ကိုယ်စွန့်တဲ့ မစင်နဲ့ ဆီးရည်တွေကိုပါ စားခိုင်းသောက်ခိုင်တဲ့ သုခိတာရာမကျောင်းတိုက် ငရဲခန်းကနေ လွတ်မြောက်လာကြတဲ့ သီလရှင်လေးများ

Local News

ကိုယ်စွန့်တဲ့ မစင်နဲ့ ဆီးရည်တွေကိုပါ စားခိုင်းသောက်ခိုင်တဲ့ သုခိတာရာမကျောင်းတိုက် ငရဲခန်းကနေ လွတ်မြောက်လာကြတဲ့ သီလရှင်လေးများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကိုယ်စွန့်တဲ့ မစင်နဲ့ ဆီးရည်တွေကိုပါ စားခိုင်းသောက်ခိုင်တဲ့ သုခိတာရာမကျောင်းတိုက် ငရဲခန်းကနေ လွတ်မြောက်လာကြတဲ့သီလရှင်လေးများဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကိုယ်စွန့်တဲ့ မစင်နဲ့ ဆီးရည်တွေကိုပါ စားခိုင်းသောက်ခိုင်တဲ့ သုခိတာရာမကျောင်းတိုက် ငရဲခန်းကနေ လွတ်မြောက်လာကြတဲ့ သီလရှင်လေးများ

သုခိတာရာမ ကျောင်းတိုက်ရဲ့ ငရဲခန်းကနေ မthayရုံသမယ် ဒဏ်ရာဒဏ်ချက်တွေနဲ့ သီလရှင် (၅) ပါးက မွေးရပ်ဇာတိမြေကို ကံကောင်းထောက်မစွာ အသက်ရှင်လျှက်ပြန်ရောက်ရှိလာပါတယ်။

သူတို့တွေထဲက (၂) ပါးမှာ အစာငတ်ထားခံရပြီး မကြာခဏ ကြိုးနဲ့တုတ်ချည်ခံခဲ့ရပါတယ်။ နောက်ထပ်တစ်ပါးကတော့ ကိုယ်စွန့်တဲ့ မစင်နဲ့ ဆီးရည်တွေကိုပါ စားခိုင်းသောက်ခိုင်းခံရတာတွေရှိပါတယ်။

ရိုက်နှက်ခံထားရပြီး တစ်ကိုယ်လုံး ဒဏ်ရာတွေ ပြည့်နှက်နေ့တဲ့ လွေးနွမ်းခမ်း

သူတို့တွေဟာ ကျန်းမာရေးဆိုးရွာစွာချို့ယွင်းနေပြီး လက်ရှိမှာတော့ ကျောက်မဲမြို့မှာ ဆေးကုသမှုခံယူနေကြပါတယ်။အဲဒီသီလရှင်လေးတွေကတော့ ကျောက်မဲမြို့နယ် ခုံငင်းရွာနဲ့ ကျောင်းခမ်းရွာက ဖြစ်ပါတယ်။

အသက် (၇)နှစ်သာ ရှိသေးတဲ့ လွေးမြအောင်တစ်ယောက် ကျန်းမာရေးကောင်းသူ သွက်သွက်လက်လက်ရှိသူဖြစ်ပါတယ်။ နှိပ်စက်ခံရပြီးနောက် လမ်းတောင်မလျှောက်နိုင်တော့ဘဲ ပိန်ခြောက်နေပါတယ်။ စကားလည်း သိပ်မပြောနိုင်တော့သလို နှိပ်စက်ဒဏ်ကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေအထိ ဖြစ်နေတယ်လို့ အဖိုးဖြစ်သူ တာကျောင်အောင်က ရွှေဖီမြေကို ပြောပါတယ်။

နှိပ်စက်ခံထားရတဲ့ ဒဏ်ကြောင့် လမ်မလျှောက်နိုင်သလို စကားပါမပြောနိုင်တော့တဲ့ လွေးမြအောင်

