“Valentine’s Day Special”

Astrology
“Valentine’s Day Special”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “Valentine’s Day Special” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“Valentine’s Day Special”

Valentines Day Quotes 2022, Wishes, Messages & Status: 25 classic quotes  that explain the true meaning of LOVE | - Times of India

ပြောရရင် ဒီရက်ပိုင်းလေးတွေကိုက Love is in the air ဖြစ်နေတယ်လို့ပြောရမယ် ။ အချစ်ရေးနဲ့ပတ်သက်ပြီး လူတိုင်းသင့်မြတ်နေဖို့ ၊ ချစ်ရသူမှမဟုတ် ကိုယ့်ကိုကိုယ်ချစ်တတ် အချိန်ပေးတတ်နေဖို့ Favor လေးတွေ မြင်မိတယ် ။ Single ဆိုလည်း အပူမရှာချင်ရင်ကိစ္စမရှိပေမယ့် အနွေးဓာတ်လေးလိုချင်သပါ့ဆိုရင် ဒီရက်ပိုင်းလေးတွေမှာ ကိုယ်မေတ္တာရှိကြောင်း ဖွင့်ပြောဖို့အားပေးတယ် ။

“Love”

Pisces
Libra
Taurus
Leo
ကဲ.. လတ်တလော အချစ်ရေးကံအကောင်းဆုံးဆိုရင် သေချာပေါက်သူတို့လေးတွေပါပဲ ။ စန်းပွင့်မယ် ၊ ကြင်နာယုယမှု Surprise အစီအစဥ်လေးတွေကြား မနာလိုစရာကောင်းလောက်အောင် အချစ်တွေလေထဲ ဝဲနေပါလိမ့်မယ် ။

“Lust”

Scorpio
Aries
Sagittarius
Gemini
ဒီအဖွဲ့လည်းအချစ်တွေတိုးမယ် စိတ်လည်းဆိုးမယ် ။ ကြင်နာမှုရေချိန်ကျော်ပြီး Explosive Energy လေးတွေ ပိုမြင်မိတယ် ။ ရန်ဖြစ်ပြန်ချစ်တာရဲ့အလွန်မှာ အသည်းငယ်သူတွေကျောပေးထားသင့်တဲ့ ရာသီခွင်လေးခုဖြစ်ပါတယ် ။

“Commitment”

Capricorn
Aquarius
Cancer
Virgo
ဒီရက်ပိုင်းထဲကိုပဲ နားလည်မှုတစ်ဆင့်တိုးဖို့ အားကောင်းနေပါတယ် ။ Valentine မှာ အိန္ဒြေရရလေးရှိနေမယ့်အုပ်စုပါ ။ အထူးတဆန်းလုပ်နေတဲ့သူတွေကို မေးခွန်းထုတ်ချင်ထုတ်နေမယ် ။ သူတို့အတွက် နေ့တိုင်းက Special ဖြစ်တယ်လို့ ပြောချင်ပြောမယ် ။ အတိုင်အဖောက်ညီညီနဲ့ နှစ်ယောက်ထဲအေးအေးသာသာလေး အလုပ်လေးတစ်ဖက် ၊ ဝိုင်လေးတစ်ခွက်နဲ့ပေါ့ ။

ရေးသားသူ – Ellie

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။