တနင်္ဂနွေသားသမီး(၇)မျိုး

Astrology
တနင်္ဂနွေသားသမီး(၇)မျိုး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တနင်္ဂနွေသားသမီး(၇)မျိုး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တနင်္ဂနွေသားသမီး(၇)မျိုး

ဖြူစင်၍ သဘောထား ပြည့်ဝတဲ့ တနင်္ဂနွေသားသမီးတို့ အကြောင်း” - Lwin Pyin Cele  News

(၁) ကြွင်း တနင်္ဂနွေ ဘင်္ဂဖွား
(၂) ကြွင်း တနင်္ဂနွေ အထွန်းဖွား
(၃) ကြွင်း တနင်္ဂနွေ ရာဇဖွား
(၄) ကြွင်း တနင်္ဂနွေ အဓိပတိဖွား
(၅) ကြွင်း တနင်္ဂနွေ မာရဏဖွား
(၆) ကြွင်း တနင်္ဂနွေ သိုက်ဖွား
(ဝ) ကြွင်း တနင်္ဂနွေ ပုတိဖွား

တနင်္ဂနွေ သားသမီးများ ချမ်းသာလိုလျှင် ဒီယတြာလေးလုပ်ပေးပါ - Nainglinn

(၁)ကြွင်း တနင်္ဂနွေ (ဘင်္ဂဖွား)
သက္ခတ်ဗေဒ လက်စွဲကျမ်းတွတ်နည်း။

တနင်္ဂနွေသားသမီးများအတွက် ၂၀၂၁ ခုနှစ် တစ်နှစ်တာ ဟောစာတမ်း -  စုံလင္သုတအိမ္ရွင္မ

နေ့သားတစ်ဦးခြင်း၏သက်ရောက်များကိုအနုစိတ်ဖော်ပြပေးမည်ဖြစ်ပြီး ၎င်းနေ့သားများ၏ မဟာဘုတ်ဆိုင်ရာအကွက်များရှိ အပူအအေး အနှေးအမြန် များကိုသက်ရောက်နှင့်ပြန်လည်ညှိနှိုင်း ဟောကြားသောစနစ်ကိုတင်ပြရေးသားသွားမည်ဖြစ်ပါသည်။

တနင်္ဂနွေဂြိုဟ်သက်က(၆)နှစ်ဖြစ်ပါတယ် ။
(၁)ကြွင်း တနင်္ဂနွေသည် ဘင်္ဂအိမ်သဘောအရ အပျက်၊မတည်ငြိမ်၊ပြောင်းလဲရွေ့လျား သဘောနဲ့ဒီ(၆)နှစ် ကိုဖြတ်သန်းမှာဖြစ်ပါတယ် ဒီ(၆)နှစ်မှာ ဇာတာရှင်သည် ကလေးတစ်ဦးဖြစ်သောကြောင့် တနင်္ဂနေဂြိုဟ်ရဲ့ ပရိယာယ်ဖြစ်တဲ့ အိုးအိမ်ပြောင်းရွှေ့ခြင်း ကိစ္စတွေကို မိဘတွေပြောင်းရွှေ့တဲ့နေရာတွေမှာ မိမိကလည်းလိုက်ပြောင်းရတဲ့သဘောဖြစ်ပါတယ်

ဒီနေရာမှာ အိုးအိမ်အပျက်ဖြစ်တဲ့ ပြည့်စုံခြင်းမရှိတဲ့အိမ်မျိုးကိုဘဲပြောင်ရွှေ့နေထိုင်ရခြင်းဖြစ်ပါတယ် ၊ အိမ်ထောင်အပျက် အုပ်စုပျက် ဖြစ်တဲ့အတွတ် အမိအဖဆွေမျိုးသားခြင်းများရဲ့အိမ်ထောင်ရေးပြဿနာတွေဖြစ်တဲ့ကာလတွေကိုလည်းရင်ဆိုင်ရမှာဖြစ်ပါတယ် မိဘတွေနဲ့ ဆွေမျိုးသားခြင်းတွေနဲ့ မသင့်မြတ်တဲ့ကာလတွေနဲ့လည်းဖြတ်သန်းရတတ်ပါသည်။

တနင်္လာဂြိုဟ်(၁၅)နှစ်ဖြတ်တဲ့အချိန်တွေမှာတော့အနည်းငယ်ရှုပ်ထွေးစပြုလာပါပြီ၊တနင်္ဂနွေ ၆ နှစ် နဲ့ တနလာင်္ဂြိုလ် ၁၅ ပေါင်းလိုက်ရင် (၂၁)နှစ်တာကာလက ပုတိ သဘောနဲ့ဖြတ်သန်းရမှာဖြစ်လို့ အမိ၊အဖ ဒါမှမဟုတ် နှစ်ဘက်ဆွေမျိုးတွင်းမှာ လျှို့ဝှက်တဲ့အိမ်ထောင်ရေးကိစ္စတွေဖြစ်တတ်ပါသည်

မိမိမွေးနံတိုင်မှာ တနင်္လာဂြိုဟ်အားကောင်းတဲ့အတွတ် ငွေကြေးအရမ်းမခက်ခဲပါဘူး ဒါပင်မဲ့ ပုတိ သဘောနဲ့အညွှနဂြိုဟ်သည် ဆန်းကျင်တဲ့အတွတ် အမိအဖတွေငွေရှာတဲ့အခါ ခက်ခဲပင်းပန်းတတ်ပါတယ် ဇာတာရှင် ကိုယ်တိုင်ကလည်း ၁၆နှစ်နောက်ပိုင်းတွေမှာ ချစ်သူရည်းစားများခြင်း၊အိမ်ထောင်ကျတတ်ခြင်း၊အိမ်ထောင်ရေးပြဿနာများပေါ်ခြင်းတွေ ကြုံတွေ့တတ်ပါတယ်။

အဂါဂြိုဟ် (၈)နှစ်တာကာလ (၂၁) နဲ့ (၈) နှစ်ကြား (၂၉)နှစ်ကိုဖြတ်သန်းတဲ့အခါ အပြင်ရန်နဲ့ဖြတ်သန်းရတတ်ပါတယ် အပြင်ရန်အနေနဲ့ အမှုအခင်းဆိုတဲ့နေရာမှာ မိမိကိုယ်တိုင်လည်းဖြစ်တတ်သလို အမိအဖတွေမှာလည်းကြုံတတ်ပါတယ် ကိုယ်ကမိဘနဲ့အတူနေဖြစ်ရင် ပိုပြီးတိုက်ဆိုင်လွယ်ပါတယ် ။

ခိုက်ရန်ဒေါသမှာ သွေးချည်သွေးပေါက်၊ဆေးရုံဆေးခန်းများ ရုံး၊ဂတ် အမှုအခင်းတွေလည်းဖြစ်တတ်ပါတယ်၊
အိမ်ထောင်ရှိရင် အိမ်ထောင်ရေးနဲ့ပတ်သတ်တဲ့ ပြဿနာတွေလည်း မကြာခနဖြစ်တတ်ပြီး ကွဲလိုက်ပေါင်းလိုက်ဖြစ်တတ်ပါတယ် အင်္ဂါဂြိုဟ်က သိုက်နယ်မြေဖြစ်လို့ ငွေကြေးဥစ္စာတွေပြည့်စုံတဲ့ကာလတွေဖြစ်တတ်ပါတယ် ။

