မြန်မာ့ရိုးရာမဟာဘုတ်ဟောကိန်များ

Astrology
မြန်မာ့ရိုးရာမဟာဘုတ်ဟောကိန်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာ့ရိုးရာမဟာဘုတ်ဟောကိန်များဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာ့ရိုးရာမဟာဘုတ်ဟောကိန်များ

ပထမဆုံး တွက်လိုသူရဲ့ မြန်မာမွေးခုနှစ်ကို တည် ၊ (၇)နဲ့ ÷ ပါ ။ အကြွင်းလိုက် ဟောကိန်းကို ဖတ်ကြည့်ရုံပါပဲ ။

ဥပမာ ….မြန်မာသက္ကရာဇ် ၁၃၃၇ ခုနှစ်မှာ မွေးဖွားခဲ့သူကို တွက်လိုပါက ၁၃၃၇ ÷ ၇ = ၀ကြွင်း ပါတယ် ။ ဒါကြောင့်မို့ (၀)ကြွင်း ဟောကိန်းကို ဖတ်ကြည့်ရပါမယ် ။

အခုဟောကိန်းနဲ့ ပတ်သက်ပြီးကျွန်တော့်မိတ်ဆွေတွေကို ကြိုတင် မေတ္တာရပ်ခံထားလိုပါတယ် ။ အခုဟောကိန်းဟာ ရှေးဆရာ့ဆရာကြီးတွေ လက်ဆင့်ကမ်းအသုံးပြု ဟောခဲ့ကြတဲ့ ဟောကိန်းတွေ ဖြစ်ပါတယ် ။ ဒါကြောင့် အကြွင်းဖွားအလိုက်ဟောကိန်းတွေမှာ အတိတ် ပစ္စုပ္ပန် အနာဂတ်တွေ ပါရှိနေသလို အကောင်း အဆိုးတွေလည်း ရောပြွမ်းပါရှိနေပါလိမ့်မယ် ။ ဒါဟာလည်း သဘာ၀တရားကြီးက ဘက်မလိုက်ပဲ ရေးဆွဲပေးထားတဲ့ ပန်းချီကားတစ်ချပ် မဟုတ်ပါလား ။

ဒီလိုပဲ မှန်ခြင်း မှားခြင်း နိယာမတရားလည်း ရောစပ်ပါ၀င်နေပါလိမ့်မယ် ။ ဒါကြောင့် ကျွန်တော့် မူပိုင်ဟောကိန်းမဟုတ်တဲ့ ဒီဟောကိန်းအပေါ်မှာ နားလည် သဘောပေါက်ကြစေလိုပါတယ် ခင်ဗျာ ။

(၁)#ကြွင်းသမား

သူတို့သည်အလုပ်အကိုင်မမြဲခြင်း ၊အလုပ်တည်ငြိမ်မူမရှိခြင်း ၊ အလုပ်အမျိုးမျိုးပြောင်းလဲ လုပ်ကိုင်တတ်ခြင်း ၊ ငယ်ရွယ်စဥ်အခါတွင် မိဘများအလုပ်အကိုင် မမြဲတတ်ခြင်း၊ မိဘများစိတ်အခန့်မသင့်၍ ကွဲကွာနေရတတ်ခြင်း ၊ ၎င်းကာလမျိုးတွင် သင့်ကိုမွေးဖွားလာတတ်သည် ။ ငယ်ရွယ်စဥ်အခါတွင် ညီကိုမောင်နှမများ၏ ချစ်ခင်မူကိုမရရှိတတ်ပေ ။ ကလေးဘဝတွင် အပြင်လူကပို၍ချစ်တတ်ကြသည် ။

ပညာသင်ချိန်တွင် အပေါင်းအသင်မှားစွာပေါင်းသင်းမူကြောင့် ပညာရေးထိခိုက်တဲ့အထိဖြစ်တတ်သည် ။ ပညာရေးတပိုင်းတစ ဖြစ်တတ်သည် ။ အပေါင်းအသင်းမှန်ကန်ပြီး ပညာရေးကိုသာကြိုးစားပါက သူမတူအောင်ထူးချွန်နိုင်ပေသည် ။

