အသက်ကယ်ခဲ့သော…ကြာဇံကြော်

Astrology
အသက်ကယ်ခဲ့သော…ကြာဇံကြော်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အသက်ကယ်ခဲ့သော…ကြာဇံကြော် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အသက်ကယ်ခဲ့သော…ကြာဇံကြော်

ဒီယတြာလေးကတော့ စာရေးသူကိုယ်တိုင် ကြုံတွေ့ခဲ့ရ လက်တွေ့ပြုလုပ်ပေးခဲ့တဲ့ ယတြာတစ်ခုဖြစ်ပါတယ် ။ စာရေးသူ၏ အဒေါ်ကင်ဆာအသည်းအသန်ဖြစ်ပြီး သွေးတောက်လျောက် သွင်းနေရတဲ့ ဆိုးရိမ်ရတဲ့ အခြေအနေမှာ ဆန်းယတြာတွေ ပြုလုပ်ပေးခဲ့တဲ့ပြင် ဒီယတြာလေးကိုပါတွဲလုပ်ပေးခဲ့ပါတယ် ။

ဒီယတြာလေးလုပ်ပြီး ၃လေးရက်အတွင်းမှာ အဒေါ်က ဆိုးရိမ်ရတဲ့ အခြေအနေကနေ လွတ်ကင်းခဲ့ပါတယ် ။ တစ်ယောက်နှင့် တစ်ယောက် ကုသိုလ်ကံက မတူပါဘူး။ ဒါပေမဲ့ ဒီယတြာလေးက ကံဆပ်ခဲ့မယ်ဆိုရင် အထောက်အကူဖြစ်အောင် ရေးသားတင်ပြအပ်ပါသည် ။ ကြာဇံထုပ် တစ်ထုပ်နှင့် ကြက်ဥ ၁၀လုံးကို လူနာမေးသွားရင် ယူဆောင်သွားပါ ။ ထိုကြာဇံနှင့် ကြက်ဥကို ယူဆောင်လာကြောင်း လူနာအားပြသပါ ။

ထို့နောက် ထိုကြာဇံနှင့် ကြက်ဥ၁၀လုံးကို လူနာရှင်မှ အိမ်တွင် ကြာဇံကြော်ပါ ။ထိုကြာဇံကို နံနက် ဆွမ်းခံကြွသော ဘုန်းကြီး သံဃာအား အကုန်လောင်းလှု ဆုတောင်းပါ ။ အိမ်သားများမှ မစားရပါ။ များမကြာမှီ လူနာပြန်လည်ထူထောင်လာတာ တွေ့မြင်ရပါလိမ့်မည်။ သင်ဆရာ… မြင်ဆရာ… ကြားဆရာများ…. အားလုံးကို အစဉ်ဦးညွတ်လျက် …

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။