တပေါင်းလ အတွက် အကောင်းဆုံးယတြာ

Astrology

တပေါင်းလ အတွက် အကောင်းဆုံးယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တပေါင်းလ အတွက် အကောင်းဆုံးယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


တပေါင်းလ အတွက် အကောင်းဆုံးယတြာ

အတိတ္ရဲ႕ေျခရာ: “တပေါင်းလပြည့်နေ့”

တပေါင်းလဆန်း(၁)ရက်နေ့(19.2.2023) မှ တပေါင်းလကွယ်နေ့(20.3.2023)တစ်လတာလုံး

လစ်ပိုပုလင်းအသစ် တစ်လုံးဝယ်လိုက်ပါ။လစ်ပိုပုလင်းထဲမှ အရည်များကို ဖန်ခွက်တစ်ခွက် ထဲတွင် သီးသန့်ဖယ်ထုတ်ထားလိုက်ပါ။ထိုလစ်ပိုပုလင်းကိုသေချာဆေးကြော၍ လစ်ပိုပုလင်းထဲသို့ရေသန့် အပြည့်နီးပါး ထည့်ပေးလိုက်ပါ။ရေသန့်ထည့်ထားသောလစ်ပိုပုလင်းအထဲတွင်အုန်းညွန့်၁ညွန့် နှင့် နှင်းဆီပန်းအနီ၁ပွင့် ထည့်ပါ။ပြီးလျှင် ကြွေပန်းကန်ပြားအသေးပေါ်တွင် ယတြာလုပ်ထားပြီး လစ်ပိုပုလင်းကို တင်ပေးလိုက်ပါ။

ဤယတြာကို ဘုရားကျောင်းဆောင် ပေါ်သို့တင်ထား၍မြတ်စွာဘုရားရှင်အား‌ ရိုသေစွာ လှူဒါန်းပေး‌ထားရပါမည်။

ယခုလတစ်လတာတွင် သံပုရာရည်တစ်ခွက် ကို နေ့စဥ်မြတ်စွာဘုရားရှင်အား ကပ်လှူပေးနေခြင်းဖြင့်လည်း မိမိအတွက်ထူးခြားမှူဖြစ်စဥ်များ ကောင်းကျိုးများစွာကိုလည်း ရရှိခံစား‌နေရမည်ဖြစ်သည်။
ကံချေကန်တော့ခြင်းကိုလုပ်ဆောင်ဖို့ရန်မမေ့ပါနှင့်။နေ့စဉ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။

ဣတိပိသောဘဂဝါ ဗုဒ္ဓေါ=၆ခေါက်
ဣတိပိသောဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော=၁၅
ဣတိပိသောဘဂဝါ သုဂတော=၁၀ခေါက်
တပေါင်းလအတွက်နေ့စဥ်လာဘ်ပွင့်အရပ်များ
တနင်္ဂနွေနေ့=အရှေ့မြောက်အရပ်
တနင်္လာနေ့=နောက်အရပ်
အင်္ဂါနေ့=အရှေ့တောင်အရပ်
ဗုဒ္ဓဟူးနေ့=တောင်အရပ်
ကြာသပတေးနေ့=မြောက်အရပ်
သောကြာနေ့=အရှေ့အရပ်
စနေနေ့=အနောက်တောင်အရပ်

အထက်ပါအတိုင်းနေ့အလိုက်တွင် နေ့စဉ်တိုင်း
အရပ်မျက်နှာမူ၍ #ဧဟိလာဘံ ဟူ၍(၂၇)ခေါက်တိတိရွတ်ပေးရပါမည်။

ဆုတောင်းစာ

“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး ယခု တပေါင်းလ တစ်လတာလုံး တွင် ကိုယ်ရောကျန်းမာ၊စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက်များ မှန်သမျှ ကင်းရှင်းစေပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာ ဖြင့်အောင်မြင်‌၍ စီးပွားလာဘ်လာဘ တိုးတက်အဆင်ပြေရပါလို၏။”

ဤယတြာအစီအရင်ကို (၃)ရက်လျှင် တစ်ကြိမ်
အထက်ပါနည်းအတိုင်း သတိတရလေးနှင့်
တိကျစွာပြန်လည်၍လုပ်ဆောင်ပေးနေခြင်းဖြင့်
ယခုတပေါင်းလအတွင်း ကံကောင်းခြင်းများစွာ
ရယူပိုင်ဆိုင်လိုက်ပါခင်ဗျ။

အုန်းညွန့် နှင့် နှင်းဆီပန်းများ ညှိုးနွမ်းမလာခဲ့မှီ အသစ်တစ်ဖန် ပြန်၍လဲလှယ်ကာ ယတြာကို ရိုသေစွာဖြင့်လုပ်ဆောင်ပေးကြပါ။ယတြာလုပ်ပြီး အညွန့်နှင့် ပန်းများကို သီးသန့်အိတ်တစ်လုံးနှင့် ဖယ်ထား၍နီးစပ်ရာ အပင်ကြီး တစ်ပင်အောက်မှာ စွန့်ပစ်ပါ။ရေရှင်၌လည်းမျှောပေးလို့ရပါတယ် ခင်ဗျ။

ပုံပါအတိုင်း လစ်ပိုပုလင်းနှင့်သာ ယတြာလုပ်ပါ။လစ်ပိုပုလင်းကိုမူ ပြန်လည်ဆေးကြောသန့်စင်၍ယတြာနည်းအတိုင်း သေချာထပ်မံ လုပ်ပေးလို့ရပါတယ်ခင်ဗျ။လစ်ပိုပုလင်းအသစ်ဝယ်ပြီးလည်းယတြာလုပ်ပေးနေလို့ပါတယ်။လစ်ပိုပုလင်းထဲမှဖယ်ထုတ်ထားသော အရည်များကိုမူ မိမိနှင့် မိသားစုဝင်များ သောက်သုံးလို့ရပါတယ်။

ဤယတြာကို ယခု ‌တပေါင်းလ တစ်လတာလုံး၌မည်သည့်နေ့ရက်၊အချိန်မှမဆို စတင်၍လုပ်ဆောင်နိုင်ပါသည်။

ဤယတြာအစီအရင်သည် အလွန်အစွမ်းထက်ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက ယခု တပေါင်းလတစ်လတာလုံး အတွင်း၌ မိမိသည်အတိုက်အခိုက် အနှောင့်အယှက်များကင်းဝေးစေ၍စီးပွားလာဘ်ရွှင် သုခ ချမ်းသာခြင်းများ ရရှိပါမည်။

ရေးသားသူ – ဗေဒင် ဆရာ ပေါက်ကျိုင်း

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။