(၁)ကြွင်းတို့သည်ပညာသင်လွယ် ၊ တတ်လွယ်သောကြောင့် ဟိုနည်းနည်း ဒီနည်းနည်းစီ တတ်မြောက်တတ်ကြသည် ။ ထို့ကြောင့်ပင်အောင်မြင်မူများမရရှိဘဲ ဖြစ်တတ်ကြပေသည် ။ မွေးဇာတိမှာမနေရတတ်ဘဲ တစ်ရပ်တစ်ကျေးမှာ နေရတတ်သည် ။ နေရပါက ကြီးပွားအောင်မြင်ပါမည် ။

ငယ်ရွယ်စဥ်အခါတွင် ရည်စားများတတ်ကြခြင်းတို့ကြောင့် အမှားများပြုတတ်ကြပြီး မိန်းကလေးဖြစ်ပါက ကိုယ်၀န်ဖျက်ချရသည်အထိဖြစ်သွားတတ်ကြသည် ။ အထူးသတိပြုသင့်ပေ၏ ။ သူတို့သည် မိမိထက်ငယ်သူ(သို့)ရွယ်တူများနှင့်အိမ်ထောင်ပြုကြပါက အိမ်ထောင်ရေးတည်ငြိမ်မူမရှိဘဲ အိမ်ထောင်ဆက်များတတ်ကြသည် ။ မိမိထက်ကြီးသော သူနဲ့ပြုကြပါမှသာအိမ်ထောင်မြဲတတ်သည် ။ (၁)ကြွင်းတို့သည် ဦ​းနှောက်ထက် နှလုံးသားအရေးကို ဦးစားပေးရွေးချယ် မိတတ်ကြသည် ။

အိမ်ထောင်ရေးတွင် သေသေချာချာရွေးချယ်သည့်ကြားထဲကမှ အမှားများစွာဖြင့် စိတ်ဘဝင်မကျသော အိမ်ထောင်ရေးများ ဖြစ်သွားတတ်ကြသည် ။ စီးပွားရေးတွင် တစ်ခုခုထဲကိုသာ စွဲမြဲစွာလုပ်ကိုင်ပါက ဘဝတွင် အောင်မြင်မူများရရှိတတ်ပြီး ပဲ့ကိုင်လမ်းညွန်ပေးသည့်သူရှိလျှင် ပိုအောင်မြင်နိုင်ပေသည် ။

(၂)#ကြွင်းသမား

သူတို့အားလုံးသည် တယူသန်စိတ်ရှိတတ်ကြပြီး ကိုယ်ထင်ရာကိုဇွတ်တရွတ်လုပ်တတ်ကြသည် ။ ကိုယ်သဘောကိုယ်ဆန္ဒနှင့် အရာရာကိုပြုလုပ်တတ်၍ အမှန်ထက် အမှားပိုများနေတတ်သည် ။ (၂)ကြွင်းတို့သည် အတူနေ မိသားစုနဲ့မတည့် ၊ မိသာစုအပေါ်တွင် အမြဲဗိုလ်ကျတတ်ကြသည် ။ မိဘပေးစားသူနဲ့မညားဘဲ ကိုယ်ကြိုက်တာ ကိုယ်ယူတတ်ကြသည် ။

(၂)ကြွင်းမိန်းကလေးများအနေနဲ့မာနကြီး၍ ခေတ်မီဆန်းပြားသော အဝတ်အစားများကိုကြိုက်နှစ်သက်တတ်ကြသည် ။ မိဘဆင်းရဲလျှင် လူကောင်းသူကောင်းဖြစ်နိုင်သည် ။ ရိုးသားကြိုးစား၍ ခေတ်ပညာတတ်များ ဖြစ်တတ်ကြသည်။ (၂)ကြွင်းများသည် အရှက်အကြောက်ကြီးမားတတ်ကြသည် ။ သို့သော်အရှက်မရှိလုပ်လျှင်လည်း သူများထက်သာတတ်ကြသည် ။ လောကတွင် ဆရာသမား ၊ ဘုန်းကြီးရဟန်းများနှင့် ကိလေသာရာဂအားဖြင့် ငြိစွန်းတတ်သူများအများစုသည် (၂)ကြွင်းမိန်းကလေးများ ဖြစ်တတ်ကြသည် ။ သတိပြု သင့်ပေသည် ။