ဗုဒ္ဓ္ဓ္ဒ္ဓ္ဓ္ဓ္ဓဟူးဂြိုဟ် မရဏကို အသက် ၂၉ မှ ၄၆ နှစ် ကာလကိုဖြတ်သန်းရမှာဖြစ်ပါတယ် အတွင်းရန်ကာလဖြစ်လို့ အိမ်ထောင်ကွဲ၊အုပ်စုကွဲခြင်းများကြုံတွေ့တတ်ပြီး မိမိကိုယ်တိုင်လည်း ၄၆ နှစ် မကျော်ခင်ခွဲစိတ်ကုသမှုတွေ ခံရတတ်ပါတယ် ။

ဗုဒ္ဓ္ဓ္ဒ္ဓ္ဓ္ဓ္ဓဟူးဂြိုဟ် ၄၆ နှစ်ကိုကျော်ဖြတ်ပြီးရင်တော့ စနေဂြိုဟ် အထွန်းအိမ်ကိုကျော်ဖြတ်မည့်ကာလဟာ (၅၆)နှစ်တွင်းဖြစ်ပါတယ် အထွန်းဂြိုဟ်မှာ အန္တောဓါတ်လာကြနေလို့ ပြီးခဲ့တဲ့ ၄၆ နှစ်အတွင်း ကြိုးစားထားသမျှ ဒီကာလတွေမှာ ဘုန်းတန်ခိုးကျော်ဇောတတ်ပါတယ် ။

စနေဂြိုဟ် ၅၆ နှစ်ကနေ ကြာသပတေးဂြိုဟ် အဓိပတိဖြတ်သန်းတဲ့နေရာမှာတော့ မိတဂြိုဟ်ဖြစ်တဲ့အတွတ် လုပ်သမျှအောင်မြင်တတ်ပါတယ် အိုးအိမ်တိုက်တာကားအစရှိတဲ့ပိုင်ဆိုင်မှုတွေလည်းရတတ်ပါတယ် ၅၆ နှစ်ကနေ ၇၅ နှစ် ထိ ၁၉ နှစ်ကာလသည် ဇာတာရှင်အတွတ် နေလိုလလို ဘုန်းတန်ခိုးကြီးမားပြီး ဘဝမှာပြည်စုံတဲ့ကာလတစ်ခုဖြစ်ပါတယ် ။

ယခုတင်ပြသွားတဲ့ တစ်ကြွင်းတနင်္ဂနွေသားသမီး ကံကြမ္မာသက္ခတ်သည် အကြမ်းမျှသာတင်ပြခြင်းဖြစ်ပြီး အရွယ် (၃)ပါး ၊ဒေသ (၃)ပါး ၊အမျိုး (၃)ပါး အရ အနည်းငယ်ကွဲလွဲမှုရှိနိုင်ပါသည်။ အရွယ် (၃)ပါး။ ။ပထမအရွယ် ဒုတိယအရွယ် တတိယအရွယ်ဒေသ (၃)ပါး။ ။အောင်ပြည်အောက်ရွာ(ပူနွေးစွပ်စို)၊အလယ်ပိုင်းအညာဒေသ(အပူပိုင်း)၊အထက်ပိုင်း အအေးပိုင်းဒေသ
အမျိုး (၄)ပါး။ ။အခြေခံလူတန်းစား၊လယ်သမား၊ကုန်သည်၊မင်းမှုထမ်း

၂ကြွင်း တနင်္ဂနွေသားသမီးကိုလေ့လာကြည့်ခြင်း
အသက် (၆) နှစ် မှ (၂၁) ထိကံကြမ္မာ

သူကတော့ ဒီနေရာမှာ နည်းနည်းပြောင်းလည်းသွားမယ် အသက် ၁ နှစ် ကနေ ၆ နှစ် ထိ အထွန်းဂြိုဟ်မှာလာပြီးရပ်တည်နေတော့ မိဘတွေအဆင်ပြေချိန် ကောင်းစားနေချိန်မှာ မွေးတဲ့စီလာဖြစ်တယ်။ ဒါပင်မဲ့ အသက် ၆ နှစ် ကနေ ၂၁ နှစ် မှာ သူ့ကံကြမ္မာကနည်းနည်းဆိုးလာပြီ အိမ်ရှင်သခင်ဂြိုဟ်က ဘင်္ဂအိမ်မှာရှိနေတော့ အပျက် မတည်ငြိမ် သဘောအရ နေရာပြောင်းရွှေ့တာတွေ အလုပ်ပြောင်းရွှေ့တာတွေဖြစ်လာတတ်တယ်

ကိုယ်တိုင်နေအိမ်မှထွက်ခွာပြီး တစ်ရပ်တစ်ကျေးမှာသွားရောက်လုပ်ကိုင်တာတွေ ဦးလေးအဒေါ်အိမ်တွေမှာပြောင်းရွှေ့နေထိုင်ရတာတွေ အမိအဖတွေ အိမ်ပြောင်းအလုပ်ပြောင်းတဲ့နေရာမှာ ကိုယ်တိုင်လိုက်ပြောင်းရတဲ့သဘောတွေကြုံရတတ်တယ်

ငွေအပျက်သဘောကတော့ ငွေရှိရင်လည်းပျက်စီးတတ်ပြီး ငွေမရှိရင်လည်းပျက်စီးတတ်တယ် ငွေရှာရခက်ခဲတတ်တယ် ဒါမှမဟုတ် အမိအဖတွေလုပ်ငန်းပျက်စီးပြီးငွေတွေကုန်သွားတတ်တယ်။ဝင်ခြင်းထွက်ခြင်းသဘောကိုပြနေတယ်။

အသက် ၂၁ မှ အသက် ၂၉ နှစ် ထိ ကံကြမ္မာ

အသက် ၂၁ မှ အသက် ၂၉ နှစ် ထိ ပုတဂြိုဟ်မှာအင်္ဂါဂြိုဟ်ရှိနေတော့ အိမ်ထောင်ရေးကိစ္စတွေပေါ်လာတတ်တယ်၊အိမ်ထောင်ကျတတ်တယ် အပြင်ရန်မှာ အိမ်ထောင်လာဖြစ်နေတော့ အိမ်ထောင်ရေးနဲ့ပတ်သက်ရင်အမှုဖြစ်တာတို့ အိမ်ထောင်ပြိုကွဲတာတို့ဖြစ်တတ်တယ် အိမ်ထောင်ကွဲရင်လည်းအမှုဖြစ်ပြီးကွဲတာတို့ အမွေခွဲပြီးကွဲတာတို့နဲ့ဲကြုံတတ်တယ် စီးပွားရှာတဲ့နေရာမှာလည်း အခက်ခဲတွေအပြိုင်အဆိုင်တွေနဲ့ ပုံမှန်ကြိုးစားသွားရင်တော့ ကြိုးစားမှုက အကျိုးခံစားရမှာဖြစ်ပြီး ကံရဲ့အကျိုးပေးမှုကိုတော့ အနည်းငယ်သာခံစားရမှာဖြစ်ပါတယ်။

အသက် ၂၉ မှ ၄၆ နှစ် ထိကံကြမ္မာ

ဗုဒ္ဓ္ဓ္ဒ္ဓ္ဓ္ဓ္ဓဟူးဂြိုဟ်မှာ မူလအိမ်ရှင်မဟာဘုတ်မှာသိုက်ဂြိုလ်ဖြစ်လို့ ဒီနယ်မြေက ၁၇ နှစ် လုံးလုံးအကျိုးပေးမှာပါ၊ အတွင်းရန်(၁ x ၄) နယ်မြေဖြစ်လို့ အမိအဖ၊ညီအကိုမောင်နှမများ thayဆုံးခြင်း အိမ်ထောင်ပြိုကွဲခြင်း အိမ်ထောင်ဘက်နှစ်မသင့်မြတ်ခြင်းများ ကြုံတွေ့တတ်ပါသည်။မိမိကိုယ်တိုင်လည်း ကျန်းမားရေးနှင့်ပတ်သက်ပြီးခွဲစိတ်ကုသမှုတွေ ကြုံရတတ်ပါတယ်။

