အီးပေါက်ပြီး ဖန်ဘူးထဲ ထည့်ရောင်းတာ တစ်ပတ်အတွင်း သြစီဒေါ်လာ 7 သောင်းအထိရတဲ့ ဆယ်လီ

Local News

အီးပေါက်ပြီး ဖန်ဘူးထဲ ထည့်ရောင်းတာ တစ်ပတ်အတွင်း သြစီဒေါ်လာ 7 သောင်းအထိရတဲ့ ဆယ်လီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အီးပေါက်ပြီး ဖန်ဘူးထဲ ထည့်ရောင်းတာ တစ်ပတ်အတွင်း သြစီဒေါ်လာ 7 သောင်းအထိရတဲ့ ဆယ်လီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အီးပေါက်ပြီး ဖန်ဘူးထဲ ထည့်ရောင်းတာ တစ်ပတ်အတွင်း သြစီဒေါ်လာ ၇ သောင်းအထိရတဲ့ ဆယ်လီ

90 Day Fiancé: Stephanie Matto Opens Up About a Dark Secret From Her Past |  Champion Daily

အမေရိကန်ပြည်ထောင်စု The Learning Channel(TLC) အခပေး ရုပ်သံချယ်နယ်က ထုတ်လွှင့်ခဲ့တဲ့ 90 Day Fiancé ဖြစ်ရပ်မှန်ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်ဆယ်လီ စတက်ဖနီမက်တိုဟာ သူပေါက်တဲ့ အီးငွေ့ကို ဖန်ဘူးထဲထည့်ပြီး ရောင်းခဲ့ရာမှာ ရက်သတ္တတစ်ပတ်အတွင်း သြစတြေးလျဒေါ်လာ ၇သောင်းအထိရခဲ့တယ်လို့ သူ့ရဲ့ တွစ်တာအကောင့်မှာ တင်ထားတာကြောင့် လူသိများနေပါတယ်။

သူ့ရဲ့ အီးထည့်ထားတဲ့ ဖန်ဘူးတစ်ဘူးကို စတာလင်ပေါင် ၇၅၀ နဲ့ ရောင်းချတာဖြစ်ပြီး၊ ဖန်ဘူးတစ်ခုချင်းစီမှာထည့်ထားတဲ့ အီးကိုပေါက်နိုင်ဖို့အတွက် ဘယ်လို အစားအသောက်တွေ စားခဲ့ရတယ်ဆိုတာကိုလဲ သူကပြောထားပါသေးတယ်။

TV star Stephanie Matto stops selling farts after health scare

ဖန်ဘူးတစ်ခုနဲ့တစ်ခု အတွင်းမှာပါတဲ့ အီးငွေ့ချင်းဟာလဲ မတူပါဘူးလို့ဆိုပါတယ်။ အီးဖန်ဘူးထဲမှာ သူက ပန်းပွင့်လေးတစ်ပွင့်စီလဲ ထည့်ထားပေးပါသေးတယ်။

ဒါပေမယ့် နောက်ထပ် ၁၀ ရက်လောက်အထိပဲ အီးကိုရောင်းတော့မှာဖြစ်ပြီး အရောင်းပိတ်တော့မယ်လို့လဲ သူက တွစ်တာမှာ ဆိုထားပါတယ်။ သူ့ရဲ့ အီးဖန်ဘူးတွေကို အနယ်နယ်အရပ်ရပ်မှာရှိတဲ့ သူ့ရဲ့ ပရိသတ်တွေက ဝယ်ယူအားပေးကြတယ်လို့ဆိုပါတယ်။ တစ်ယောက်ချင်းစီအနေနဲ့ မဝယ်နိုင်တာတောင် စုပြီးဝယ်ကြတယ်လို့လဲ သူကပြောပါတယ်။

90 Day Fiancé' star Stephanie Matto selling farts again after health scare

အသက် ၃၀ ရှိပြီဖြစ်တဲ့ စတက်ဖနီမက်တိုဟာ ယောင်္ကျားလေးနဲ့ရော မိန်းကလေးနဲ့ပါ ချစ်သူထားတဲ့ မိန်းကလေးတစ်ယောက်အဖြစ် 90 Day Fiancé ဖြစ်ရပ်မှန်ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တာပါ။

၂၀၁၄ ခုနှစ်က စတင်ပြသခဲ့ပြီး Season ၈ ခု၊ Episode ၇၉ ခုရှိတဲ့ 90 Day Fiancé ပြနေတုန်းမှာရော ပြသပြီးသွားတဲ့နောက်မှာပါ စတက်ဖနီဟာ သူ့ရဲ့ စွဲမက်ဖွယ် ဓာတ်ပုံတွေကို လူမှုကွန်ရက်မှာတင်ခဲ့တာကြောင့် ဖေါ်လိုဝါတွေ အများကြီးရလာခဲ့ပါတယ်။

ရေးသားသူ – Shwe Ka Thit News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။