မင်္ဂလာဆောင်မှာ ရည်းစားဟောင်းတွေ တစုတဝေးတည်း ရောက်လာလို့ အရှက်တကွဲဖြစ်ခဲ့ရတဲ့ သတို့သား

International News Local News

မင်္ဂလာဆောင်မှာ ရည်းစားဟောင်းတွေ တစုတဝေးတည်း ရောက်လာလို့ အရှက်တကွဲဖြစ်ခဲ့ရတဲ့ သတို့သား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်္ဂလာဆောင်မှာ ရည်းစားဟောင်းတွေ တစုတဝေးတည်း ရောက်လာလို့ အရှက်တကွဲဖြစ်ခဲ့ရတဲ့ သတို့သား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မင်္ဂလာဆောင်မှာ ရည်းစားဟောင်းတွေ တစုတဝေးတည်း ရောက်လာလို့ အရှက်တကွဲဖြစ်ခဲ့ရတဲ့ သတို့သား

တရုတ်အမျိုးသားတစ်ယောက်ဟာ သူ့မင်္ဂလာဆောင်မှာ ရည်းစားဟောင်းတွေ တစ်စုတဝေးတည်း ရောက်လာပြီး စာတမ်းကိုင်ဆောင်ကာ နှောင့်ယှက်ခဲ့ကြလို့ အရှက်တကွဲဖြစ်ခဲ့ရပါတယ်။ ဖေဖော်ဝါရီလ ၆ ရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ဟန်ဒီရွာမှာ ကျင်းပတဲ့ မင်္ဂလာပွဲမှာ သတို့သား ချန်းဆောင်ရဲ့ ရည်းစားဟောင်း တစ်ဒါဇင်လောက် ရောက်လာခဲ့ပြီး ” ကျွန်မတို့က ချန်းဆောင်ရဲ့ ရည်းစားဟောင်းတွေပါ။ ဒီနေ့တော့ သူ့ကို အမှုန့်ကြိတ်ပစ်မယ်” ဆိုတဲ့ စာတမ်းကိုင်ဆောင်ဖော်ပြခဲ့ကြတာပါ။

Today we will destroy you': Chinese groom's ex-girlfriends crash wedding  with protest banner threatening to expose his secret past | South China  Morning Post

အစပိုင်းမှာ မင်္ဂလာပွဲလာ ဧည့်ပရိသတ်တွေက စနောက်ကျီစယ်တာလို့ ထင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာ တကယ့်အစစ်အမှန်ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့တာပါ။ ” အရှက်တွေလည်း ကွဲကုန်ပါပြီ။ အခုတော့ ကျွန်တော့်မိန်းမရော၊ သူ့မိသားစုကပါ စကားမပြောကြတော့ဘူး” လို့ ချန်းဆောင်က ဆိုပါတယ်။

အဲဒီဗီဒီယိုဟာ တရုတ်လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပြီး ရည်းစားများတဲ့ ချန်းဆောင်ကို လူမှုကွန်ရက် အသုံးပြုသူတွေက ဝိုင်းဝန်းဝေဖန်ခဲ့ကြပါတယ်။ သူဟာ လူငယ်ဘဝတုန်းက ရည်းစားတွေအပေါ် မကောင်းခဲ့ဘူးလို့ ချန်းဆောင်က ဝန်ခံခဲ့ပေမဲ့ အသက်အရွယ် ရလာချိန်မှာတော့ သူ့အမူအကျင့်တွေကို ပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။ တခြားသူတွေအနေနဲ့ သူ့လို အမှားမျိုး မလုပ်ဘဲ အမျိုးသမီးတွေအပေါ် သစ္စာရှိရှိ၊ လေးစားမှုရှိရှိ ဆက်ဆံကြဖို့လည်း ချန်းဆောင်က တိုက်တွန်းခဲ့ပါတယ်။

အခုအခါမှာတော့ ချန်းဆောင်ဟာ အတိတ်က သူ့အမှားတွေအတွက် ပြန်ပေးဆပ်နေရပြီး ဖြစ်ကြောင်းကုန်စင်ကို ကျေနပ်လောက်အောင် မဖြေရှင်းနိုင်ရင် ဇနီးသည်နဲ့ ကွာရှင်းရမယ့်အခြေအနေ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။