စီးပွားရေးပိုင်းတွေကတော့ နည်းနည်းလုပ်များများရတဲ့နယ်မြေဖြစ်ပါတယ် အိုးပိုင်အိမ်ပိုင်ရခြင်း ရွှေ၊ငွေ များစုမိခြင်းတို့ကို တိုက်ဆိုင်ကြုံတွေ့မှာဖြစ်ပါတယ်။လုပ်ငန်းပိုင်းတွေကတော့ ဒီကာလမှာတည်ငြိမ်စပြုလာပါပြီ။

အသက် ၄၆ မှ ၅၆ နှစ် ထိကံကြမ္မာ

မူလမဟာဘုတ်ဇာတာမှာ စနေဂြိုဟ်က ရာဇအိမ်မှာရပ်တည်နေတော့ မင်းစိုးရာဇာတွေနဲ့မင်းပေါက်စိုးပေါက် ကံဇာတာမြင့်လာမှာပါ အစိုးရအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး စီးပွားရေးများလုပ်ရခြင်း၊မိမိလုပ်သမျှအောင်မြင်ခြင်း အိုးပိုင်အိမ်ပိုင်ကားပိုင်ရခြင်းများနှင့် တိုက်ဆိုင်ကြုံတွေ့ရပါလိမ့်မည်။

အသက် ၅၆ မှ ၇၅ နှစ် ကံဇာတာ

ထိုသက်ရောက်နှစ်သည် မာရဏနယ်မြေဖြစ်ပြီး အပြင်မိတ်နယ်မြေလည်းဖြစ်ပါသည် ။မရဏ၏သဘောမှာ ကျန်းမားရေးကိုပြသနေပြီး မိတ်သဘောမှာ မိတ်ဆွေဟောင်း၊မိတ်သစ်များနှင့်ဆုံရခြင်း စီးပွားရေးတိုးတက်ခြင်း ထီပေါက်ခြင်း၊ချမ်းသာခြင်း၊အမွေရခြင်း၊အမွေရသကဲ့သို့ငွေဝင်ခြင်းများကြုံတွေ့နိုင်ပါသည် ။ ထိုကာလကိုဖြတ်သန်းနေချိန်တွင် ကျန်းမားရေးအထူးဂရုစိုက်ရန်လိုပါသည်။ အာရုံကြောနှင့်ပတ်သက်သောရောဂါများလေဖြတ်ခြင်းတို့ကြုံတွေ့နိုင်ပါသည်။

ယခုရေးသားသော သက္ခတ်ပညာခန်းမှာ အမျိုး (၄) ပါး မင်းမှုထမ်း ကုန်သည် လက်လုပ်လက်စား လယ်သမားမျိုးရိုး အရ ကွဲလွဲမှုရှိနိုင်ပြီး ဒေသ (၃) ပါး အရအနည်းငယ်လည်းကွဲလွဲမှုရှိနိုင်ပါသည်။

(၃)ကြွင်း တနင်္ဂနွေ (ရာဇဖွား)
အသက် (၁) နှစ် မှ (၆) နှစ် တွင်းကံဇာတာ

၃ ကြွင်းမဟာဘုတ်မှာ ရာဇ အိမ်မှာတနင်္ဂနွေဂြိုဟ်လာပြီးရပ်တည်နေတာကြောင့် ဒီဇာတာရှင်ကတော့အသက် (၁) နှစ်မှ (၆) နှစ်တွင်း အမိအဖတွေရဲ့ ကံအရမ်းကောင်းတဲ့ဂြိုဟ်မှာခံစားရတတ်ပါတယ် ။ အမိအဖတွေက စီးပွားရေးမပြေလည်ရင်လည်းပြေလည်တဲ့ အဖိုးအဖွားတွေနဲ့ကြီးပြင်ရတတ်ပါသည် ငယ်ရွယ်စဉ်လူချစ်လူခင်ပေါပြီး ဘုန်းတန်ခိုးကြီးနေခြင်းသည် ရာဇ အိမ်ရှင်ရဲ့မင်းစိုးရာဇာဘုန်းကံကြောင့်ဖြစ်ပါတယ်
(၆) နှစ် အတွင်းမှာတော့လက်ညှိုးညွှန်ရာရေဖြစ်တဲ့ ကာလတွေပါ အိုးအိမ်ရာဇသဘောကြောင့် အိမ်ကောင်းကောင်းနဲ့နေရတတ်ပြီး အသုံးအဆောင် အဝတ်အစားကအစပြည့်စုံနေတဲ့ကာလတစ်ခုဖြစ်ပါတယ်။

အသက် (၆) နှစ်မှ (၂၁) နှစ်ထိ

ဒီအသက်အပိုင်းအခြာမှာ တနင်္လာဂြိုဟ်ကိုဖြတိမှာဖြစ်ပြီး မဟာဘုတ်ရဲ့ ကံဇာတာအရ အထွန်းဆိုတဲ့ အိမ်ရှင်မှာ(၁၅)နှစ်တိတိရပ်တည်မှာဖြစ်ပါတယ် မူလတနင်္ဂနွေနဲ့ တနင်္လာဂြိုဟ်တို့ဟာ ဥပါဒ်ကြီးမရှိတဲ့ ဥဒါသိန်ဖြစ်ပါတယ် ဒါကြောင့်တနင်္လာဂြိုဟ်ရဲ့ ကောင်းကျိုးကို (၁၅)နှစ်တိတိခံစားရမှာဖြစ်ပါတယ်။

ငွေ၊ကား၊ကျောက်အစရှိတဲ့တနင်္လာနံပစ္စည်းတွေမှာတန်ဖိုးကြီးတဲ့အရာတွေရရှိတတ်ပါတယ၊ငယ်ရွယ်စဉ်မှာပြည့်စုံမှုရှိတဲ့ဇာတာဖြစ်ပါတယ်၊နေအိမ်တိုက်တာအဆောင်အဦးများပိုင်ဆိုင်ခြင်း၊ထီပေါက်ခြင်း၊ပညာသင်စဉ်ကာလတွင်ပြည့်စုံစွာသင်ရခြင်း၊ဘုန်းတန်းခိုးကြီးခြင်း၊ဂုဏ်ထူးများနှင့်ပညာတတ်ခြင်း ဘွဲ့လွန်များတက်ရသည်အထိ ပြည်စုံစွာနေထိုင်ရပါမည်။

အသက် (၂၁) နှစ်မှ (၂၉) နှစ် ကာလ

ဒီအသက်အပိုင်းအခြားကတော့ မူလအိမ်ရှင်က မဟာဘုတ်ဇာတာမှာ (ဘင်္ဂ)နယ်မြေဖြစ်လို့ နေအိမ်မှထွက်ခွာခြင်း၊သို့မဟုတ် အမိအဖနေအိမ်ပြောင်းရွှေ့မှုဖြစ်ခြင်း၊အတိုက်အခံပေါခြင်း၊အမှုအခင်းသဘောမျိုးကြုံတွေ့ခြင်း (၂၉) နှစ် မကျော်ခင် ဘင်္ဂအိမ်ရှင်ဂြိုလ်သဘောကြောင့့်အိမ်ထောင်ကျခဲ့သော် အိမ်ထောင်ဘက်မှာ အားကိုးမရသော အိမ်ထောင်မျိုးနှင့်ကြုံတွေ့တတ်ပါသည်။အိမ်ထောင်မမြဲခြင်းပေါင်းလိုက်ကွဲလိုက်ဖြစ်ခြင်းများလည်းကြုံတွေ့တတ်ပါသည်။

