မော်ဒယ်အေဂျင်စီနဲ့ စာချုပ်ချုပ်ဆိုပြီး မော်ဒယ်လမ်းကြောင်းပေါ် လျှောက်လှမ်းရတော့မယ့် မသန်စွမ်းကလေးမလေး

International News Local News
မော်ဒယ်အေဂျင်စီနဲ့ စာချုပ်ချုပ်ဆိုပြီး မော်ဒယ်လမ်းကြောင်းပေါ် လျှောက်လှမ်းရတော့မယ့် မသန်စွမ်းကလေးမလေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မော်ဒယ်အေဂျင်စီနဲ့ စာချုပ်ချုပ်ဆိုပြီး မော်ဒယ်လမ်းကြောင်းပေါ် လျှောက်လှမ်းရတော့မယ့် မသန်စွမ်းကလေးမလေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မော်ဒယ်အေဂျင်စီနဲ့ စာချုပ်ချုပ်ဆိုပြီး မော်ဒယ်လမ်းကြောင်းပေါ် လျှောက်လှမ်းရတော့မယ့် မသန်စွမ်းကလေးမလေး

အသက် ၇ နှစ်အရွယ် ဂရေ့ အယ်ကာမန်းဆိုတဲ့ ကလေးမလေးဟာ သူ့ရဲ့ညာခြေက သူ့ဘယ်ခြေထက် ၄ လက်မလောက် ပိုတိုပြီး မွေးဖွားလာခဲ့တာပါ။ သူ့ခြေထောက်က အဲဒီလိုဖြစ်နေပေမဲ့ မော်ဒယ်အေဂျင်စီတစ်ခုနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီးတော့ မော်ဒယ်လမ်းကြောင်းပေါ် လျှောက်လှမ်းတော့မှာပါ။

ဂရေ့က မွေးရာပါပေါင်ရိုးချို့ယွင်းတဲ့ရောဂါရှိပြီး အရင်က ခြေတစ်ဖက်နဲ့တစ်ဖက်မညီတဲ့အတွက် ဖိနပ်ခုံအမြင့်တွေစီးခဲ့ရတာပါ။ အခုတော့ ကျွမ်းကျင်ပညာရှင်တွေ စိတ်ကြိုက်ဖန်တီးထားတဲ့ ခြေတုကို အသုံးပြုနေပါပြီ။ အဲဒီခြေအတုက ဂရေ့ကို မြန်မြန်လမ်းလျှောက်ရစေနိုင်ပါတယ်။ သူက ပရဟိတအတွက် ရန်ပုံငွေရှာပေးဖို့လည်းလုပ်ဆောင်နေပါတယ်။

သူ့ရဲ့ခြေအတုအသစ်က သူ့ကို ပိုပြီးယုံကြည်ချက်ရှိစေတယ်လို့ သူ့မိခင်ဖြစ်သူ ဟေးလေ
ခရီမန်းက ပြောပါတယ်။ ဂရေ့က မသန်စွမ်းတဲ့သူတွေ (သို့) အခြားသူနဲ့ကွဲပြားနေတဲ့သူတွေကို မော်ဒယ်တွေအဖြစ် မွေးထုတ်ပေးနေတဲ့ Zebedee မော်ဒယ်အေဂျင်စီနဲ့ စာချုပ်ချုပ်ဆိုလိုက်တာပါ။ မိခင်ဖြစ်သူ ဟေးလေက “မော်ဒယ်အလုပ်က ဂရေ့အတွက် စိတ်လှုပ်ရှားစရာအခွင့်အလမ်းတချို့ကို ပေးလိမ့်မယ်”လို့ ဆိုပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။