တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း ညဘက်မီးပျက်မှာစိုးတဲ့အတွက် စက်မှုလက်မှုလုပ်ငန်းတွေကို ညဘက်မလုပ်ခိုင်းတဲ့အမိန့်စာထုတ်လိုက်တဲ့ EPC

Local News
တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း ညဘက်မီးပြတ်မှာစိုးတဲ့အတွက် စက်မှုလက်မှုလုပ်ငန်းတွေကို ညဘက်မလုပ်ခိုင်းတဲ့အမိန့်စာထုတ်လိုက်တဲ့ EPC

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း ညဘက်မီးပျက်မှာစိုးတဲ့အတွက် စက်မှုလက်မှုလုပ်ငန်းတွေကို ညဘက်မလုပ်ခိုင်းတဲ့အမိန့်စာထုတ်လိုက်တဲ့ EPC ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း ညဘက်မီးပျက်မှာစိုးတဲ့အတွက် စက်မှုလက်မှုလုပ်ငန်းတွေကို ညဘက်မလုပ်ခိုင်းတဲ့အမိန့်စာထုတ်လိုက်တဲ့ EPC

မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဌာနကတော့ လုပ်လိုက်ရင်အဆန်းတွေချည်းပါပဲ အခုတခါမှာဆိုရင်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလမှာ ၂၄နာရီမီးပေးမယ်လို့မပြောပဲ လျှပ်စစ်လျော့သုံးခိုင်းနေတာဖြစ်ပါတယ် ။ မီးပုံမှန်မပေးနိုင်ပဲအနာဂတ်မှာ လျှပ်စစ်ကားတွေတင်သွင်းတော့မှာဖြစ်ပါတယ်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရဲ့facebook စာမျက်နှာမှာအခုလိုတင်ပြအသိပေးထားတာဖြစ်ပါတယ်

“အများပြည်သူအုပ်စုအတွင်းဓာတ်အားသုံးစွဲနေသောစီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များသို့ အသိပေးပန်ကြားချက်

၁။​(၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ၊ (၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။ မတ်လ(၁) ရက်နေ့မှ ၂၀ ရက်နေ့အတွင်းတက္ကသိုလ်ဝင်စာမေးပွဲကာလတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ညပိုင်းစာကြည့်နိုင်ရေးအတွက် ဓာတ်အားတိုးတက်ဖြန့်ဖြူးနိုင်ရန်ဓာတ်အားထုတ်လုပ်မှုတိုးမြှင့်ရေးကိုလျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ စီမံ ဆောင်ရွက်လျှက်ရှိပါသည်။

၂။​တက္ကသိုလ်ဝင်စာမေးပွဲကာလတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ ညပိုင်းစာကြည့်ချိန် အတွင်း ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှု မမျှတပါက ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ သို့ဖြစ်ပါ၍ အများပြည်သူအုပ်စုအတိုင်းဓာတ်အားသုံးစွဲနေသော ရပ်ကွက်/ကျေးရွာအတွင်းရှိ စီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းများအား (၁.၃.၂၀၂၃) မှ (၂၀.၃.၂၀၂၃)နေ့အထိ ညနေ(၅)နာရီမှ (၁၀)နာရီအထိ ကန့်သတ်ချိန်အတွင်း ဌာနမှဖြန့်ဖြူးသည့်လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းမပြုကြပါရန် အသိပေးပန်ကြား အပ်ပါသည်။

၃။​ကန့်သတ်ချိန်အတွင်း ဌာနမှဖြန့်ဖြူးသည့်လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိရပါက အုပ်ချုပ်မှုနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။”

ရေးသားသူ – ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။