အသက် (၂၉) နှစ် မှ (၄၆) နှစ် ကံဇာတာ

ထိုအသက် အပိုင်းအခြားတွင် ဇာတာရှင်သည် မူလမဟာဘုတ်ဇာတာအရ ပုတိဂြိုဟ်တွင် (အင်းဝ) အတွင်းရန်ဂြိုဟ်ဖြင့်ဖြတ်သန်းရမည်ဖြစ်ပါသည်။
ထိုကာလတွင် အမိ၊အဖ၊အဖိုးအဖွားများthayဆုံးခြင်း၊နေအိမ်မှခွဲထွက်ရခြင်း အိမ်ထောင်ရေး မတည်ငြိမ်ခြင်းများကြုံတွေ့ပြီး လျှို့ဝှက်သောအိမ်ထောင်ရေးပုံစံများနှင့်လည်းဘဝတွင်းဖြတ်သန်းရတတ်ပါသည်

ကျန်းမားရေးနှင့်ပတ်သက်ပြီး ခွဲစိတ်ကုသမှုများလည်းခံရတတ်ပါသည် စီးပွားရေးပိုင်းများတွင် အရမ်းကြီးဒုက္ခမရောက်သော်လည်း တိုးတတ်မှုနှောင့်နှေးနေတတ်ပါသည် (၃)ကြွင်းရာဇဖွားဖြစ်သဖြင့် ငွေတော့လက်ထဲမပြတ်ပါ။

အသက် (၄၆) နှစ်မှ (၅၆) နှစ် ကံဇာတာ

ထိုအသက်အပိုင်းအခြားတွင်ဇာတာရှင်သည် မူလမဟာဘုတ်ဇာတာတွင် စနေဂြိုဟ်(အဓိပတိ)ဖြစ်သဖြင့် ကံဇာတာမှာအမြင့်ပိုင်းသို့ပြန်လည်ရောက်ရှိလာပြီး၊ဘုန်းကံမြင့်ခြင်း၊ဂုဏ်သတင်းကျော်ဇောတို့ဖြင့် ဘဝတွင်ဖြတ်သန်းရတတ်ပါသည်၊ငွေအထုတ်အထည်စုမိခြင်း (၁xဝ) အန္တော မီးဓါတ်ဖြစ်သဖြင့် လုပ်ငန်းများအောင်မြင်ခြင်း၊ရာထူးတက်ခြင်း၊ထီပေါက်ခြင်း၊အမွေရခြင်းများကြုံတွေ့တတ်ပါသည် ကျန်းမားရေးအပိုင်းတွင် သွားရောဂါ မီးယပ်ရောဂါများအဖြစ်များတတ်ပါသည်။

အသက် (၅၆) မှ (၇၅) နှစ်ထိကံဇာတာ

ထိုအသက်အပိုင်းအခြားသည် မူလမဟာဘုတ်ဇာတာတွင် ကြာသပတေးဂြိုဟ်သည်(သိုက်) ဂြိုဟ်တွင်ရပ်တည်နေပြီး မူလတနင်္ဂနွေနှင့် (၁x၅) အောင်ပ မိတ်ဂြိုဟ်လည်းဖြစ်ပါသဖြင့် ဂြိုဟ်ခြင်းသဘောတူပြီး ဘဝတွင်ကံဇာတာအမြင့်ဆုံးအချိန်ဖြစ်ပါသည်၊အမွေရခြင်း၊ထီပေါက်ခြင်း၊လုပ်ငန်းများအောင်မြင်ခြင်း၊ မြေကွက်များပိုင်ဆိုင်ခြင်း။အိုးအိမ်တိုက်တာများပိုင်ဆိုင်ခြင်းတို့ရရှိမည်ဖြစ်ပါသည်။

ယခုရေးသားသောသက္ခတ်ပညာပိုင်းမှာ အမျိုး (၄)ပါး မင်း၊ကုန်သည်၊လယ်သမား၊လက်လုပ်လက်စား အရကွဲလွဲမှုများရှိနိုင်ပြီး၊ ဒေသ(၃)ပါးအရလည်းကွဲလွဲမှုရှိနိုင်ပါသည်။

(၄)ကြွင်း တနင်္ဂနွေ (အဓိပတိဖွား)
အသက်တစ်နှစ်မှ(၆) နှစ်ကံဇာတာ

(၄)ကြွင်းတနင်္ဂနွေရဲ့ဇာတာကိုကြည့်မယ်ဆိုရင် မူလတနင်္ဂနွေဂြိုဟ် (၆)နှစ်ဟာအဓိပတ်ဂြိုဟ်မှာရပ်တည်နေတဲ့အတွတ် ငယ်ဘ၀ (၆) နှစ်မှာ အမိအဖတွေရဲ့ အောင်မြင်မှုကြောင့်အိမ်ကြီးအိမ်ကောင်းနှင့်နေထိုင်ရခြင်း ငွေကြေးပြည့်စုံခြင်း၊ကျောင်းကောင်းကောင်းမှာတက်ရခြင်း ဆွေမျိုးအုပ်စုများ၏ချစ်ခင်မှုများရရှိနေတဲ့ကာလဖြစ်ပါတယ် ။

မိသားစုတွင်းအောင်မြင်မှုရရှိနေချိန်ဖြစ်တဲ့ မိခင်၊ဖခင် တို့ရဲ့ မာန်မာနတွေအားကြီးနေချိန်မှာမွေးတဲ့ ကလေးဖြစ်လို့ ငယ်ဘဝမှာလည်းယှဉ်ပြိုင်အနိုင်ယူလိုစိတ်အားကြီးတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ် ။ မိမိပြိုင်ဘက်အားလုံးကို ငယ်ဘဝမှာတွင်အနိုင်ယူလိုစိတ်အားကြီးနေပါတယ် ။

အသက် (၆) နှစ်မှ အသက် (၂၁) ကံဇာတာ

ဇာတာရှင်၏တနင်္လာဂြိုဟ်အိပ်တဲ့အချိန်ကိုပြန်ကြည့်မယ်ဆိုရင် မူလမဟာဘုတ်ဇာတာမှာရာဇအိမ်မှာရပ်တည်နေတာကြောင့် ပညာသင်ကာလမှာ မင်းတို့ရဲ့စည်းစိမ်မျိုးနဲဖြတ်သန်းရတတ်ပါတယ်။ပြည်စုံစွာစာသင်ခဲ့တဲ့အချိန်မှာလည်း မူလအခြခံယှဉ်ပြိုင်မှုသဘောကြောင့် ပညာရေးမှာလည်းထူးချွန်တဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်၊

အမိအဖတွေကလည်းစီးပွားရေးလုပ်ငန်းများအောင်မြင်ပြီး မင်းပေါက်စိုးပေါက်ဖြစ်နေချိန်ဖြစ်လို့ ဒီကာလတွေမှာလက်ညှိုးညွှန်ရာရေဖြစ်တဲ့အချိန်တွေပါဘဲ စာလည်းတော် မိဘတွေကလည်းပြည်စုံတာကြောင့် (၂၁) နှစ်ထိ မာနကြီးနေတဲ့ကာလဖြစ်တက်ပါတယ်။

