ထပ်တလဲလဲမက်နေတဲ့ အိပ်မက်တွေနဲ့ လက်တွေ့ဘဝကြားက သင်မသိသေးတဲ့ ဆက်နွယ်မှုများအကြောင်း

Health
ထပ်တလဲလဲမက်နေတဲ့ အိပ်မက်တွေနဲ့ လက်တွေ့ဘဝကြားက သင်မသိသေးတဲ့ ဆက်နွယ်မှုများအကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထပ်တလဲလဲမက်နေတဲ့ အိပ်မက်တွေနဲ့ လက်တွေ့ဘဝကြားက သင်မသိသေးတဲ့ ဆက်နွယ်မှုများအကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ထပ်တလဲလဲမက်နေတဲ့ အိပ်မက်တွေနဲ့ လက်တွေ့ဘဝကြားက သင်မသိသေးတဲ့ ဆက်နွယ်မှုများအကြောင်း

မက်ပြီးသားအိပ်မက်တွေ ထပ်တလဲလဲပြန်မက်ခြင်းကို အရွယ်ရောက်ပြီးတဲ့သူ (၆၀%) နဲ့ (၇၅%) နှုန်းလောက်မှာ ပုံမှန်တွေ့နေရဆဲ ဖြစ်ပါတယ်။ ဒီလိုအိပ်မက်မက်တာမှာ အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုမက်တတ်ကြပါတယ်။ ပုံမှန်အားဖြင့် တစ်စုံတစ်ယောက်ရဲ့ အတိုက်ခိုက်ခံရတာ၊ နောက်ယောက်လိုက်ခံရတာ၊ အမြင့်ကနေ ပြုတ်ကျတာ၊ စာမေးပွဲ အောင်တာ၊ ကျတာတွေအပြင် ကားတိုက်ခံရတာနဲ့ မကြာခင် thayရတော့မယ်ဆိုတဲ့ အိပ်မက်မျိုးတွေအထိ ခဏခဏမက်တတ်ကြတယ်လို့ ဆိုပါတယ်။ ဒါဟာ ခံစားချက်သိပ်မကောင်းတဲ့သူတွေနဲ့ မသိစိတ်ထဲ အဆိုးမြင်အတွေးတွေ လွှမ်းမိုးနေကြသူတွေမှာသာ အဖြစ်များတတ်တယ်လို့ ဆိုပါတယ်။

အိပ်မက်ဆိုးတွေ မက်တိုင်းလည်း မကောင်းဘူးဆိုပြီး နိမိတ်ဖတ်လို့မရပါဘူး။ စာမေးပွဲဖြေခါနီး စာမေးပွဲကျမယ်ဆိုပြီး အိပ်မက်မက်တဲ့ကျောင်းသားက တကယ်စာမေးပွဲဖြေဆိုတဲ့အခါမှာ ရလဒ်ကောင်းကောင်းနဲ့ သေချာဖြေဆိုနိုင်တတ်ကြတယ်လို့ ဆိုပါတယ်။ ဒီအိပ်မက်ဆိုးက စာမေးပွဲအတွက် တွန်းအားတစ်ခုတောင် ဖြစ်သွားနိုင်သေးတယ်လို့ ဆိုပါတယ်။

အကြောင်းအရာတစ်ခုကို စွဲလမ်းတာက ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် သိစိတ်ကဖြစ်စေ၊ မသိစိတ်ကဖြစ်စေ သင့်အနေနဲ့ ဆယ်တန်းစာမေးပွဲဖြေတုန်းက အကြောင်းအရာတစ်ခုကို ကြောက်ရွံခဲ့ဖူးတယ်ဆို၊ တုန်လှုပ်ခြောက်ခြားခဲ့ရဖူးတယ်ဆို နောက်နှစ်ဆယ်တန်းစာမေးပွဲဖြေတဲ့သူတွေမြင်တိုင်း အိပ်မက်မက်တော့တာပါပဲ။ ဒါဟာ တမင်သက်သက်မှတ်လိုက်တာမျိုးလည်း မဟုတ်ပါဘူး။ အတိတ်ကစွဲလမ်းခြောက်ခြားခဲ့ဖူးတဲ့ အရာတစ်ခုနဲ့ ဆင်တူတာမျိုးကို ပစ္စုပ္ပန်မှာပြန်တွေ့ရတဲ့အခါ အဲဒီခုနှစ်တွေဆီ လူကိုယ်တိုင်မရောက်နိုင်တဲ့အတွက် စိတ်ကူးအိပ်မက်တွေနဲ့ ရောက်သွားခြင်းပဲ ဖြစ်ပါတယ်။

နောက်ထပ် စိုးရိမ်စိတ်ကနေတစ်ဆင့် တွန်းအားဖြစ်လာစေတဲ့ အိပ်မက်တွေအကြောင်းကို ပြောပြပေးချင်ပါသေးတယ်။ ငယ်ရွယ်တဲ့လူငယ်တစ်ယောက်ကသူ့ဘဝရှေ့ရေးအတွက် ညစဉ်ညတိုင်း ဝင်ငွေဘယ်လောက်ရှိတယ်ဆိုတာကို တွက်ချက်ပြီး တွေးတောနေတယ်ဆိုပါစို့။ ဒီမှာအသက်အရွယ် ကာလအပိုင်းအခြားတွေလည်း ပါလာတယ်ပေါ့။ ပညာရှာမယ့်အရွယ်၊ ဥစ္စာရှာမယ့်အရွယ်၊ နောက်ဆုံးမthayခင် အနားယူမယ့်အချိန်ထိပေါ့။ ဒီတော့သူ့ခေါင်းထဲမှာ ရှာထားတဲ့ငွေတွေ မသုံးလိုက်ရဘဲ thayသွားခဲ့သည်ရှိသော် … မိဘကို အလုပ်အကျွေးမပြုစုရဘဲ thayသွားခဲ့သည်ရှိသော် … ဘာမှဖြစ်ဖြစ်မြောက်မြောက် မကြိုးစားလိုက်ရဘဲ thayသွားခဲ့သည်ရှိသော်ဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ အိပ်ယာဝင်လိုက်တဲ့အခါမျိုးမှာ အရွယ်မတိုင်ခင်thayဆုံးခြင်းဆိုတဲ့ အိပ်မက်မျိုးကို ထပ်ခါထပ်ခါ ညစဉ်ညတိုင်းမက်လာတတ်ပါတော့တယ်။

ဒီအခါမှာ အဲဒီလိုအိပ်မက်မျိုးက ၎င်းဘဝအတွက်တွန်းအားတစ်ခုလိုဖြစ်ပြီး မthayခင်အချိန်လေးမှာ စိတ်လေမနေတော့ဘဲ အပြင်းအထန်ကြိုးစားရှာတော့မှာပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ထပ်တလဲလဲမက်နေတဲ့ အိပ်မက်တွေဟာ သိစိတ်နဲ့ မသိစိတ်ကြားက စွဲလမ်းမှုတွေသာဖြစ်ပြီး ယူတတ်မယ်ဆို ဘဝခွန်အားအနေနဲ့တောင် အသုံးချလို့ရကြောင်း ထပ်လောင်းပြောကြားလိုက်ချင်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။