အဆိုတော်ဆမ်စမစ်ရဲ့ BRIT ပွဲတတ်ဝတ်စုံကို ဝတ်စုံဒီဇိုင်နာက ဘာအဓိပ္ပာယ်နဲ့ ဖန်တီးပေးခဲ့တာလဲ

Celebrity International News
အဆိုတော်ဆမ်စမစ်ရဲ့ BRIT ပွဲတတ်ဝတ်စုံကို ဝတ်စုံဒီဇိုင်နာက ဘာအဓိပ္ပာယ်နဲ့ ဖန်တီးပေးခဲ့တာလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဆိုတော်ဆမ်စမစ်ရဲ့ BRIT ပွဲတတ်ဝတ်စုံကို ဝတ်စုံဒီဇိုင်နာက ဘာအဓိပ္ပာယ်နဲ့ ဖန်တီးပေးခဲ့တာလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဆိုတော်ဆမ်စမစ်ရဲ့ BRIT ပွဲတတ်ဝတ်စုံကို ဝတ်စုံဒီဇိုင်နာက ဘာအဓိပ္ပာယ်နဲ့ ဖန်တီးပေးခဲ့တာလဲ

နေရာတကာမှာ ကြားနေရတဲ့ “Unholy” သီချင်းအဆိုရှင် ဆမ်စမစ်ဟာ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ BRIT ဆုပေးပွဲကို အမိုက်စားဖက်ရှင်နဲ့ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ သူဟာ အနက်ရောင်ဖောင်းပွဝတ်စုံကို ဝတ်ဆင်ပြီး O2 Arena မှာ ပြုလုပ်တဲ့ အဲဒီဆုပေးပွဲရဲ့အနီရောင်ကော်ဇောထက် လျှောက်လှမ်းလာခဲ့တာပါ။

ဒီဝတ်စုံကို လန်ဒန်ဖက်ရှင်ကောလိပ်ဘွဲ့ရ ဖက်ရှင်ဒီဇိုင်နာ ဟာရီခရစ်နန် ခီဇာသီလ် ဆုရန်ဒ်ရမ် ပီလ်လိုင် တည်ထောင်ထားတဲ့ လန်ဒန်အခြေစိုက်ဖက်ရှင်တံဆိပ် Harri က ဒီဇိုင်းဆွဲထားတာပါ။ ဆမ်စမစ်အတွက် ဒီဝတ်စုံကို ဘာအဓိပ္ပာယ်နဲ့ ဖန်တီးဖြစ်ခဲ့လဲဆိုတာကို ဒီဇိုင်နာ ပီလ်လိုင်ဟာ မကြာသေးခင်က အင်တာဗျူးဖြေကြားခဲ့ပါတယ်။

“ဆမ်ဟာ မကြာသေးခင်က သူ့ရဲ့ခန္ဓာကိုယ်ပုံသဏ္ဍာန်နဲ့ပတ်သက်ပြီး အမုန်းစကားအများကြီးရခဲ့တယ်။ ဒီဝတ်စုံက သူ့ရဲ့သဘာဝပုံစံနဲ့ လူတစ်ယောက်ရဲ့ပင်ကိုယ်အလှတရားတွေကို ဂုဏ်ပြုပေးတဲ့သဘောပါ။ ဆမ်မှာ လူတွေ တစ်ခါမှမမြင်ဖူးတဲ့ပုံရိပ်တစ်ခုကို ဖန်တီးပေးချင်ခဲ့တာပါ”လို့ သူက ဆိုပါတယ်။ “ဒီလိုရော်ဘာဘောင်းဘီတွေကို ဘယ်တော့မှရောင်းမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒါကို လူတွေကြိုက်ကြတယ်”လို့လည်း ဖွင့်ပြောခဲ့ပါတယ်။

မကြာသေးခင်က ဆမ်စမစ်ဟာ Grammy ဆုပေးပွဲမှာ “Unholy” သီချင်းနဲ့ စုံတွဲ/အဖွဲ့လိုက်ဖျော်ဖြေတင်ဆက်မှုဆုရခဲ့ပါတယ်။ BRIT ဆုပေးပွဲမှာတော့ ဆန်ကာတင်စာရင်းနှစ်ခုဝင်ခဲ့ပေမဲ့ ဆုရရှိခဲ့ခြင်းမရှိပါဘူး။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။