သင့်ဆီကိုရောက်လာမဲ့ Soulmateအကြောင်း( tarot reading)

Astrology

သင့်ဆီကိုရောက်လာမဲ့ Soulmateအကြောင်း( tarot reading)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သင့်ဆီကိုရောက်လာမဲ့ Soulmateအကြောင်း( tarot reading) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သင့်ဆီကိုရောက်လာမဲ့ Soulmateအကြောင်း( tarot reading)
𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐫𝐞𝐚𝐝𝐢𝐧𝐠

𝟏 𝐜𝐚𝐫𝐝ပဲရွေးချယ်ပေးပါ။

Card 1

Card 2

Card 3

 

 

 

 

Card !

သင့်ထံကိုရောက်ရှိလာမဲ့ Soulmateက စည်းစနစ်ရှိတဲ့ typeထဲက ဖြစ်ပါလိမ့်မယ်။သူက သပ်သပ်ရပ်ရပ်ဝတ်စားတက်ပြီး အသန့်ကြိုက်တဲ့သူထဲမှာပါဝင်ပါတယ်။သူ့စိတ်က ချေးများတက်ပါတယ်။အနည်းငယ်တော့ဇီဇာကြောင်ပေမဲ့ သူနဲ့အသေချာပေါင်းတဲ့သူတွေဆိုရင် သူစိတ်ရင်းကောင်းတဲ့အကြောင်းကိုနားလည်ပါတယ်။အပြင်လူအနေနဲ့ကြည့်ရင်တော့ နားလည်ရခက်တဲ့ထဲမှာပါဝင်ပါလိမ့်မယ်။များတော့အားဖြင့် သင့်ရဲ့ Soulmateက စာဖတ်ရတာကိုဝါသနာပါဝင်တဲ့သူဖြစ်ပါလိမ့်မယ်။

အနည်းငယ်တော့အထက်စီးဆန်ပေမဲ့ တစ်ခုခုဆိုရင်ဝမ်းနည်းလွယ်တဲ့ပုံစံမျိုးပါ။ သင်နဲ့သူနဲ့ဘယ်မျိုးဆုံစည်းနိုင်မလဲဆိုရင် သင့်ရဲ့ Soulmateက သင့်ရဲ့ crush အဖြစ် ဘဝထဲကိုရောက်ရှိလာနိုင်ပါလိမ့်မယ်။သူကသင်နဲ့အသက်အရွယ်တူညီပါတယ်။တိရစ္ဆာန်လေးတွေကိုသဘောကျပေမဲ့ အသန့်ကြိုက်တာကြောင့် ကိုယ်တိုင်မွေးမြူလေ့မရှိပါဘူး။မိဘကအားကိုးရတဲ့သားသမီးထဲမှာပါဝင်တာကြောင့် တစ်အိမ်လုံးရဲ့အချစ်ခံလေးဖြစ်နေတက်ပါတယ်။

Card 2

သင့်ရဲ့ Soulmate ကတော့ မိသားစုထဲမှာ အငယ်ဆုံးသားသမီး ဖြစ်ပါလိမ့်မယ်။သင့်ထက်တော့အသက်အရွယ်ကြီးပါတယ်။သူက အနေအေးတယ်။အရပ်ရှည်တယ်။အသားခပ်ညိုညိုနဲ့ ချေတက်သယောင်တော့ရှိပါတယ်။သူ့ရဲ့ထူးခြားတဲ့အချက်ကတော့ ခပ်ချေချေနေတက်ပါပဲ။တခြားမသိတဲ့သူတွေနဲ့သိပ်အရောဝင်လေ့မရှိဘဲ ကိုယ့်ခင်မင်တဲ့ ပတ်ဝန်းကျင်အနည်းစုလေးနဲ့သာကျင်လည်နေတက်ပါတယ်။

