကနေ ညာဘက် အောင်ဇေယျ လမ်းကို ကွေ့ရမှာ မကွေ့ပဲ တည့် တည့်သွား ပြီး မီးပွိုင့်ကျော်တော့ ဘယ်ဘက် လမ်းကွေ့ပြီး ကျောက်ကုန်းပေါ်တက် -> ၁၂ လုံးတန်း -> မြောက် မြင်းပြိုင်ကွင်း -> တာမွေ လေး -> ဝေဇယန္တာ လမ်း ဘယ်ကွေ့ ပြီး မြောက်ဥက္ကလာ ၂ဈေး မီးပွိုင့် ညာ ချိုးပြီး ကျောင်းကွေ့မှတ်တိုင် U Turn ပြန်ကွေ့ပြီး လမ်းကြား ထဲ တစ်ပတ်ပတ် -> ပြီးတော့ ၆ ကွေ့ဖက် မောင်း ပြီး မီးပွိုင့်ကျော် တော့ U Turn ပြန်ကွေ့ ပြီးတော့ တည်းခိုခန်း ၂ ခုရှေ့ရပ် ပြီးတော့ မြောက်ဥက္ကလာပ ဆေးရုံမရောက်ခင် ဈေးကလေး နား ခဏရပ်တယ်။

အဲဒီမှာ ကျနော်လဲ ကျော်ရပ် ပြီး အခြေအနေ အကဲခတ် တော့ ကားမောင်းတဲ့ အကို က အောက်ဆင်းပြီး လမ်းလျှောက်နေတယ် ။
အဲဒါနဲ့ ကျနော်လဲ အခြေအနေပေးတုန်း ” အကို အဲဒီလူ အကိုသိလား” ဆိုတော့ “မသိဘူးတဲ့ ”

” အဲဒါလိုင်းပေါ်မှာ ကားသမားတွေ ဆီက ဖုန်း၊ ပိုက်ဆံ တွေ အလစ်သုတ်ပြီး လိမ်နေတဲ့ နာမည်ကြီးတဲ့ လူဝကြီး (ဖင်လုံးကြီးနဲ့) အကို …. အခုချိန်ကစပြီး အကို့ ဖုန်းတွေ ပိုက်ဆံတွေ သတိထားပါ” ဆိုပြီး သေချာပြောပြခဲ့လိုက်တော့
” ဟာ …ဟုတ်ကဲ့ ကျနော် လဲ မသိဘူး … ကားပေါ်လဲ ဈေးတောင် မပြောရသေဘူး အတင်းတက်လာတာ.. ပြီးတော့ ဖုန်းဆက်ပြီး..ဟိုမောင်းခိုင်းလိုက် ဒီမောင်းခိုင်းလိုက်နဲ့ … ခုတောင် ဗိုက် တော် ၂ ဆာလို့ ကားပေါ်မှာ ခေါက်ဆွဲပြုတ် မှာစားနေလို့ ကျနော်လဲ အောက်ဆင်းလာတာ….ကျေးဇူးပါပဲဗျာ…ခုလို သတိပေးတာ…”တဲ့…

ကျနော်လဲ …ကျနော်နောက်ကလိုက်ခဲ့ဖို့လိုသေးလား ..ဆိုတော့ ….
မလိုက်နဲ့တော့ အကို… ကျနော် ကြည့်ပြီး ခဏနေ လစ်တော့မယ်… ဆိုပြီး လမ်းခွဲခဲ့တယ်။

စိတ်ထဲမှာတော့ အခုလို ကူညီခွင့်ရလို့ ကျေနပ် မဆုံး။

 

ဖြစ်စဉ်မှာ ကျနော် တို့ ညီနောင်တွေ ထဲက ခံခဲ့ရတဲ့ ညီအကိုတွေကို အကြောင်းကြားချင်ပေမဲ့ အဲဒီအချိန်မှာ ကျနော့်ရဲ့ဖုန်း လိုင်းကျ နေတယ်။ ပြီးတော့ ကျနော့် မှာ အဲဒီ လူဝကြီးပုံ ကို ရှာမရလို့ ။

“ကျနော်တို့ Online Group (Apk) တစ်ခု လောက် ဖွဲ့နိုင်ရင် ပိုကောင်းမယ်နော်…အချင်းချင်း ကူညီနိုင်အောင် (ခိုး_ဆိုး_လု_ နှိုက်)..နောက်ဆုံး GAS ဆိုင် အခြေအနေက အစ လိုင်းပေါ်မှာ Live ပြောပြလို့ရအောင်။ဘယ်လိုဟာမျိုး သုံးရင် အဆင်ပြေမလဲ” ဆိုပြီးအများပြည်သူသတိထားနိုင်အောင်ရေးသားမျှဝေပေးခဲ့တာလည်းဖြစ်ပါတယ်

ရေးသားသူ – Kyaw Gyi

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။