(၂)ကြွင်းကျား/မအားလုံးတို့သည် ဘာသာရေးစကားများများပြောဆိုလာလျှင် မဟုတ်တာအကုန်လုပ်တတ်ကြသည်။ လေကြောရှည်တတ်သည်။ (၂)ကြွင်းကျား/မအားလုံးတို့သည် အိမ်ကိုအဝင်အထွက်ရှိသူများနှင့် သို့မဟုတ် နီးစပ်သူများနှင့် အိမ်ထောင်ကျတတ်ကြသည် ။ (၂)ကြွင်းမိန်းကလေးများသည် အိမ်ထောင်ရေး အဆင်မပြေပါက သီလရှင်ဝတ်တတ်ကြသည် ။

အတွေးအခေါ် တယူသန်မူကြောင့် မှားသင့်သည်ထက် လွန်ကဲစွာကျူးလွန်၍ မှားမိလျှင် ကိုယ်ကိုယ်ပင် သတ်သေတတ်ကြသည် ။ သတိပြုပါ ။ ပညာရေး ၊ ဘာသာရေးများတွင် တစ်ယူသန်မူ အားကြီးတတ်ကြသည် ။ သူတို့သည်လွန်စွာ ဘာသာရေးစကား ပြောတတ်ကြသည် ။ ဘာသာရေးကိုအကာအကွယ်ယူ၍ မကောင်းမူများကို ဖုံးကွယ်ထားတတ်ကြပြန်သည် ။

(၃)#ကြွင်းသမား

သူတို့သည် ဘဝတွင်အတိုက်အခံအပြိုင်အဆိုင်နှင့် အမြဲကြုံတွေ့နေရတတ်သည် ။ မွေးတစ်နေရာ ကြီးတစ်နေရာဖြစ်သည် ။ ကျော်ကြားမူဖြစ်လျှင်လည်း တစ်နေရာ ဖြစ်နေပြန်သည် ။ စိတ်ထဲရှိသောစကားများကိုသိုဝှက် မထားဘဲ လက်လွတ်စပယ်ပြောဆိုတတ်ကြသဖြင့် ပြောသောစကား ထိမိပီပြင်သောကြောင့် နားထောင်ရသော တစ်ဖတ်လူမှာ မခံနိုင်ဘဲ နာကျင်မူများဖြစ်သွားကြ၍ ရန်စကားများခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း ၊ အတူနေမိသားစုအပေါ်မှာ အမြဲဆရာလုပ်သောကြောင့် မိသားစုနဲ့မသင့်မမြတ် ဖြစ်နေတတ်ကြသည် ။

မွေးရပ်ဒေသမှာ မကျော်စောဘဲ တစ်ရပ်တစ်ကျေးမှာ နေထိုင်လျှင် အောင်မြင်တတ်ကြသည် ။ ဖြတ်ထိုးဥာဏ်ကောင်းပြီး ၊ ဒေါသကြီးလျှင်လွန်စွာကြီး၍ သနားစရာရှိလျှင် လွန်စွာ သနားတတ်ကြသည်။ တည်တည်ငြိမ်ငြိမ်နှင့် စကားနည်းသူများ လွန်စွာအောင်မြင်မူ ရရှိတတ်ကြသည် ။

အစိုးရလုပ်ငန်း ၊ သဘေင်္သားလုပ်ငန်း အကျိုးပေးသည် ။ ဘုန်းကြီးရဟန်းဝတ်ပါက လွန်စွာအောင်မြင်သည် ။ ဘာသာရေးကိုင်းရိူင်းကြသူများဖြစ်ပါက ကံပေး၍ရသော ငွေကြေးများ ရကိန်းရှိသည် ။

မိဘညီအကိုမောင်နှမများနှင့် မသင့်မမြတ် ဖြစ်တတ်ကြသည် ။ ကျား/မအားလုံးတို့သည် အသံကောင်းသော်လည်း အဆိုတော်လုပ်ငန်းနဲ့အကျိုးမပေးတတ်ပါ ။ များသောအားဖြင့် အနီးလူနှင့် မတည့်တတ်ကြဘဲ အဝေးကလူနှင့်သာ တည့်တတ်ကြသည် ။ မိမိမွေးထုတ်လိုက်သော သားသမီးများကို လိုအပ်သလို ပုံစံချမရဘဲဖြစ်နေတတ်ကြသည် ။ သားသမီးအကျိုး မခံစာရတတ်ပေ ။

