အချိန်အနည်းငယ်ပေးနိုင်ရုံဖြင့်ငွေကုန်ကြေးကျများနေစရာမလိုတဲ့ဂြိုဟ်ပြေနံပြေယတြာပြုနည်း

Astrology

အချိန်အနည်းငယ်ပေးနိုင်ရုံဖြင့်ငွေကုန်ကြေးကျများနေစရာမလိုတဲ့ဂြိုဟ်ပြေနံပြေယတြာပြုနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အချိန်အနည်းငယ်ပေးနိုင်ရုံဖြင့်ငွေကုန်ကြေးကျများနေစရာမလိုတဲ့ဂြိုဟ်ပြေနံပြေယတြာပြုနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အချိန်အနည်းငယ်ပေးနိုင်ရုံဖြင့်ငွေကုန်ကြေးကျများနေစရာမလိုတဲ့ဂြိုဟ်ပြေနံပြေယတြာပြုနည်း

အညံ့တွေ သက်သာချင်တယ် ။ လူမုန်းများနေတယ် ။ တစ်ခုပြီးတစ်ခု ဖြစ်နေတာ ချူချာလိုက်တာဗျာ ။အမှုက တန်းလန်းကြီး မပြီးသေးဘူး စိတ်ညစ်တယ် ။
အိပ်မက်တွေ မကောင်းဘူး ။အိမ်သူအိမ်သားတွေ မတည့်ကြဘူး ။ အကြွေးက လည်ပင်း ခိုက်နေတယ် ။

ဘာလုပ်လုပ် အဆင်မပြေဘူး ။ဒီနှစ်ထဲ မတော်တဆ ဖြစ်တာ နှစ်ခါရှိပြီ ။ မိတ်ဆွေတွေ ဒုက္ခ ပေးလို့။စသည်ဖြင့် အညံ့တွေ ကြုံနေရတယ်ဆိုပါက ဒီယတြာကိုလုပ်ပါ ။မိမိတို့ နီးရာ ဘုရားတစ်ဆူဆူကို သွားပါ ။ မွေးနံ ထောင့်ကနေ စပြီး လုပ်ရပါတယ် ။

ဥပမာ တနင်္လာသား ကျော်ကျော်ဦး ဆိုပါစို့ ။

တနင်္လာထောင့်

တနင်္လာထောင့်က ဘုရားမှာ ရေ (၂) ခွက်သပ္ပါယ်ပါ ။ တနင်္လာဂြိုဟ်မင်း ကျားရုပ်ကို ရေ (၁၅)ခွက် သွန်းလောင်းပေးပါ ။ တနင်္လာသား ကျော်ကျော်ဦးသည် ယနေ့မှစပြီး တနင်္လာနံ ငွေရေးကြေးရေး ၊ အချစ်ရေး ၊ ကားကိစ္စများ အစစအရာရာ အဆင်ပြေဖို့ ဆုတောင်း ပါ ။

အင်္ဂါနံထောင့်

ပြီးရင် အင်္ဂါနံထောင့် ဘုရားမှာရေ (၃)ခွက်သပ္ပါယ်ပါ ။ အင်္ဂါဂြိုဟ်မင်း ခြင်္သေ့ရုပ်ကို ရေ (၈) ခွက်သွန်းလောင်းပါ ။ တနင်္လာသား ကျော်ကျော်ဦး အင်္ဂါနံ စက်ပစ္စည်းလုပ်ငန်း ၊ စက်ချုပ်ဆိုင် ၊ စျေးဆိုင် ၊ ဆေးဝါးကုသရေးကိစ္စများ အဆင်ပြေဖို့ဆုတောင်းပါ ။