လုပ်ငန်းခွင်မှာတော့ စကားအပြောကောင်းပါတယ်။သူ့ဟာနဲ့သူ ဟိတ်ဟန်ရှိပါတယ်။မာနလဲကြီးတက်သလို အနည်းငယ်တော့တစ်ယူသန်ဖြစ်ပါတယ်။သူ့ဆီမှာ အမြဲလိုရန်ဖက်အတိုက်အခိုက်တွေရှိနေတက်တာမို့ သတိနဲ့အသိတရားကပ်တဲ့သူထဲမှာပါဝင်ပါတယ်။ သူ့ရဲ့စိတ်က အရမ်းကြီးသဘောကောင်းတာမဟုတ်ပေမဲ့ သူချစ်တဲ့ခင်တဲ့သဘောကျတဲ့သူအတွက်ဆိုရင်တော့ ဘာပဲလုပ်ရလုပ်ရပေးဆပ်တက်တဲ့သူထဲမှာပါဝင်ပါတယ်။

သူက သစ္စာဖောက်ခံရမှာအရမ်းကြောက်ပါတယ်။မိသားစုမှာဖခင်နဲ့ပတ်သတ်တဲ့ ရင်နာစရာ Trauma တချို့ရှိပါတယ်။သူကသင့်ထံကို မတော်တဆရင်းနှီးရာကနေ ချစ်ကျွမ်းဝင်ပြီးလက်တွဲဖော်အဖြစ်ရောက်ရှိလာမှာဖြစ်ပါတယ်။

Card 3

သင့်ထံကိုရောက်ရှိလာမဲ့ Soulmate ကတော့အမျိုးသားဆိုရင် တောင့်တောင့်ဖြောင့်ဖြောင့် six pack or အမျိုးသမီးဆိုရင် bodyလှလှ typeထဲကရောက်ရှိလာတက်ပါတယ်။အသားအရောင်ကတော့ အရမ်းမဖြူအရမ်းမမဲဘဲဝင်းဝါတဲ့အသားအရောင်ပိုင်ဆိုင်ထားတဲ့သူမျိုးပါ။သူက သဘောကောင်းတဲ့ထဲမှာပါဝင်ပါတယ်။သူ့စိတ်က ဖြူစင်တဲ့ သူမျိုးဖြစ်တယ်။အပေါင်းသင်းအရမ်းမက်မောတယ်။

အပေါင်းအသင်းသွေးထိုးရင်တော့ သူက အနည်းငယ်ဖောက်တက်တယ်။အရက်သောက်တဲ့အခါ သွေးဆိုးတဲ့ dark sideလေးတွေရှိပါတယ်။ကြီးတဲ့သူအပေါ်ကို အရမ်းရိုသေလေးစားပြီး respect ရှိတဲ့သူမျိုးဖြစ်ပါတယ်။စိတ်ရင်းကတော့တော်တော်ကောင်းပေမဲ့ ဒေါသကတော့ကြီးပါတယ်။သူ့ပုံစံကတော့ အနည်းငယ်ကြမ်းတမ်းပေမဲ့စိတ်ရင်းကောင်းမွန်ပါတယ်။

အရမ်းကြင်နာတက်တယ်။သို့ပေမဲ့ သူ့ကိုသစ္စာဖောက်ရင်တော့လုံးဝခွင့်မလွှတ်ဘဲ ဂွင်ထဲရောက်ရင်ရောက်သလို လက်စားချေတက်တဲ့သူမျိုးပါ။ သင်နဲ့ Soulmateနဲ့ဆုံစည်းမှု ကတော့ relationship တစ်ခုကိုတည်ဆောက်နိုင်တဲ့အခြေအနေအထိရောက်ရှိနိုင်ပြီးတော့ ရေရှည်တည်မြဲမဲ့အခြေအနေတွေရှိပါတယ်။

ရေးသားသူ – 𝐅𝐨𝐫𝐭𝐮𝐧𝐞 𝐓𝐞𝐥𝐥𝐞𝐫 𝐖𝐢𝐭𝐡 𝐓𝐚𝐫𝐨𝐭 𝐁𝐲 𝐇𝐬𝐮

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။