အတိတ်ကံအားကောင်သော်လည်း နှုတ်အဆိုးကြောင့် မိမိအလုပ် အိမ်ဌာနများတွင် မလိုမုန်းထားသူများ၍ တိုးတတ်မှုများကို ဖျက်ဆီးသူများနှင့် ကြုံတွေ့ရတတ်ကြသည် ။ ကျောက် ၊ ကားအရောင်းအဝယ်လုပ်ငန်းများ အကျိုးပေးတတ်သည် ။ ဘဝတွင် ငွေကြေးမရှားပါ ။

သို့သော်လောဘကြီးပြီး ဖျက်လမ်းနည်းကလိုက်၍ ငွေရှာပါက ပြဿနာများ ဖြစ်တတ်သည် ။ အတွေးအခေါ် ပညာမာန စိတ်ရှိကြသည် ။ ကိုယ်သိ ကိုယ်တတ်ကိုယ်သာ အတော်ဆုံးဟုထင်မြင်တတ်ကြသည် ။

ပညာရေးတွင်မှန်ကန်သော အတွေးအခေါ်ဖြစ်ပါက ဘဝတွင်အောင်မြင်နိုင်သည် ။ သူတို့သည် အိမ်ထောင်ရေးရူပ်ပွေခြင်း ၊ အုပ်စုအလိုက်ရူပ်ပွေခြင်းနှင့် အလုပ်နဲ့ပတ်သက်ပြီး မလည်ရူပ်ထွေး လုပ်တတ်ကြသည် ။ ကိုယ်တိုင်လည်း ရူပ်သည် ။ သူများလည်းရူပ်စေချင်တတ်ကြသည် ။ မရဏဥာဥ်အားကောင်းလျှင် ကာမဂုဏ်ကိစ္စများကို ပြောရဲဆိုရဲတတ်ကြ၏ ။ အနီးကပ်ထိတွေ့မူများလျှင် လွန်လွန်ကျွံကျွံ ဖြစ်တတ်ကြ၏ ။ သွေးသာနီးစပ်သူများနဲ့ အနေများပါက ညားတတ်ကြသည် ။

ချမ်းသာချင်စိတ် ကြီးမားတတ်ကြ၏ ။ ထို့ကြောင့် ဥပဒေနှင့်မကင်းသောလုပ်ငန်းများကိုပင်လုပ်ကိုင်ရဲတတ်ကြသည် ။

(၄)#ကြွင်းသမား

ကျား / မတို့သည် စကားကို လက်လွတ်စပယ် ပြောဆိုတတ်ကြပြီး
ကတိကို လွယ်လွယ်ကူကူ ပေးတတ်ကြသည် ။စကားပြောချိုသာလျှင် ကတိပျက်တတ်ကြသည် ။ ခရီးအပျော်အပါး မက်တတ်ကြသည် ။ခရီးသွားလျှင် ဒီနေရာဆို ၊ ဟိုနေရာရောရောက်တတ်ကြသည်။

အပေးအကမ်းရက်ရောနေလျှင် ထိုသူထံမှ လိုချင်တာ တစ်ခုရှိနေတတ်ကြသည် ။ သူတို့သည်လူပုံအလယ်တွင် ထင်ပေါ်လိုစိတ် ကြီးမှုကြောင့်လုပ်ငန်းတစ်ခုကို ဆုံးခန်းတိုင်အောင် မလုပ်ကြဘဲ”ငါးပွက်ရာ ငါးစာချ”သကဲ့သို့ပြောင်းလဲလုပ်ကိုင်တတ်ကြသည် ။ ဘုန်းကြီးရဟန်းများဝတ်လျှင် ဆရာတော်ကြီးများ ဖြစ်သည်အထိ အကျိုးပေး၍ ရိုးရှိးသာမန်လူများမှာမူ တပ်မတော် (သို့) ရဲတပ်ဖွဲ့မျာတွင် လွန်စွာအကျိုးပေး၏ ။ကျောင်ဆရာ ၊ ဆရာမများ လုပ်ကြပါကကျောင်းအုပ်ကြီးများ ဖြစ်သည်အထိ အကျိုးပေးသည့်။