ဗုဒ္ဓဟူးနံထောင့်

ပြီးရင် ဗုဒ္ဓဟူးနံထောင့် ဘုရားမှာ ရေ (၄)ခွက်သပ္ပါယ်ပါ ။ ဗုဒ္ဓဟူးဂြိုဟ်မင်း ဆင်ရုပ်ကို ရေ (၁၇) ခွက်သွန်းလောင်းပေးပါ ။ ဗုဒ္ဓဟူးနံ လူ လူချင်း ပေါင်းသင်းဆက်ဆံရေး ၊ ရွှေကိစ္စ ၊ အစစအရာရာအဆင်ပြေဖို့ဆုတောင်းပါ ။

စနေနံထောင့်

ပြီးရင် စနေနံထောင့်ဘုရားမှာ ရေ (၇)ခွက်သပ္ပါယ်ပါ ။ စနေဂြိုဟ်မင်း နဂါးရုပ်ကို ရေ (၁၀) ခွက်သွန်းလောင်းပေးပါ ။ စနေနံ အမှုအခင်း ၊ ပြဿနာ ၊ ထင်ပေါ်ကျော်ကြားမှုတို့နဲ့ ပတ်သက်လို့ အဆင်ပြေဖို့ ဆုတောင်းပါ ။

ကြာသပတေးနံထောင့်

ကြာသပတေးနံထောင့်ဘုရားမှာ ရေ( ၅) ခွက်သပ္ပါယ်ပါ ။ ကြာသပတေးဂြိုဟ်မင်း ကြွက်ရုပ်ကို ရေ (၁၉)ခွက်ပက်ဖျန်းပါ ။ ကြာသပတေး နံ မိတ်ဆွေ ၊ ဆရာသမားတို့ရဲ့ ကူညီဆောင်မမှုရဖို့ ဆုတောင်းပါ ။

ရာဟုနံထောင့်

ရာဟုနံထောင့်ဘုရားမှာ ရေ (၈)ခွက်သပ္ပါယ်ပါ ။ ရာဟုဂြိုဟ်မင်း ဟိုင်းဆင်ရုပ်ကို ရေ (၁၂)ခွက်ပက်ဖျန်းပါ ။ ရာဟုနံသင့် ရောဂါ ၊ ရန်သူကိစ္စများ ကောင်းမွန်အောင် ဆုတောင်းပါ ။ တနင်္ဂနွေနံထောင့်ဘုရားမှာရေ (၁)ခွက်သပ္ပါယ်ပါ။ တနင်္ဂနွေ ဂြိုဟ် မင်း ဂဠုန်ရုပ်ကို ရေ (၆)ခွက်ပက်ဖျန်းပါ ။ တနင်္ဂနွေနံ အလုပ်အကိုင် ၊ အိုးအိမ်ကိစ္စ ၊အိမ်ထောင်ရေး ၊ အကြီးအကဲကိစ္စများ အဆင်ပြေဖို့ဆုတောင်းပါ ။

တနင်္လာနံ ထောင့်

တနင်္လာနံ ထောင့်မှာ အဆုံးသတ် တစ်ကြိမ် ထပ်လုပ်ပါ။ ပြီးလျှင် ဂြိုဟ်နံထောင့်များတွင် ရှိနေတတ်သော အမှိုက်သရိုက်များ ရှင်းလင်းရေးလုပ်ပါ ။ စေတိယင်္ဂဏဝတ်ပြု၍ သန့်ရှင်းရေးကုသိုလ်ယူပါ ။

အခု ယတြာကို ကျွန်တော်ပေးခဲ့ဖူးသူ ဆယ်ယောက်မှာ ရှစ်ယောက် အဆင်ပြေကြပါတယ် ။

အချို့ မွေးနေ့တိုင်း(၃) ပတ်လုပ်ရုံဖြင့် အဆင်ပြေကြသလို အချို့မှာ (၆) ကြိမ်လောက် လုပ်မှ ထိရောက်တာလည်း ရှိပါတယ်။ အချိန်ပေးနိုင်ပါက နေ့စဥ် လုပ်လို့လည်း ရပါတယ် ။ အစစအရာရာအဆင်ပြေကြပါစေ။

ရေးသားသူ – သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။