ချစ်သူများနေ့တရားတော်

Celebrity Religion

ချစ်သူများနေ့တရားတော်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ချစ်သူများနေ့တရားတော် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ချစ်သူများနေ့တရားတော်

မသိလို့ မိုက်လို့ ရည်းစားထားဖို့ ကြိုးပမ်းတာက အဝိဇ္ဇာပစ္စယာ သင်္ခါရဖြစ်တယ်လို့ခေါ်တယ်။
ရည်းစားဖြစ်သွားကြတာက သင်္ခါရပစ္စယာ ဝိညာဏဖြစ်တယ်လို့ခေါ်တယ်။
ချစ်သူကို ထိခွင့် ကိုင်ခွင့် ရသွားတာက ဝိညာဏပစ္စယာ နာမရူပံဖြစ်တယ်လို့ခေါ်တယ်။
ထိခွင့် ကိုင်ခွင့်ပါမစ်ရတော့ လက်လေး ပါးလေးကို မထိတထိနဲ့ ထိလာ ကိုင်လာတာက နာမရူပပစ္စယာ သဠာယတနဖြစ်တယ်လို့ခေါ်တယ်။

ရဲတင်းလာပြီး လက် ပါးတင်မက အခြားပါ မိမိရရ ကိုင်မိလိုက်တာက သဠာယတနပစ္စယာ ဖဿ ဖြစ်တယ်လို့ ခေါ်တယ်။
ကိုင်မိပြီးတော့ စိတ်ထဲမှာ ဗလောင်ဆူသွားတာက ဖဿပစ္စယာ ဝေဒနာဖြစ်တယ်လို့ခေါ်တယ်။

ဖြစ်လာတဲ့ ဝေဒနာကို အရှိန်မရပ်တန့်နိုင်လို့ ဆိတ်ကွယ်ရာရောက်သွားတာက ဝေဒနာပစ္စယာ တဏှာ ဖြစ်တယ်လို့ခေါ်တယ်။
ဆိတ်ငြိမ်ရာရောက်တဲ့အခါ ဘာညာသာရကာဆက်ဖြစ်တာက တဏှာပစ္စယာ ဥပါဒါန်ဖြစ်တယ်လို့ခေါ်တယ်။
အတော်ကြာတဲ့အခါ ဗိုက်ကလေးတွေပူလာတာက ဥပါဒါနပစ္စယာ ဘဝဖြစ်တယ်လို့ခေါ်တယ်။

တာဝန်မယူနိုင်ဘူးလို့ ငြင်းခံရတာက ဘဝပစ္စယာ ဇာတိဖြစ်တယ်လို့ခေါ်တယ်။
ဇာတိဖြစ်ပြီဆိုတော့ ငိုကြပေတော့။ ဒုက္ခခံကြပေတော့။
ငိုရုံ ဒုက္ခခံရုံမှတစ်ပါး အခြားမရှိပြီ။
ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
အချစ်ဆိုတာ ဒုက္ခပေးတဲ့အရာသက်သက်သာ ဖြစ်ပေတော့တယ်။

ရေးသားသူ – Ashin Khema Nanda

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။