ထောက်လှမ်းရေး ၊ သတင်းထောက်လုပ်လျှင်ကိုယ်ရဲ့စကားမလုံခြုံ ပေါက်ကြားမူကြောင့်အထက်လူကြီးတို့၏ အလုပ်ဖြုတ်ခြင်းခံရတတ်သည် ။ မိသားစုအပေါ်တွင်အနိုင်ယူလျှင် လွန်စွာအနိုင်ယူတတ်၍ အရူံးပေးလျှင်လည်း အလွန်ပေးတတ်ကြသည် ။ မိသားစုတွင် ကိုယ်ရဲ့သြဇာအာဏမရှိတတ်ကြပါ ။

နှိမ့်ချပြောဆိုသောလူများနှင့် မပေါင်းဘဲမြောက်ပင့်ပြောဆိုသူနှင့်သာ ပေါင်းတတ်ကြသည် ။ မိသားစုအတွက် အတ္တစိတ် အလွန်ကြီးတတ်ကြသည်။ လုပ်ငန်းတစ်ခုကိုသာ စွဲမြဲစွာလုပ်ကိုင်ပါကဘဝတွင် အောင်မြင်နိုင်ပေသည် ။ ဆရာသမားများနှင့် နီကပ်စွာနေလျှင် အောင်မြင်မူရရှိတတ်ကြသည်။ စိတ်သမာဓိကောင်းစွာ နေထိုင်သောသူတို့သည်အောင်မြင်တတ်ကြသည် ။
စိတ်ဆိုးလွယ်သည် ။ ပြဿနာသေးသေးကလေးကို အကြီးကြီးဖြစ်အောင် လုပ်တတ်ကြသည် ။ သတင်းစုံပြောတတ်ကြသည် ။ အစအနောက်သန်တတ်ကြသည် ။

အတွန်းအတိုက် ၊ အတို့အထောင်လုပ်တတ်ကြသည် ။ ငွေကြေးနဲ့ပတ်သက်၍ ဘဝတွင် သမာအာဇိဝကျစွာ မရှာဖွေဘဲ ငွေရလွယ်သောဖြတ်လမ်းနည်းများဖြင့် ရှာဖွေ လုပ်ကိုင်တတ်ကြသည် ။အိမ်ထောင်ဆက် များတတ်ကြသည် ။ ကိလေသာကိစ္စများတွင် လွန်စွာပြင်းပြတတ်ကြ၏ ။ကာမဂုဏ်ကိစ္စများ အမြဲတွေးတောတတ်ကြ၏ ။ပညာရေးတွင် ပဲ့ကိုင်လမ်းညွန် ပေးတတ်သူရှိမှ အောင်မြင် နိုင်ပေလိမ့်မည် ။

(၅)#ကြွင်းသမား

သူတို့သည် မိမိဖာသာသီးသန့်နေထိုင်လိုစိတ်ရှိကြ၏ ။ လူအများနှင့်ဒွေးရောယှက်တင် ပူးပေါင်းလိုမူမရှိကြဘဲ သီးသန့်စရိုက်ရှိတတ်ကြသည် ။ တိုင်းပြည် ၊ မြို့ရွာ ၊ ရက်ကွက်မတည်ငြိမ်ခြင်း အစရှိသော အဆိုး ၊အပျက်များ၌ ကံကြမ္မာရောက်ချိန်တွင် မွေးဖွားလာတတ်ကြသည် ။ မတရားမူတို့ကို ဆန့်ကျင်လိုသော စိတ်ဓာတ်ရှိကြသည် ။

နိုင်ငံ့ခေါင်းဆောင်များဖြစ်သည်အထိ အောင်မြင်တတ်ကြ၏ ။ အုပ်စုအဖွဲအစည်းများကြောင့်လည်း ဆုံးရူံးမူများကြုံတွေ့တတ်ကြသည် ။ မိသားစုနှင့်မတည့်တတ်ကြပေ ။ မိဘသဘောမတူသောသူနဲ့ ဇွတ်ယူတတ်ကြသည် ။ ခိုးရာလိုက်ပြီးကာမှ မင်္ဂလာဆောင်ကြရတတ်သည် ။

