နေ့စဉ် ငွေမပြတ်စေတဲ့ယတြာ

Astrology
နေ့စဉ် ငွေမပြတ်စေတဲ့ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နေ့စဉ် ငွေမပြတ်စေတဲ့ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နေ့စဉ် ငွေမပြတ်စေတဲ့ယတြာ

This Is How You Get Rich in America

ငွေဖလား ဒါမှမဟုတ် ကြေးဖလားတစ်လုံးထဲမှာငွေစက္ကူထဲက တန်ဖိုးအကြီးဆုံး ငွေစက္ကူတစ်ရွက်ကိုဖြန့်ခင်းထားလိုက်ပါ ။ (ကိုယ်တတ်နိုင်တဲ့ငွေစက္ကူ အတိုင်းအတာနဲ့တွက်ပြီး ထည့်နိုင်ပါတယ် ။ တတ်နိုင်တဲ့လူအတွက်ကတော့ တစ်သောင်းတန်ပေါ့ ။ ဒေါ်လာနဲ့အလုပ်လုပ်နေသူဆိုရင်တော့ဒေါ်လာထည့်ပေါ့ ။ ပိုက်ဆံမစုပ်ပြဲအောင် ပလပ်စတစ်ကဒ်လောင်းပြီးလည်း ပြုလုပ်နိုင်ပါတယ် ။ မိတ္တူတော့ လုံး၀ မရပါ ။ )

336 Burmese Kyat Photos and Premium High Res Pictures - Getty Images

ပြီးရင် အဲဒီငွေစက္ကူထည့်ထားတဲ့ ဖလားထဲကို
ရေဖြည်းဖြည်းချင်း လောင်းထည့်ပေးပါ ။ (ရေစက်ခွက်ထဲကို ရေစက်ချတဲ့အခါ လောင်းသလိုမျိုး လောင်းထည့်ပါ ။ ) ရေလောင်းနေတဲ့အချိုန်မှာ
ဂုဏ်တော် (၉)ပါးကို (၉)ခေါက်ပြည့်အောင်ရွတ်နေပါ ။
ပြီးတာနဲ့ ရေမြုပ်နေတဲ့ ငွေစက္ကူပေါ်ကိုခေါင်းလောင်းတစ်လုံး တင်ထားလိုက်ပါ ။မကြာခဏ အဲဒီခေါင်းလောင်းကိုယူပြီး လှုပ်တီးပေးနေပါ ။ ခေါင်းလောင်းတီးနေတဲ့အချိန်မှာလည်းဂုဏ်တော် (၉) ပါးကို (၉) ခေါက်ပြည့်အောင်ရွတ်ဆိုပေးပါ ။
အဲဒီဓါတ်ဆင်ထားတဲ့ ငွေစက္ကူထည့်ထားသော
ဖလားနဲ့ ခေါင်းလောင်းကို ဘုရားကျောင်းဆောင်
ဒါမှမဟုတ် မြင့်မြတ်သောနေရာမှာ တင်ထားပါ ။

အဲဒီငွေဓါတ်ဆင်တာကို လုပ်ရမယ့်အချိန်က

“တနင်္လာနဝင်းစီး”နေတဲ့ အချိန်မှာ လုပ်ရပါမယ် ။
တနင်္လာနဝင်းစီးတဲ့အချိန်တွေကတော့…..
တနင်္ဂနွေနေ့ ဆိုရင်နေ့လည် ၁ နာရီခွဲ မှ ၃ နာရီအတွင်း ။
တနင်္လာနေ့ ဆိုရင် နံက် ၉ နာရီ မှ ၁၀ နာရီခွဲအတွင်း ။
အင်္ဂါနေ့ ဆိုရင် ညနေ ၃ နာရီ မှ ၄ နာရီခွဲအတွင်း ။
ဗုဒ္ဓဟူးနေ့ ဆိုရင် နံက် ၁၀ နာရီခွဲ မှ ၁၂ နာရီအတွင်း ။
ကြာသပတေးနေ့ ဆိုရင် နံက် ၆ နာရီ မှ ၇ နာရီခွဲအတွင်း ။
သောကြာနေ့ဆိုရင် မွန်းလွဲ ၁၂ နာရီ မှ ၁ နာရီခွဲအတွင်း ။
စနေနေ့ ဆိုရင် နံက် ၇ နာရီခွဲ မှ ၉ နာရီအတွင်း ။

တနင်္လာနဝင်းစီးတဲ့အချိန်ဟာ အချို့နေ့တွေမှာဆိုရင် ညနေစောင်း နဲ့ ညဦးပိုင်းတွေမှာလည်း ရှိကြပေမယ့်လည်း နေရောင်ရှိသော အချိန်များမှာသာလုပ်ရမှာဖြစ်တဲ့အတွက် ညနေ ၄နာရီခွဲထက် ကျော်ပြီး မလုပ်သင့်ပါ ။ တခြားအချိန်များ ပြုလုပ်၍ မရပါ ။

ဒါဆို ငွေ နဲ့ လက်နဲ့မပြတ်တော့ဘူးပေါ့။
ကျွန်တော့် ချစ်မိတ်ဆွေတွေအားလုံး ငွေတွေမပြတ်ဝင်ပြီး ကြီးပွားချမ်းသာလို့ ထာ၀ရအဆင်ပြေနိုင်ကြပါစေ

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။