အသက် (၂၁)နှစ် မှ အသက် (၂၉)နှစ် ထိကံဇာတာ

ဇာတာရှင်သည် အင်္ဂါဂြိုဟ်ကို (၈)နှစ်တိတိကျော်ဖြတ်ချိန်ကတော့ အကောင်းအဆိုးဒွန်တွဲနေတတ်ပါတယ် (၁x၃) ဦးညို က အပြင်ရန်ဖြစ်ပြီး မူလမဟာဘုတ် ဇာတာမှာ အထွန်းအိမ်မှာလာရပ်နေတော့ အတိုက်အခိုက်တွေနဲ့အောင်မြင်မှုရရှိနေချိန်ဖြစ်ပါတယ်။အမှုအခင်းသဘောတွေကြုံတွေ့နိုင်သော်လည်း အနိုင်ရရှိမည့်အချိန်ဖြစ်ပါတယ်။

လုပ်ငန်းတော်တော်များများကိုလေ့လာသင်ယူနေချိန်ဖြစ်ပြီး ဘယ်အရာမှဆုံးခန်းမတိုင်ခဲ့ပါ ကျွမ်းကျင်မှုမရှိခဲ့ပါ။အပြင်ရန်ဖြစ်လို့ မိမိလုပ်လိုက်တဲ့လုပ်ငန်းတွေလည်း အောင်မြင်မှုမရရှိနိုင်သေးပါ။အတိုက်အခိုက်များနဲ့ကျော်ဖြတ်နေတဲ့ကာလဘဲဖြစ်ပါတယ်

အသက် (၂၉)နှစ် မှ အသက် (၄၆) နှစ်ထိကံဇာတာ

ဇာတာရှင်သည် ဗုဒ္ဓ္ဓ္ဒ္ဓ္ဓ္ဓ္ဓဟူးဂြိုဟ်ဖြတ်တဲ့ကာလမှာတော့ မူလမဟာဘုတ်မှာ (ဘင်္ဂ) နယ်မြေဖြစ်ပြီး (၁x၄) အင်း၀ အတွင်းရန်ဖြစ်တဲ့အတွက် ရန်(ဘင်္ဂ)နယ်မြေဖြစ်ပါတယ် ။ အတွင်းရန်သဘောကတော့အိမ်ထောင်ရေးအဆင်မပြေမှုတွေ၊မိသားစုနှင့်အဆင်မပြေမှုတွေမကြာခနဖြစ်တတ်ပါတယ်၊

လက်ရှိနေအိမ်မှ ထွက်ခွာခြင်းပြန်ဝင်ခြင်းများလည်းဖြစ်တတ်ပြီး အလုပ်ဌာနများလည်းပြောင်းရွှေ့မှုဖြစ်တတ်ပါတယ်၊ကျန်းမားရေးပိုင်းမှာလည်းခွဲစိတ်ကူသမှုတွေဖြစ်တတ်ပါတယ်၊ဘင်္ဂအိမ်ရဲ့ လူတစ်ကိုယ်လုံးအပျက်နဲ့ အတွင်းရန်ပေါင်းလိုက်ရင် ကိုယ်ခန္ဓာပိုင်းမှာလည်းခွဲစိတ်ဖြတ်တောက်မှုတွေ့ကြုံရတတ်ပါတယ်။

အသက် (၄၈) နှစ်မှ အသက် (၅၆) နှစ်ကံဇာတာ

ဇာတာရှင်ရဲ့ စနေဂြိုဟ်ကိုဖြတ်တဲ့ကာလကတော့ ကျန်းမားရေးအထူးဂရုစိုက်ရမည့်ဇာတာဖြစ်ပါတယ် စနေဂြိုဟ်ကမူလမဟာဘုတ်ဇာတာမှာ မာရဏဂြိုဟ်ဖြစ်ပြီး တနင်္ဂနွေဂြိုဟ်နဲ့ (၁xဝ) အနေ ္တာဓါတ်လာရောက်ကျနေပါတယ် ။

ဘုန်းတန်ခိုးကြီးခြင်း ၊ လုပ်ငန်းအောင်မြင်ခြင်း၊အိုးပိုင်အိမ်ပိုင်ရခြင်း၊ အမွေရခြင်း၊ ထီပေါက်ခြင်းတို့တိုက်ဆိုင်ကြုံတွေ့ပြီး မာရဏသဘောကတော့ ကျန်းမားရေးနှင့်ပတ်သက်ပြီး ခွဲစိတ်ဖြတ်တောက်ခြင်း၊အာရုံကြောများပျက်စီးခြင်း၊ခါး၊ဒူးခေါင်းအစရှိသော အကြောပိုင်းဆိုင်ရာများပျက်စီးခြင်းတို့ကြုံတွေ့နိုင်ပါသည်။

အသက် (၅၆) နှစ်မှ (၇၅) နှစ်ထိကံဇာတာ

ဇာတာရှင်ရဲ့ ကြာသပတေးဂြိုဟ်ဖြတ်တဲ့ကာလမှာ မူလမဟာဘုတ် အိမ်ရှင်သခင်ဂြိုဟ်ကပုတိဖြစ်ပြီး ဇာတာရှင်နဲ့ မိတ်သဘောသက်ရောက်နေပါတယ်။
မိတ်ဂြိုဟ်ရဲ့သဘောကတော့ စီးပွားရေးအဆင်ပြေခြင်း၊ငွေကြေးမြောက်များစွာဝင်ခြင်း၊ထီပေါက်ခြင်း၊ အမွေရခြင်းတို့ကိုတိုက်ဆိုင်ကြုံတွေ့ပြီး။

ပုတိသဘောမှာတော့ လျှိုဝှက်သောအိမ်ထောင်ရေးကိစ္စများကြုံတွေ့ခြင်း၊အိမ်ထောင်ရေးပြဿနာများ လျှိုဝှက်စွာဖြေရှင်းရခြင်း တို့ကိုတိုက်ဆိုင်ကြုံတွေ့တတ်ပါသည်။ ယခုရေးသားသော သက္ခတ်ပညာပိုင်းမှာ အမျိုးလေးပါးဖြစ်သော မင်း၊ကုန်သည်၊လယ်သမား၊လက်လုပ်လက်စားအရ အနည်းငယ်ကွဲလွဲမှုရှိနိုင်ပါသည်။ ဒေသ (၃) ပါးအရလည်း ကွဲလွဲမှုများရှိနိုင်ပါသည်။

(၅)ကြွင်း တနင်္ဂနွေ (မာရဏဖွား)
အသက် (၁) နှစ်မှ (၆) နှစ်တွင်းကံဇာတာ

အသက် (၁) နှစ်မှ (၆) နှစ်တွင်းဇာတာရှင်၏ ကံဇာတာမှာ(မာရဏ) အိမ်ရှင်သခင်ဂြိုဟ်မှာရပ်တည်နေသောကြောင့် (အိုးအိမ်၊အိမ်ထောင်၊အုပ်စု) ဂြိုဟ်တွေညံ့နေပါတယ် (အိုးအိမ်) အရမ်းမပြည့်စုံတဲ့အိမ်တွေမှာ နေထိုင်ရတတ်ပါတယ်၊ မိသားစု၊အဖေ၊အမေ၊ဦးလေးအဒေါ်တို့လည်း ဒီ (၆) နှစ်တွင်း အိမ်ထောင်ရေးပြဿနာကြုံရတာတို့၊ကျန်းမားရေးညံ့တာတွေ့ကြုံရတတ်ပါတယ်၊ ဦးခေါင်းပိုင်း၊ အစာအိမ်ပိုင်း၊ဆီးလမ်းကြောင်းဆိုင်ရာများ ထိခိုက်တတ်ပါတယ်။