အိမ်ထောင်မပြုခင်ကတည်းကပင် အပျိုဘဝ ၊လူပျိုဘဝပျက်ဆီးပြီးမှ ညားတတ်ကြ၏။အိမ်ထောင်ဆက်များတတ်ကြသည် ။ လူပျို ၊အပျိုများ အိမ်ထောင်ရေးတွင် အနီးကပ်ရန်သူများ ရှိတတ်ကြ၏ ။ အိမ်ထောင်ရေးတွင် ချောင်ပိတ်ခံရသော အိမ်ထောင်ရေးမျိုးဖြစ်တတ်ကြသည်က များသည် ။ ဆွေမျ်ိုးအုပ်စုဒဏ်ကို တစ်နည်းမဟုတ် တစ်နည်း ခံကြရ၏ ။

အသက်(၄၅)နှစ်မကျော်ခင် အိမ်ပိုင်ရှိသော်၎င်းအိမ်တွင် စိတ်သောက ရောက်ကြရပေလိမ့်မည် ။အမွေဆိုင်အိမ်တွင် နေထိုင်ခြင်း ၊ အုပ်စုများနှင့်ပူတွဲနေထိုင်ရခြင်း ၊ အသက်(၄၅)နှစ်မကျော်ခင်တစ်ဦးတည်းပိုင် အိမ်များဖြစ်က ၎င်းအိမ်တွင်ပြဿနာပေါင်းစုံ တက်ကြရလိမ့်မည် ။ သားသမီးများ၏ မရှိမသေဆက်ဆံခြင်းကို ခံကြရတတ်၏ ။ တနင်္ဂနွေနံနှင့်ပတ်သက်သော လုပ်ငန်းအကျိုးမပေးသောကြောင့် အိမ်တွင်းစီပွားရေးလုပ်ငန်းများ မတည်မြဲပါ ။ပြင်ပလုပ်ငန်း အကျိုးပေး၏ ။
အစိုရအမူထမ်းဖြစ်က အကြီးအကဲဖြစ်သည်အထိ အကျ်ိုးပေးသည် ။

လူ့အဖွဲ့အစည်းတစ်ခုကို ဝင်မည်ဆိုလျှင် ပြန်ထွက်၍ မရဘဲဖြစ်နေကြ၏ ။ ပြန်ထွက်လို့ရလျှင်လည်း သိက္ခာအကျကြီးကျပြီးမှ ထွက်ကြရသည် ။ အလုပ် လုပ်လျှင်စိတ်ကူးယဥ်ပြီးလုပ်တတ်ကြ၏ ။ စိတ်ကူးနဲ့လက်တွေ့ပေါင်းလျှင် လွန်စွာအောင်ကြ၏ ။

လူနေဟန်ပန်အမူအရာက မာကြောသော်လည်း တကယ့်အတွင်းစိတ်မှာ မမာကြပါ ။ကိုယ်ချစ်ရသောသူနဲ့တွေ့လျှင် မိဖုရားရှေ့တော်ဒူးထောက်ခစား၍ဘဝတစ်ခုလုံးကို ပုံပေးသွားတတ်ကြရသည် ။

(၆)အကြွင်းသမား

သူတို့သည်အတွေးအခေါ်ကောင်း၍ ပညာတတ်သူများ ဖြစ်ကြ၏။ ပျိုရွယ်စဥ်တွင် မိဘဆွေမျိုးအုပ်ထိန်းမူ မနိုင်ပါက ရည်းစားကိစ္စရူပ်ထွေးကြ၍ အပျိုရည်၊လူပျ်ိုရည် ပျက်တတ်ကြ၏ ။ ကိုယ်နှင့်ရင်း၍ လုပ်ရသောကြမ်းကြမ်း တမ်းတမ်း လုပ်ငန်းများ အကျိုးမပေးတတ်ပါ ။ ဥာဏ်နှင့်ယှဥ်သောလုပ်ငန်းများဖြစ်သည့် စာရေး ၊ စာချီ ၊ အနုပညာ ၊ကျောင်ဆရာ၊ဗေဒင်ဆရာ ၊ ရှေ့နေအစရှိသောလုပ်ငန်းများ ၊ ပညာ အတွေးအခေါ်ဖြင့်လုပ်ရသော လုပ်ငန်းများ အကျိုးပေးကြသည် ။တနလ်ာနံပညတ်ချက်များ ၊ လုပ်ငန်းများအကျ်းမပေးပါ ။

