ပြောင်မြောက်တဲ့ အနုပညာ တွေနဲ့ ပရိတ်သတ်တွေကို ပျော်စေခဲ့တဲ့ အားလုံးက ချစ်ကြတဲ့ သရုပ်ဆောင် ကင်းကောင်

Celebrity
ပြောင်မြောက်တဲ့ အနုပညာ တွေနဲ့ ပရိတ်သတ်တွေကို ပျော်စေခဲ့တဲ့ အားလုံးက ချစ်ကြတဲ့ သရုပ်ဆောင် ကင်းကောင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပြောင်မြောက်တဲ့ အနုပညာ တွေနဲ့ ပရိတ်သတ်တွေကို ပျော်စေခဲ့တဲ့ အားလုံးက ချစ်ကြတဲ့ သရုပ်ဆောင် ကင်းကောင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပြောင်မြောက်တဲ့ အနုပညာ တွေနဲ့ ပရိတ်သတ်တွေကို ပျော်စေခဲ့တဲ့ အားလုံးက ချစ်ကြတဲ့ သရုပ်ဆောင် ကင်းကောင်

ကင်းကောင်ကို ၁၉၆၄ ခှနှစ် မေလ ၂၁ ရက်တွင်မွေးဖွားခဲ့ပါတယ်။ငယ်နာမည်မှာ မောင်မျိုးမြင့် ဖြစ်ပြီးမောင်နှမလေးယောက်ရှိတဲ့ အထဲ ကင်းကောင်က ဒုတိယမြောက်သားဖြစ်ပါတယ်။

အနုပညာ လုပ်ငန်းအစမှာအရှည်ကြီးဆိုတဲ့ အမည်နဲ့ ရုပ်ရှင်သရုပ်ဆောင် ရန်ကုန်တက္ကသိုလ် မြန်မာစာကျောင်းသားများ စုစည်း၍ ၁၉၈၅ ခုနှစ် လူရွှင်တော် ဇာဂနာ စီစဥ်တဲ့ မြပုဏ္ဏမာ အငြိမ့်မှာ အငြိမ့်ဝင်ကခဲ့ပြီး နှစ်နှစ်ခန့် ကျင်လည်ခဲ့ပါတယ်

ထို အငြိမ့်ကို မြန်မာ့အသံက ထုတ်လွင့်မည့်အခါမှ ဇာဂနာရဲ့ တိုက်တွန်းမှုဖြင့် စငိတင်နာမည် ကင်းကောင်ဟုပြောင်းကာ အနုပညာလောက သို့ စတင်ဝင်ရောက်လာပါတယ်။ဇနှီးသည် ဒေါ်အေးအေးမွန် နှင့် အိမ်ထောင်ကျခဲ့ပြီး ရဲမွန်အောင်လို့ ခေါ်တဲ့ သားတစ်ယောက် ထွန်းကားခဲ့ပါတယ်။

မိုးဒီ အရိုင်း ဗေလုဝ မောစ့် ရှဲဒိုး မေတ္တာ ကုသိုလ် ခင်လှိင် ငှက်ပျောကြော် ဖိုးဖြူ စတဲ့ ဟာသသရုပ်ဆောင် တွေနဲ့ အတူအငြိမ့်များပါဝင်ကပြဖျော်ဖြေခဲ့ပြီး သီးလေးသီး အငြိမ့် အဖွဲနှင့်လည်း အငြိမ့်ပြပွဲတွင် ပါဝင်ကပြခဲ့ပါတယ် မိုး jasmine phyu စတဲ့ အငြိမ့်များတွင် ပါဝင်ကပြခဲံ ပရိတ်သတ်တွေကို ဟာဒယရွင်ဆေးတိုက်ကျွေးခဲ့ပြီး နန်းမမြိုင်ကရွေကြာကြီး ရယ်မောစေသောဝ် ဂျီဖုန်း ညာချစ် ဒီလိုကြေးလား အပြင်းစားရိုက်ချက် စတဲ့ ဇာတ်ကားတွေမှာလည်းပါဝင်သရုပ်ဆောင်ခဲ့သေးတယ်။လူရွင်တော် သရုပ်ဆောင် ကင်းကောင်ဟာ ပရိတ်သတ်ကို ဟာဒယရွင်ဆေးတိုက်ကျွေးကာပပျော်ရွင်စေခဲ့သော်လည်းကျန်းမာရေးတော့ သိပ်မကောင်းလှပါဘူး။

၂၀၁၅ ခုနှစ် မေလ ၆ ရက်နေ့တွင် ပြင်ဦးလွင်တွင် ဗီဒီယို ရိုက်ကူးနေစဉ်ဆိုင်ကယ်မတော်တဆမှုဖြစ်ကာ ဦးနှောက်သွေးကြောခဲပြီး နန်းတော်ဆေးရုံ၌ ဆေးကုသမှုခံယူခဲ့ရပါတယ်။

၂၀၁၆ ခုနှစ် ဇွန်လ တွင် နှလုံးအဆီဖုံးရောဂါဖြင့် ဆေးရုံတက်ကုသရပါတယ်။ ၂၀၁၆ ခှနှစ် အောက်တိုဘာလတွင် အစားမျိုရာ၌ အခက်အခဲ ဖြစ်လာပြီး စစ်ဆေးရာ အစာရေပြွန်ပိတ်နေကြောင်း သိရပါသည် ရင်ခေါင်းကိုသွားရောက်ခွဲစိတ်ကုသခဲ့ပြီးနောက် ရာသက်ပြန် အရက်ဖြတ်မယ်လို့ ကြေညာခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက် နံနက် ၆ နာရီ ခန့်မှာ ပုပ္ပါး၌ သွားရောက်ရိုက်ကူးစဥ် မှာ တည်းခိုခန်းမှာပဲကွယ်လွန်ခဲ့ပါတယ် ကွယ်လွန်ချိန်မှာ အသက် ၅၅ နှစ် ရှိပြီ ဖြစ်ပါတယ်

ဦးကင်းကောင်ဟာ အနုပညာအလုပ်ကို၃၄ နှစ်ကြာလုပ်ကိုင်ခဲ့ပါတယ်။ ဦးကင်းကောင်ဟာ အသက်အရွယ် မကြီးရင့်ခင်မှာပဲ စောစီးစွာတိမ်းပါးသွားခဲ့တဲ့အတွက် အနုပညာရှင် အသိုင်းအဝိုင်းက အလွန်အမင်း ဝမ်းနည်းခဲ့ကြပါတယ်။ ပရိတ်သတ်များကလည်း ဝမ်းနည်းကြောင်းမှတ်ချက်တွေ ရေးသားခဲ့ကြပြီး အခုထိတိုင် လွမ်းဆွတ်နေကြမြဲ ဖြစ်ပါတယ်။

ရေးသားသူ – PYA ZAT

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။