မိမိခင်ပွန်းသည်ကို_ကံမြှင့်ကြရအောင်

Astrology
မိမိခင်ပွန်းသည်ကို_ကံမြှင့်ကြရအောင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိမိခင်ပွန်းသည်ကို_ကံမြှင့်ကြရအောင်ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိမိခင်ပွန်းသည်ကို_ကံမြှင့်ကြရအောင်

(အိမ်ထောင်သည် အမျိုးသမီးလေးများ အကျိုးရှိစေရန် ပြန်လည်မျှဝေသည်…)

အရင်ဆုံး အေးချမ်းတဲ့ ဘုရားတစ်ဆူကို ဖူးမျှော်ရမည်….. လိုတရ ထိုင်တော်မူ (သို့) ရပ်တော်မူ မဟာမြတ်မုနိ၊ မြသပိတ်၊ ကြေးဘုရား များသည်….အလွန်ပင် အေးချမ်းခြင်း နိမိတ်ကို ရည်ညွှန်းသော ဗုဒ္ဓ ရုပ်ပွားတော်များ ဖြစ်ပါသည်။

ထိုဘုရားဖူးမျှော်ကာ ရေသပ္ပါယ် ရပါမည်။ ပြီးလျှင် မိမိအမျိုးသား အင်္ကျီတစ်ထည်ကိုယူပါ။ (ဝန်ထမ်းဖြစ်ပါက နေ့စဉ် အလုပ်သွားနေကျ အင်္ကျီကို ယူလျှင် ပိုကောင်းပါသည်) မိမိ ပုခုံးပေါ် တွင် တင်ပါ…။ မိမိကိုယ်ကို အရင် မေတ္တာပို့ပါ၊ ပြီးရင် မိမိ ခင်ပွန်အား မေတ္တာပို့ပေးပါ။

ထို့နောက်…မေတ္တာသုတ်_သုံးခေါက်တိတိအား မြတ်စွာဘုရားသို့ ကြည့်ကာ ရွတ်ဖတ်ပူဇော်‌ပေးပါ ( အေးချမ်းသော ဘုရား )မိမိအိမ်ဦးနတ်ကို မြင့်မြတ်စေတဲ့ သဘောပါ ကြမ်းတမ်းသော အိမ်ဦးနတ်ဖြစ်လျှင်လည်း မိမိ မိသားစု အပေါ် ညှင်သာမှု ရှိလာမည်။

ကံတက်လာပြီး အိမ်တွင်းအတိုက်အခိုက်အညံ့များ ကင်းစင်လာကာ သိသိသာသာ
လာဘ်ပွင့် ကံပွင့်၍ ကျန်းမာပျော်ရွင် လာမည်ဖြစ်ပါသည်။

နေ့စဉ်ပြုလုပ်လျှင် နေ့စဉ်ကုသိုလ်ရမည် သိသာစွာ စီးပွားတက်မည်။
မိမိနှင့် မိမိခင်ပွန်းကြား ပဋိပက္ခများရှိလျှင်လည်း ပပျောက်လာမည်။ မိမိလည်း ကုသိုလ်ရ အိမ်ဦးနတ်ကိုလည်း ကုသိုလ် ထပ်တူ ရစေတော့ ၂ခါ ကုသိုလ်ရတာပေါ့။
မိတ်ဆွေအားလုံး အေးချမ်းသာယာ ပျော်ရွှင်ပြီး သာသနာအကျိုး ကုသိုလ်ထူးများ ရကြပါစေ…

ရေးသားသူ –Htet_Myat_Aung

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။