အိမ်ထောင်ရေးတွင် အငယ်အနှောင်းကိစ္စများရူပ်ထွေး နေတတ်ကြသည် ။ အိမ်ထောင်ဆက်များခြင်း ၊ တစ်အိမ်ထောင်မကောင်း တစ်အိမ်ထောင်ပြောင်းလဲကြပြီး ၊ ပထမအိမ်ထောင်နှင့်လည်းမပြတ်မသား အိမ်ထောင်နှစ်ခု ကြားဗျာများ ကြရတတ်သည် ။ ငွေကြေးနှင့်ပတ်သတ်ပြီး ပင်ပန်းစွာမရှာဖွေရဘဲ ငွေရလွယ်တတ်ကြသည် ။ သို့သော်ငြားလည်း လက်ဖွာဖွာအသုံးကျန်းမူတို့ကြောင့် ပြန်ကုန်သွားတတ်ကြသည်။သူတို့၏အိမ်လူမြင်ကွင်တွင် လွန်စွာလှပသော်လည်း အိမ်တွင်းပိုင်းတွင် လွန်စွာညစ်ပတ် ရူပ်ပွတတ်ကြသည် ။

အများအကျိုးကို ကူညီတတ်သူ ၊စိတ်ကောင်းရှိသူ ၊ စိတ်နေစိတ်ထားမြင့်မြတ်သူ သဘောထားကြီးသူများဖြစ်ကြသည် ။ ထိုကဲ့သို့သော ဟန်ပန်မျ်ိုးလည်း ရှိနေတတ်ကြသည်။

(၀)#ကြွင်းသမား

သူတို့သည် ရဲတင်းစရာရှိလျှင် အလွန်ရဲတင်း၍ ကြောက်ရွံ့စရာရှိလျှင်လွန်စွာ ကြောက်ရွံ့တတ်ကြသည် ။ စိတ်ထိန်းချုပ်နိုင်မှု စွမ်းအားနည်းတတ်ကြသဖြင့် မလိုတစ်မျိုး လိုတစ်မျိုး စိတ်တို့ရှိနေတတ်ကြသည် ။ အနီးကပ်နေသူများနှင့် မတည့်တတ်ကြပါ ။ ပေါင်းသင်းရခတ်သောသူများ ဖြစ်၏ ။ အငြင်းအခုန်သန်၏ ။

သူစိတ်နှင့်လိုလျှင်အကောင်း ၊ မလိုလျှင်အဆိုးဖြစ်တတ်၏ ။ လူပျို ၊ အပျိုဘဝတွင်​​‌ေမြှာက်ပင့်ပြောဆိုသူများနှင့် အိမ်ထောင်ကျတတ်ကြ၏ ။အိမ်ထောင်ကျလျှင် မေတ္တာရှိ၍ယူခြင်းထက်သနား၍ ယူခြင်းကများတတ်ကြ၏ ။ အိမ်ထောင်ရေးများ ရူပ်ထွေးတတ်ကြသည် ။

သူပြောသမျှနာခံသူကို အိမ်တွင်ရှိတာ အကုန်ထုတ်ပေးတတ်ကြ၏ ။ အစိုရဝန်ထမ်းဖြစ်က ပင်စင်လစာရသည်အထိ အလုပ်မမြဲတတ်ကြပါ ။အထက်လူကြီးနှင့်မတည့် ၊အောက်လူနှင့်တည့်သည် ။ စစ်ဘက် ၊ ဆေးဘက် အကျိုးမပေးပါ ။

လူမှုပေါင်းသင်းဆက်ဆံရေး ကောင်း၏ ။စပ်တူလုပ်ငန်းများ အကျိုးမပေးပါ ။ ကိုယ်ပိုင်လုပ်ငန်း အကျိုးပေး၏ ။ စပ်စုတတ်ကြ၏ ။စကားအလွန်အကျွံ ပြောတတ်ကြသည် ။ ငွေကြေးတွင် ရသလောက်ကုန် နေတတ်ကြသည် ။ သုံးသင့်သောနေရာတွင် မသုံးဘဲ မသုံးသင့်သောနေရာတွင် ကုန်နေတတ်ကြသည် ။

ပညာရေးတွင်အောင်မြင်နိုင်သော သူဖြစ်၏ ။ သို့သော်ပညာနဲ့လုပ်စားမှု နည်းပါး၏ ။ အများမြင်ကွင်းတွင် မျက်နှာကြောတင်းတင်းဖြင့် နေတတ်ကြပြီး စိတ်ရင်းစေတနာ ကောင်းကြသူများလည်း ဖြစ်၏ ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။