အသက် (၆) နှစ်မှ (၂၁) နှစ်တွင်းကံဇာတာ

ဇာတာရှင်သည် အသက် (၆) နှစ်မှ (၂၁) ဖြတ်တဲ့ကာလမှာ မူလမဟာဘုတ်ရဲ့ အိမ်ရှင်သခင်ဂြိုဟ်က အဓိပတိနယ်မြေဖြစ်လို့ ငွေကြေးနဲ့ပတ်သက်လို့ အတော်အသင့်သုံးစွဲနိုင်လာပါပြီ ပညာသင်စဉ်ကာလမှာ အရမ်းမခက်ခဲဘဲ စာသင်နိုင်ခြင်း၊မိဘများစီးပွားရေးပြေလည်ခြင်းကြေင့် ဒီကာလတွေဖြတ်သန်းရတာ အဆင်ပြေပြေနဲ့ ဖြတ်သန်းနိုင်ခဲ့ပါတယ်

မူလတနင်္ဂနွေဂြိုဟ်နဲ့ တနင်္လာဂြိုလ်တို့ဟာလည်း ဥဒါသိန်ဂြိုဟ်တွေဖြစ်လို့ အန ္တရယ်မရှိတဲ့အတွက် ကျန်းမားရေးပိုင်းတွေမှာလည်း အနှောက်အယှက်နည်းပါတယ်။ ဂြိုဟ်ကောင်းတွေမှာ အမိ၊အဖ၊အဖိုးအဖွားတွေကျန်းမားရေးညံ့တတ်ခြင်း thayဆုံးခြင်းတွေကြုံတတ်ပါတယ်။

အသက် (၂၁) နှစ်မှ (၂၉) နှစ်တွင်း ကံဇာတာ

ဇာတာရှင်သည် မူလမဟာဘုတ်ဇာတာတွင် အိမ်ရှင်သခင်ဂြိုဟ် (ရာဇ) မှာအင်္ဂါဂြိုဟ်ရပ်တည်နတာကြောင့် ဒီကာလတွေကတော့ အပြင်ရန် (၁x၃) ဦးညို နဲ့ ရာဇ ပေါင်းစပ်မှုနဲ့ဖြတ်သန်းရမှာပါ။

အပြင်ရန်သဘောကစီးပွားရေးပိုင်းတွေမှာ အရမ်းအဆင်မပြေသော်လည်း ရာဇအိမ်ရှင်ရဲ့ အထောက်အပံ့ကြောင့် ဒီကာလတွေမှာ အတိုက်အခိုက်တွေနဲ့အောင်မြင်နေတဲ့ကာလတွေဖြစ်ပါတယ်။

အပြင်ရန်သဘောကြောင့်ဒီကာလတွေမှာ အမှုအခင်းသဘောမျိုးတွေနဲ့ကြုံရတတ်ပြီး ခန္ဓာကိုယ်သွေးထွက်သံယိုထိခိုက်မှုများလည်းရှိတတ်ပါတယ်၊ ဒီသက်ရောက်မှာအိမ်ထောင်ကျခဲ့ရင် အပြင်ရန်ကာလဖြစ်လို့ အမိအဖသဘောတူတဲ့မိန်းကလေးမျိုးနဲ့မယူဖြစ်ပါ။

အသက် (၂၉) မှ အသက် (၄၆) နှစ်ထိကံဇာတာ

ဒီကာလတွေမှာတော့ဇာတာရှင်အတွက်အထူးကောင်မွန်တဲ့ကာလတွေပါ အိမ်ရှင်သခင်ဂြိုဟ်ဗုဒ္ဓ္ဓ္ဒ္ဓ္ဓ္ဓ္ဓဟူးက အထွန်းအိမ်မှာရပ်တည်နေပြီး မိမိမွေးနံ အတွင်းရန်လာကျနေပါတယ်။ အတွင်းရန်သဘောကြောင့် အမိအဖ၊ညီအကိုမောင်နှမတွေthayဆုံးခြင်းများဖြစ်တတ်သော်လည်း အထွန်းဂြိုလ်သဘောကတော့ အမွေးရခြင်း၊ငွေကြေးများအဆင်ပြေခြင်း၊လုပ်ငန်းများအောင်မြင်ခြင်းတို့နှင့်တိုက်ဆိုင်ကြုံတွေ့တတ်ပါသည်။

အတွင်းရန်သဘောကြောင့်မိမိကိုယ်တိုင်လည်း ခန္ဓာကိုယ်တွင်းရောဂါများဖြစ်တတ်သဖြင့် ဒီကာလတွေမှာ ကျန်းမားရေးဂရုစိုက်ရမည်ဖြစ်ပါသည်။

အသက် (၄၆) မှ အသက် (၅၆) နှစ်တွက်ကံဇာတာ

ဇာတာရှင်သည် ဤသက်ရောက်ဖြတ်သန်းချိန်မှာအထူးကောင်းမွန်သောအချိန်ကာလများဖြစ်ပါသည် မူလအိမ်ရှင်သခင်ဂြိုဟ်သည်(သိုက်)ဌာနတွင်ရပ်တည်နေပြီး မိမိမွေးနံနှင့် အနေ ္တာဓါတ်ဖြစ်နေပါသည် ငွေကြေးအဆင်ပြေခြင်း၊အိုးအိမ်ပိုင်ဆိုင်ခြင်း၊အမွေးရခြင်း၊ကျန်းမားရေးအနှောက်အယှက်များကင်းခြင်း ဘုန်းတန်ခိုးကြီးခြင်းတို့ တိုက်ဆိုင်ကြုံတွေ့တတ်ပါသည်၊

အတိတ်ကမိမိလှူဒါန်းထားသော ကောင်းမှူကုသိုလ်ကံများ အကျိုးပေးသောကာလဖြစ်ပါသည်။

အသက် (၅၆) မှ (၇၅) နှစ်ထိကံဇာတာ

ဤကာလတွေမှာ ဇာတာရှင်အတွက် အပြောင်းအရွှေ့တွေဖြစ်တတ်ပါသည် မူလမဟာဘုတ်ဇာတာမှာ ဘင်္ဂနယ်မြေဖြစ်လို့ နေရာပြောင်ရွှေ့ရခြင်း လုပ်ငန်းပြောင်းရွှေ့ရခြင်းများဖြစ်တတ်ပါတယ်၊ မူလတနင်္ဂနွေဂြိုဟ်နဲ့ မိတ်ဂြိုဟ် (၁x၅) အောင်ပ ဖြစ်လို့စီးပွားရေးလုပ်ငန်းတွေအောင်မြင်ခြင်း၊ထီပေါက်ခြင်း၊ငွေကြေးအမြောက်အများ ဝင်ခြင်း၊မိတ်ဆွေကောင်းများနှင့်စီးပွားရေးလုပ်ရခြင်းအစရှိတဲ့ကောင်းကျိုးနဲ့ကြုံတွေ့ရမှာဖြစ်ပါတယ်။

ယခုကျွန်ုပ်ရေးသားဖွင့်ဆိုသော သက္ခတ်ပညာပိုင်းမှာ အမျိုးလေးပါးဖြစ်သော မင်း၊ကုန်သည်၊လယ်သမား၊ လက်လုပ်လက်စားအရ အနည်းငယ်ကွဲလွဲမှုရှိနိုင်ပါသည်၊ဒေသ (၃) ပါးအရလည်း ကွဲလွဲမှုများရှိနိုင်ပါသည်။