တာကျောင်အောင်က “သူတို့က မြေးလေးကို လှေကားပေါ်ကနေ ကန်ချပစ်တာ။ ပြီးတော့ ဓာတ်ဗူးနဲ့ ပြန်ရိုက်တာ။ ခြေထောက်တွေကိုလည်း နှိပ်စက်ထားတာ။ အခုထပ်ထိ အဲဒီအမာရွက်တွေက ရှိနေသေးတယ်။ ကလေးကို မစင်တွေရောစားခိုင်းတယ် ဆီးတွေသောက်ခိုင်းတယ်။ ကလေးတွေပြောကြတာတော့ သူက အုတ်ခဲတွေ မသယ်နိုင်လို့ သူတို့ဆရာမကြီးက အပြစ်ပေးတာတဲ့။ အခု ကလေးကို အဖေကော အမေ​ကော ကျောက်မဲမှာ သွားပြုစုစောင့်ရှောက်နေရတယ်။ အဲဒီဆရာလေးက လူမဟုတ်ဘူး ဘီလူးပဲ”လို့ ပြောပါတယ်။

ခြေထောက်အပါအဝင် လွေးနွမ်ခမ်း တစ်ကိုယ်လုံး ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေ ဖြစ်ပါတယ်

ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့အနေနဲ့ မကျေနပ်သလို ဆေးကုသစားရိတ်အကုန်လုံးကို တာဝန်ရှိ သီလရှင်ဘက်က တာဝန်ယူဖြေရှင်းပေးစေလိုတယ်လို့ ဆိုပါတယ်။
ကလေးတွေကို နည်းမျိုးစုံနှိပ်စက်နေတဲ့ သုခိတာရာမ သီလရှင်ကျောင်းတိုက်ဟာ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် မြိုင်သာယာ အမှတ်(၁)ရက်ကွက်မှာ တည်ရှိပါတယ်။

မွန်-ဗမာကပြားဖြစ်တဲ့ ဒေါ်အိဒ္ဒြာသီရိ သီလရှင်ကြီးက ဦးစီးတယ်လို့ ဆိုပါတယ်။
အဲသီလရှင်ကျောင်းမှာ ကျောက်မဲမြို့နယ် ခိုငင်းနဲ့ ကျောင်ခမ်းကျေးရွာက သီလရှင်လေးတွေ စုစုပေါင်း ၁၆ ပါးရှိပါတယ်။

နိုင်လွန်ကြိုးနဲ့ ကြိုးတုတ်ခံရတဲ့ ပုံစံကို ကာယကံရှင် လွေးဝင်းဝင်းခိုင်က ပြန်ပြောပြနေပုံ

၅ ပါးပြန်လွှတ်လာတော့ (၁၁) ပါး ကျန်ရှိနေဆဲဖြစ်ပြီး ကျန်ရှိနေသူတွေက နှိပ်စက်ခံနေရဆဲဖြစ်တယ်လို့ လွတ်မြောက်လာတဲ့ သီလရှင်လေးတွေက ပြောပါတယ်။
သူတို့တွေကို ပညာသင်ကြားပေးမယ်ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဧပြီလအတွင်းမှာ နမ့်ဆန်မြို့နယ် မန်စပ်ကျေးရွာဇာတိဖြစ်သူ လက်ထောက်သီလရှင်တစ်ပါးက လာရောက်စည်းရုံးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

ကလေးမိဘတွေက ယုံကြည်ပြီး သူတို့သားသမီးတွေကို သီလရှင်ဝတ်စေကာ ပညာသင်ကြားနိုင်ဖို့ ထည့်လိုက်တာလို့ ဆိုပါတယ်။

ကလေးတွေက စာမသင်ရဘဲနဲ့ ကျောက်ဆောက်လုပ်ရေးမှာ လုပ်အားပေးပြီး အုတ်တွေသယ်နေရပါတယ်။ အုတ်မသယ်နိုင်တဲ့ သီလရှင်လေးတွေကို အပြစ်ပေးခံရသလို ဆွမ်းအလှူခံထွက်ပြီး ရလာတဲ့ ဆွမ်းနဲ့ ပစ္စည်းတွေကိုလည်း တခုမကျန် ပြန်အပ်ပေးရတယ်လို့ ကာယကံရှင် သီလရှင်လေးတွေက ထွက်ဆိုပါတယ်။

