ယေရူခရစ်ရုပ်တု မိုးကြိုးထိမှန်ပုံကို ဓာတ်ပုံဆရာက အမိအရ ရိုက်ကူး

International News Local News
ယေရူခရစ်ရုပ်တု မိုးကြိုးထိမှန်ပုံကို ဓာတ်ပုံဆရာက အမိအရ ရိုက်ကူး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ယေရူခရစ်ရုပ်တု မိုးကြိုးထိမှန်ပုံကို ဓာတ်ပုံဆရာက အမိအရ ရိုက်ကူး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ယေရူခရစ်ရုပ်တု မိုးကြိုးထိမှန်ပုံကို ဓာတ်ပုံဆရာက အမိအရ ရိုက်ကူး

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ ကော်ကိုဗာဒိုတောင်ထိပ်ပေါ်မှာ တည်ထားတဲ့ ကမ္ဘာ့အကြီးဆုံး ယေရူခရစ်ရုပ်တု မိုးကြိုးပစ်ခံရတဲ့ပုံကို စပိန်ဓာတ်ပုံဆရာ ဖာနန်ဒိုဘရာဂါက ချိန်သားကိုက် ရိုက်ကူးနိုင်ခဲ့တာပါ။ ဖာနန်ဒိုဘရာဂါက ဖေဖော်ဝါရီလ ၁၀ ရက်မှာ ရိုက်ကူးခဲ့ပြီး အင်စတာဂရမ်ပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။

Instagram ပို့စ်တစ်ခုတွင် ဘရာဂါ က ပြီးပြည့်စုံသောရိုက်ချက်တစ်ခုကို ရိုက်ကူးနိုင်ဖို့အတွက် မုန်တိုင်းထန်တဲ့အခြေအနေမှာ အိမ်ပြင်မှာ သုံးနာရီကျော်နေခဲ့ရကြောင်း ၊ဆက်တင်အမျိုးမျိုး နဲ့ Christ The Redeemer ရုပ်တုကို ရိုက်လေ့ရှိသူ ဘရာဂါ ကအခုလိုပြီးပြည့်စုံတဲ့ပုံမရရင်မှာ ရှည်လျားတဲ့ အလင်းဝင်ပေါက် ရိုက်ချက်ပေါင်း 500 ကျော်ကို ရိုက်ယူခဲ့ရကြောင်း ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

ကွန်ကရစ်တန်ချိန် ၇၀၀ နဲ့ ဖန်တီးထားပြီး အမြင့်ပေ ၂၀၀၀ ကျော်မှာရှိတဲ့ Christ the Redeemer ရုပ်တုဟာ ကမ္ဘာ့အံ့ဘွယ် ၇ ပါးထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ယခင်ကလည်း Christ the Redeemer ရုပ်တုဟာ မိုးကြိုးထိမှန်ခဲ့ဖူးပြီး ၂၀၁၄ ခုနှစ်က မိုးကြိုးကြောင့် ရုပ်တုရဲ့လက်မပျက်စီးသွားလို့ ပြင်ဆင်မွမ်းမံခဲ့ရပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။