(၆ )ကြွင်းတနင်္ဂနွေသိုက်ဖွား
အသက် (၁) နှစ်မှ (၆) နှစ် အတွင်းကံဇာတာ

ဇာတာရှင်သည် အသက် (၁) နှစ်မှ (၆) နှစ်ဖြတ်သန်းချိန်သည် မူလမဟာဘုတ် ဇာတာတွင်း(သိုက်) ဌာန၌ ရပ်တည်နေသောကြောင့် သူ၏ကလေးဘဝဖြတ်သန်းချိန်သည်ပြည့်စုံသောကာလဖြစ်ပါသည်။ငယ်စဉ်ကာလမှာ အမိအဖတို့သည်ကလေး၏ကံအရှိန်ကြောင့် ထီဆုကြီးများပေါက်ခြင်း၊အမွေရခြင်း၊ငွေဝင်ခြင်းများလည်း တိုက်ဆိုင်ကြုံတွေ့တတ်ပါသည်။ကျန်းမားရေးပိုင်းတွင်လည်း (၆) နှစ် တွင်းပုံမှန်ရှိပြီး၊မိခင်၊ဖခင်တို့၏စီးပွားရေးများသည်လည်းပုံမှန် လည်ပတ်လျှက်ရှိပါသည်။

အသက် (၆) နှစ်မှ (၂၁) နှစ်ကံဇာတာ

ဇာတာရှင်သည် အသက် (၆) နှစ်မှ (၂၁) နှစ်တွင်း မူလမဟာဘုတ်ဇာတာမှာ မာရဏဂြိုဟ်မှာ ရပ်တည်နေပါတယ်။ မရဏဂြိုဟ်သဘောကတော့ချူခြာခြင်း ကျန်းမားရေးညံ့ခြင်း ဆေးရုံဆေးခန်းသွားရခြင်းများ ကြုံတွေ့ရတတ်ပါသည် ။

မူလဇာတာအရ နှလုံးအားနည်းခြင်း၊ခါးနာတတ်ခြင်း၊အာရုံကြောအားနည်းခြင်း တို့ဖြစ်တတ်ပြီး ဒီကာလတွေမှာ ငွေကြေးတွေခက်ခဲနေခြင်း၊ဆုံးရှုံးခြင်း၊ငွေရှာဖွေရမလွယ်ကူခြင်းတို့ ကြုံတွေ့နိုင်ပြီး (၂၁) မတိုင်ခင် အိမ်ထောင်ကျခဲ့ပါအိမ်ထောင်ရေးမတည်ငြိမ်ခြင်း ကွဲလိုက်ပေါင်းလိုက်ဖြစ်ခြင်း များကြုံတွေ့နိုင်ပါသည် ။

ဒီကာလတွေကမိမိရဲ့စိတ်ပိုင်းဆိုင်ရာများကိုတည်တည်ငြိမ်ငြိမ်ထားနိုင်မှသာကျော်လွှာနိုင်မည်ဖြစ်ပါသည်။

အသက် (၂၁) နှစ်မှ (၂၉) နှစ် ထိကံဇာတာ

ဇာတာရှင်သည် အသက် (၂၁) နှစ်မှ (၂၉) နှစ်ထိ ကံဇာတာမှာ အပြင်ရန် (၁x၃) ဦးညို ဖြစ်ပြီး မူလမဟာဘုတ်ဇာတာအရ အဓိပတိဂြိုဟ်မှာရပ်တည်နေပါတယ်။

အဓိပတိဂြိုဟ်ရဲ့သဘောမှာလည်း အထွန်း၊သိုက်၊ရာဇ အိမ်ရှင်တွေလောက်အားအပြည့်မရနိုင်တဲ့အတွက် အပြင်ရန်နဲ့ပေါင်းစပ်မှုမှာ အမှုအခင်းတွေလည်းဖြစ်တတ်ပြီး စီးပွားရေးလုပ်ငန်းတွေမှာလည်း မိမိကြိုးစားသလောက်အောင်မြင်မှုမရတဲ့နယ်မြေဖြစ်ပါတယ်။ စိတ်အဓိပတိနယ်မြေဖြစ်လို့မိမိစိတ်ထင်ရာလုပ်ခဲ့ရင်တော့ဒီနယ်မြေရဲ့ ဆိုးကျိုးကိုအပြည့်အဝခံစာရမှာဖြစ်ပါတယ်။

အသက် (၂၉) နှစ်မှ (၄၆) နှစ်ထိကံဇာတာ

ဒီကာလတွေကတော့ အကောင်းအဆိုးရောထွေးနေတဲ့ကာလတွေပါ မူလမဟာဘုတ်ဇာတာမှာ ဗုဒ္ဓ္ဓ္ဒ္ဓ္ဓ္ဓ္ဓဟူးဂြိုဟ်ကရာဇအိမ်မှာရပ်တည်နေပြီး မူလမွေးနံနဲ့ အင်း၀ (၁x၄) အတွင်းရန်အဖြစ်ရပ်တည်နေပါတယ်။ အတွင်းရန်သဘောကတော့ အိမ်ထောင်ရေးပြိုကွဲခြင်း၊အမိအဖ၊ညီအကိုမောင်နှမများthayဆုံးခြင်း၊မိမိကိုယ်တိုင် ခွဲစိတ်ကုသရခြင်းများကြုံတွေ့နိုင်ပါသည်။ရာဇအိမ်ရှင်သခင်ဂြိုဟ်သဘောကတော့ မင်းစိုးရာဇာများနှင့် ပူးပေါင်းလုပ်ကိုင်ရခြင်း၊စီးပွားရေးလုပ်ငန်းများအောင်မြင်ခြင်း၊ဘုန်းတန်ခိုးကျော်ဇောခြင်းများ တိုက်ဆိုင်ကြုံတွေ့နိုင်ပါသည်။

ဒီကာလတွေမှာတော့မိသားစုနှင့် ကွဲကွာခြင်းခွဲခွာခြင်းများကြုံတွေ့နိုင်ပြီး စီးပွားရေးလုပ်ငန်းများ အောင်မြင်တဲ့ကာလလို့ဆိုနိုင်ပါတယ်။

အသက် (၄၆) နှစ် မှ (၅၆) နှစ် ကံဇာတာ

အသက် ၄၆ နှစ်မှ ၅၆ နှစ် ကံဇာတာမှာတော့ ပုံမှန်ဖြတ်သန်းရမည်နယ်မြေဖြစ်လို့ ဒီနယ်မြေမှာ မိမိကိုယ်တိုင်သော်လည်ကောင်း မိသားစုအတွင်းရေးသော်လည်ကောင်း အိမ်ထောင်ရေးပြဿနာအရှုပ်များ ပေါ်ပေါက်တတ်ပါတယ်

မူလမွေးနံနဲ့ (၁xဝ) ဖြစ်နေတဲ့အတွက် ဘုန်းတန်ခိုးတက်ခြင်း စီးပွားလုပ်ငန်းများအောင်မြင်ခြင်း ရာထူးတတ်ခြင်းနှင့်အောင်မြင်ကျော်ကြားမှုများကိုတိုက်ဆိုင်ကြုံတွေ့နိုင်ပါသည်။ ဤကာလတွေကတော့ အကောင်းအဆိုးညီမျှတဲ့အတွက် ဇာတာရှင်အတွက်ကောင်းတဲ့နယ်မြေဖြစ်ပါတယ်။

အသက် (၅၆) နှစ် မှ (၇၅) နှစ် တွင်းကံဇာတာ

ဒီကာလကတော့ ဇာတာရှင်အတွက်အကောင်းဆုံးရွှေကာလတွေဖြစ်ပါတယ် ။
မူလမဟာဘုတ်ဇာတာမှာ ကြာသပတေးဂြိုဟ်က အထွန်းဂြိုဟ်ဖြစ်ပြီး မူလမွေးနံနဲ့ (၁x၅) မိတ်ဂြိုဟ်ဖြစ်နေတဲ့အတွက် ဒီကာလတွေကတော့မိမိလုပ်တိုင်းဖြစ်နေတဲ့ကာလတွေပါဘဲ။