အသက် ၁၄ နှစ်အရွယ်သာရှိသေးတဲ့ သီလရှင် မပုန္နမီ(ခေါ်) လွေးဝင်းဝင်းခိုင်ဟာ သူမသူငယ်ချင်းတွေနဲ့အတူ ကျောင်းတိုက်ထဲမှာ ၂ ရက်ကြာအောင် ထမင်းအငတ်ထားပြီး ကြိုးတုတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။

ကြိုးတုတ်ခံခဲ့ရတဲ့ပုံစံတွေကိုလည်း ကလေးတွေက ပြန်ပြပေးခဲ့ပါတယ်။
“စစချင်းကတော့ မီးဖိုကျောင်းတံခါးမပိတ်မိလို့တဲ့။ နိုင်လွန်ကြိုးအစိမ်းနဲ့ တုတ်တာ။ လက်တစ်ဖက် ခြေထောက်တစ်ဖက်ကို ချည်ပြီး တန်းပေါ်ချိတ်ထားတာ။ ၂ရက်လောက်အဲလိုလုပ်တယ်။ ထမင်းလည်း မကျွေးဘူး။ အဲလိုမျိုး ၃ခါ ခံရဖူးတယ်”လို့ လွေးဝင်းဝင်းခိုင်ကထွက်ဆိုပါတယ်။

လက်ရှိ လွေးဝင်းဝင်းခိုင်အပါအဝင် အသက် ၁ဝ နှစ်အရွယ်ရှိတဲ့ နန်းလီလည်း အဲဒီကြိုးတုတ်ထားခံရတဲ့ ဒဏ်ရာက ကျန်ရှိနေဆဲဖြစ်ပါတယ်။ အဲဒီကျောင်းတိုက်မှာ နေထိုင်တဲ့ သီလရှင်ငယ် ၁၆ ပါးလုံးဟာ တစ်ရက်ကို ထမင်း ၂ နပ်စားရပြီး တစ်နပ်ကို တစ်ပန်ကန်သာ စားရတယ်လို့ ဆိုပါတယ်။

မသိက္ခအမည်ရှိတဲ့ လွေးနွမ်းခမ်း အသက်(၉)နှစ်ဟာ တစ်ကိုယ်လုံးမှာ ရိုက်နှက်ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတယ်။

ရိုက်နှက်ထားခံရတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ပြည့်နှက်နေပြီး ပိန်ခြောက်နေပါတယ်။
လွေးနွမ်ခမ်းက “ကျောင်းဆောက်တာက (၁)လလောက်ရှိပြီ။ အုတ်ခဲမသယ်နိုင်လို့ သူတို့ရိုက်တယ်။ ပြီးရင် အုတ်ခဲတွေနဲ့ လူကိုပြန်ဖိတယ်။ ကြိုးတော့ အတုတ်မခံရဖူးဘူး။ ဒါပေမယ့် ခဏခဏအရိုက်ခံရတယ်”လို့ ပြောပါတယ်။

လက်ရှိ လွေးနွမ်ခမ်းဟာ ခြေထောက်တွေ ဖောယောင်နေပြီး ဗိုက်လည်းနာနေသလို ငွေကြေးမတတ်နိုင်တဲ့အတွက် ရွာအတွင်းမှာဘဲ ကုသနေရတယ်လို့ မိခင်ဖြစ်သူ မားအောင်ခမ်းက ပြောပါတယ်။

သုခိတာရာမ သီလရှင်ကျောင်းတိုက်မှာ ကျန်ရှိနေတဲ့ သီလရှင် ၁၁ ပါးအတွက်လည်း မိသားစုဝင်တွေ စိတ်ပူနေပြီး ပြန်ခေါ်ချင်ပေမယ့် ကျောင်းအုပ်ဖြစ်သူက လာမခေါ်ဖို့ ပြောထားပါတယ်။

