စိုးရိမ်ပူပန်မှုတွေ ပြေပျောက်စေမယ့် နည်းလမ်းတွေ

Health

စိုးရိမ်ပူပန်မှုတွေ ပြေပျောက်စေမယ့် နည်းလမ်းတွေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စိုးရိမ်ပူပန်မှုတွေ ပြေပျောက်စေမယ့် နည်းလမ်းတွေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စိုးရိမ်ပူပန်မှုတွေ ပြေပျောက်စေမယ့် နည်းလမ်းတွေ

ဘဝမှာ လူတိုင်းဟာ စိုးရိမ်ပူပန်ခြင်းတွေကို တွေ့ကြုံခံစားကြရပါတယ်။ စာမေးပွဲဖြေခါနီး၊ အင်တာဗျူးဖြေခါနီးဆိုရင် အသက်ရှုမဝသလို၊ နှလုံးခုန်မြန်နေသလို၊ နေရထိုင်ရမသက်သာသလို လူတိုင်းဖြစ်ကြမှာပါ။ တချို့လူတွေက သူများတွေထက် ပိုပြီး စိုးရိမ်ပူပန်လွန်းတတ်ပါတယ်။ အဲဒီလိုစိုးရိမ်ပူပန်မှုကို ခံစားနေရတဲ့သူတွေက သူတို့ဘဝကို အနှောက်အယှက်ဖြစ်နိုင်တဲ့ စိုးရိမ်ပူပန်မှုလက္ခဏာရပ်တွေကို ရင်ဆိုင်ကြရပါတယ်။ အဲဒီလို စိုးရိမ်ပူပန်မှုတွေကနေ ကင်းဝေး၊ ပြေပျောက်ချင်ရင်တော့ ဒီဆောင်းပါးမှာ ဖော်ပြပေးထားတဲ့ နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်လို့ရပါတယ်နော်…။

လာဗင်ဒါပန်းအဆီကို ရှုပါ

လာဗင်ဒါပန်းအဆီနဲ့ နှိပ်နယ်ပေးတာ၊ ရှုရှိုက်ပေးတာတွေက စိုးရိမ်ပူပန်မှုတွေကနေ ပြေပျောက်အောင် ကူညီပေးနိုင်ပါတယ်။ အဲဒီအဆီက စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ နှလုံးကျုံ့သွားစေတဲ့ဖိအားတွေကို နည်းသွားစေနိုင်တယ်လို့ လေ့လာချက်တွေ့ရှိထားပါတယ်။ စိုးရိမ်ပူပန်တာတွေ သက်သာသွားစေဖို့အတွက် လာဗင်ဒါအဆီ အစက်အနည်းငယ်ကို ခေါင်းအုံးမှာ ထားတာ (ဒါမှမဟုတ်) ချိုးရေထဲ ထည့်ပေးလို့လည်း ရပါတယ်။ လာဗင်ဒါအဆီကို ရေကန်ထဲ ထည့်ပြီး ရေချိုးရင်လည်း ကောင်းတဲ့ရွေးချယ်မှုပါပဲ။

နေရောင်ခြည်ခံပေးပါ

နေရောင်ခြည်ကနေ ဗီတာမင်ဒီဓာတ်ရရှိနိုင်တယ်ဆိုတာကို လူတိုင်းသိကြပါတယ်။ နေရောင်ခြည်က ကျွန်တော်တို့ရဲ့စိတ်ကို ကြည်လင်စေသလို ဗီတာမင်ဒီကလည်း စိုးရိမ်ပူပန်တာနဲ့ စိတ်ဓာတ်ကျတာတွေရဲ့လက္ခဏာရပ်တွေကို ပြေလျော့သွားစေနိုင်တဲ့ စိတ်ပျော်ရွှင်စေတဲ့ဟော်မုန်းကို မြှင့်တင်ပေးပါတယ်။ (၁၅) မိနစ်လောက် အနားယူပြီး နေရောင်ခြည်ခံပေးရမှာဖြစ်ပါတယ်။

ဆားရည်နဲ့ ရေချိုးပေးပါ

Spa Luxetique Premium Epsom Salt Bath Salt Soaking 3 x 480g, Lavender,  Vanilla, Coconut Lime Nourishing Bath Salt Relieves Stress. Birthday  Mother's Day Gift Idea for Women : Amazon.ca: Beauty & Personal

ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာက စိတ်ကို တည်ငြိမ်လန်းဆန်းစေပါတယ်။ ရေထဲကို ဆားအနည်းငယ်ထည့်ပြီး ရေချိုးပေးရင်လည်း ပိုပြီး ထိရောက်မှုရှိပါတယ်။ ဆားမှာ ပါဝင်တဲ့ မဂ္ဂနီဆီယံဆာလဖိတ်က စိတ်ကြည်လင်စေတဲ့ ဂုဏ်သတ္တိပါဝင်ပါတယ်။

ကဖင်းဓာတ်ကို လျော့ပါ

ကဖင်းဓာတ်က စွမ်းအင်တွေကို မြှင့်တင်ပေးနိုင်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါက စိုးရိမ်ပူပန်တာတွေကိုလည်း ဖြစ်လာနိုင်တယ်ဆိုတာ သိထားသင့်ပါတယ်။ စိုးရိမ်ပူပန်တာတွေဖြစ်လာရင် ကဖင်းဓာတ်ပမာဏကို လျော့ချပစ်ဖို့ ကြိုးစားကြည့်ပါ။ တိုးတက်မှုကို တွေ့မြင်ရပါလိမ့်မယ်။ ကဖင်းဓာတ်ပမာဏနည်းတဲ့ လက်ဖက်စိမ်းကိုလည်း သောက်သုံးပေးလို့ရပါတယ်။

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပေးပါ

လေ့ကျင့်ခန်းလုပ်တာက စိုးရိမ်ပူပန်မှုတွေအားလုံးကို ပျောက်ကွယ်သွားစနေိုင်တဲ့ နောက်ထပ်နည်းတစ်နည်းဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်က စိုးရိမ်ပူပန်မှုအတွက် ကုသနည်းလို့တောင် လေ့လာတွေ့ရှိချက်တွေက ဆိုထားပါတယ်။ ဒါကြောင့် သင့်ရဲ့တစ်နေ့တာမှာ လေ့ကျင့်ခန်းလုပ်ဖို့အတွက် အချိန်နည်းနည်းချန်ထားပေးသင့်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။