စီးပွားရေးလုပ်ငန်းတွေလုပ်သလောက်အောင်မြင်ခြင်း၊အမွေရခြင်း အစရှိတဲကောင်းတွေကိအပြစ်ကင်းစွာနဲ့ ရနိုင်တဲ့နယ်မြေတွေပါ အိမ်၊ကား၊အလုပ်အစရှိတဲ့ပိုင်ဆိုင်မှုတွေနဲ့ ဖြတ်သန်းရမည့်ကာလတွေဖြစ်ပါတယ်။

ယခုကျွန်ုပ်ရေးသားဖွင့်ဆိုသော သက္ခတ်ပညာပိုင်းမှာ အမျိုးလေးပါးဖြစ်သော မင်း၊ကုန်သည်၊လယ်သမား၊ လက်လုပ်လက်စားအရ အနည်းငယ်ကွဲလွဲမှုရှိနိုင်ပါသည်၊ဒေသ (၃) ပါးအရလည်း ကွဲလွဲမှုများရှိနိုင်ပါသည်။

(ဝ)ကြွင်း တနင်္ဂနွေ (ပုတိဖွား)
အသက် (၁) နှစ် မှ (၆) နှစ် တွင်းကံဇာတာ

မူလဇာတာမှာတနင်္ဂနွေကပုတိအိမ်မှာကိန်းအောင်နေတာကြောင့် ဇာတာရှင်သည် အသက် (၁)နှစ်မှ (၆)နှစ်တွင်း အမိအဖတို့ အိမ်ထောင်ရေးအဆင်မပြေမှုများအောက်မှာကြီးပြင်းလာရသောကြောင့် အဆင်ပြေမှုအရမ်းမရှိနိုင်ပါဘူး၊ အမိအဖမှာလည်း ငွေကြေး၊လုပ်ငန်းများအရမ်းအဆင်မပြေတာကြောင့် အဖိုးအဖွားတို့၏ထောက်ပံ့မှုအောက်မှာကြီးပြင်းလာခဲ့ရပါတယ်။

အလုပ်နေရာပြောင်းရွှေ့မှုများ၊အိမ်ပြောင်းရွှေ့မှုများသည်လည်းမိမိအသက်(၆)နှစ်အတွင်း အမိအဖတို့ကြုံရသဖြင့် မိမိကိုယ်တိုင်လည်း အိမ်နေရာလိုက်လံရွှေ့ပြောင်းခြင်းတို့ကြုံရတတ်ပြီး အခက်ခဲများလည်းကြုံရနိုင်တဲ့ကာလတွေဖြစ်ပြီး အိုးအိမ်မပြည့်စုံခြင်းအတူပူးတွဲနေရခြင်း အမိအဖတို့ကြုံရတဲ့ကာလတွေဖြစ်ပါတယ်။

အသက် (၆) နှစ်မှ (၂၁) နှစ်ကံဇာတာ

ဒီကာလတွေကတော့ဇာတာရှင်အတွက်ရွှေကာလတွေပါ။ အိုးအိမ်ကောင်းစွာနေထိုင်ရခြင်း ငွေကြေးပြည့်စုံစွာပိုင်ဆိုင်နိုင်ခြင်း အမိအဖတွေပြည့်စုံတဲ့ကာလဖြစ်လို့ မိမိလည်ပြည့်စုံတဲ့ကာလတွေပါ။တနင်္လာဂြိုဟ်က မိမိဇာတာမှာ(သိုက်)ဂြိုဟ်မှာရပ်တည်နေလို့ ဒီကာလတွေကတော့ရွှေကာလလို့တောင်ခေါ်ဆိုနိုင်ပါတယ်။
အမိအဖတွေမှာပြည့်စုံတဲ့ကာလဖြစ်လို့ မိမိကိုယ်တိုင်လည်းစိတ်ချမ်းသာစွာနေနိုင်တဲ့ကာလဖြစ်ပါတယ်။ ဒီကာလတွေမှာတော့ထီပေါက်ခြင်းငွေဝင်ခြင်းများလည်းကြုံတွေ့ရတတ်ပါတယ်။

အသက် (၂၁)နှစ် မှ (၂၉)နှစ် ကံဇာတာ

မူလအိမ်ရှင်သခင်ဂြိုဟ်မှာ အင်္ဂါဂြိုဟ်ကမာရဏမှာရပ်တည်နေပြီး (၁x၃) ဦးညို အပြင်ရန်ဖြစ်နေတာကြောင့်ဖြတ်တဲ့နေရာမှာ ကျန်းမားရေးပိုင်တွေ မတော်တဆထိခိုက်မှုတွေ အမှုအခင်းတွေဖြစ်တတ်ပါတယ်။

စီးပွားရေးပိုင်းတွေမှာလည်းအတိုက်အခိုက်တွေနဲ့ကျော်ဖြတ်ရတတ်ပါတယ် အပြင်ရန်သဘောကြောင့် ခန္ဓာကိုယ်ခွဲစိတ်ဖြတ်တောက်ထိခိုက်မှုတွေလည်းကြုံရတတ်ပါတယ် စီးပွားရေးမှာမိမိလုပ်တိုင်းမဖြစ်တာကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြုံတတ်ပါတယ်။ ဆီး၊မျက်စိ၊ကျောက်ကပ် အစရှိတဲ့ရောဂါတွေလည်းရတတ်ပါတယ်၊ ဘာသာရေးနဲ့ယှဉ်ပြီးနေထိုင်သွားမယ်ဆိုရင်တော့အခက်ခဲတွေကျော်လွှာနိုင်မှာပါ။

အသက် (၄၆) နှစ်မှ (၅၆) နှစ်တွင်းကံဇာတာ

ဒီသက်ရောက်ကိုဖြတ်သန်းတဲ့အခါမူလအိမ်ရှင်သခင်ဂြိုဟ်က ဘင်္ဂမှာရှိလို့နေရာပြောင်းရွှေခြင်း အိမ်အလုပ်နေရာပြောင်းရွှေ့ရခြင်း အစိုးရဝန်ထမ်းများဖြစ်က အဝေးတစ်နေရာသို့ပြောင်းရွှေ့ရခြင်းများကြုံတွေ့ တတ်ပါတယ်။

မူလတနင်္ဂနွေဂြိုဟ်နဲ့ (၁xဝ) အန္တောဓါတ်မိနေလို့ ဘုန်းတန်ခိုးကျော်ဇောမှုတော့ရရှိနိုင်ပါတယ်၊ ကျန်းမားရေးပိုင်းမှာတော့စိုးရိမ်စရာမရှိပါဘူး၊ စီးပွားရေးလုပ်ငန်းတွေဥပဒေနဲ့မကင်းတာတွေပြုလုပ်မိရင်တော့ ဒီကာလတွေမှာ ကျဆုံးမှာပါ။ ဒီကာလတွေကတော့ ငွေကြေးပိုင်းမှာရလိုက်ပြန်ကုန်လိုက်ဖြစ်တတ်ပါတယ်။

အသက် (၅၆) နှစ်မှ (၇၅) နှစ်တွင်းကံဇာတာ

ဒီအသက်ပိုင်းအခြားမှာတော့ မူလအိမ်ရှင်သခင်ဂြိုဟ်မှာ ကြာသပတေးဂြိုဟ်ကရာဇအိမ်မှာရပ်တည်နေတာကြောင့် (၁x၅) အောင်ပ မိတ်ဂြိုဟ် က ရာဇနဲ့ဖြတ်မှာဖြစ်ပါတယ်

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။