ကျောင်းတိုက်တွင်းကျန်ရှိနေတဲ့ သီလရှင်ရဲ့ ဖခင်ဖြစ်သူက “သမီးဆီဖုန်းဆက်တော့ လာမခေါ်နဲ့ သူတို့ပျော်တယ်တဲ့။ လာခေါ်ရင် ပိုက်ဆံပဲ ကုန်မယ်တဲ့။ အဲတာလည်း သီလရှင်လေးကို ဇွတ်ပြောခိုင်းတဲ့ သဘောဖြစ်မယ်။ ပြီးတော့ သီလရှင်ဆရာကြီးကလည်း “လာမခေါ်နဲ့”လို့ပြောတယ်။ ကျနော်က ပြန်လာတဲ့သီလရှင်တွေကိုကြည့်ပြီးစိတ်ပူနေတယ်။ ကျနော်က သမီးကိုပြန်ခေါ်ချင်တယ် ကူညီပေးပါဦး” လို့ တောင်းဆိုနေပါတယ်။

အိမ်ပြန်လာကြတဲ့ သီလရှင် (၅)ပါးလုံးကို ကျောင်းအုပ်ဖြစ်သူ ဒေါ်အိဒ္ဒြာသီရိကိုယ်တိုင်လာပို့ပြီး ကျောက်မဲမြို့ရှိ ကလေးမိဘတွေရဲ့အသိအိမ်နား လမ်းဘေးမှာသာ ချပြီး ပြန်ထွက်သွားပါတယ်။

ကလေးတွေ ပိန်ခြောက်နေတဲ့အတွက် ပြန်ပို့လိုက်တာလို့ ဒေါ်အိဒ္ဒြာသီရိက ပြောတယ်လို့ ရွာသားတွေပြန်ပြောပြပါတယ်။

ဆက်လက်ပြီး တာကျော်အောင်က “သူတို့က သုံးဘီးဆိုင်ကယ်နဲ့ ကျောက်မဲမှာရှိတဲ့ ခုံငင်းအသိအိမ်မှာ ကလေးတွေကို လာချသွားတယ်။ အောက်ဆင်းပြီး လက်ဖက်ရည်ခေါ်တိုက်လည်း မသောက်ဘူး။ ချပြီးတာနဲ့ သူတို့ထွက်သွားတယ်။ ကလေးအခြေအနေတွေလည်း ဘာမှပြောမသွားဘူး” လို့ ဆိုပါတယ်။

ပြန်ရောက်ရှိလာတဲ့ သီလရှင် (၅) ဦးထဲမှာ အသက် (၅)နှစ်အရွယ်ကနေ ၁၄နှစ်အရွယ်တွေဖြစ်ကြပြီး အသက် ၇နှစ်အရွယ် လွေးမြအောင်ကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေနေထိ ဖြစ်ခဲ့ပါတယ်။

ငွေကြေးမတတ်နိုင်တဲ့ မိသားစုတွေမှာ အိမ်မှာပဲ ဆေးကုသမှုခံယူရပါတယ်။ အချို့သီလရှင်လေးတွေက စိတ်ဒဏ်ရာကြောင့် စကားပင်ပြောမထွက်တဲ့အထိဖြစ်ပါတယ်။
မိဘတွေကတော့ အဲဒီကျန်ရှိနေသေးတဲ့ ကလေးငယ်တွေကို ပြန်လည်လွတ်မြောက်လာဖို့ တာဝန်ရှိသူအနေနဲ့ အကူအညီပေးကြဖို့ နစ်နာသွားတဲ့ ကလေးငယ်တွေအတွက်လည်း တာဝန်ရှိ သီလရှင်တွေက တာဝန်ယူပေးဖို့ မိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။

ရေးသားသူ – Shwe Phee Myay News Agency

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။