မြေပဲနှုတ် အဌားလိုက်ပြီး ကျည်ဖိုးရှာနေရတဲ့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့

Local News

မြေပဲနှုတ် အဌားလိုက်ပြီး ကျည်ဖိုးရှာနေရတဲ့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြေပဲနှုတ် အဌားလိုက်ပြီး ကျည်ဖိုးရှာနေရတဲ့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးနိုင်သည့် ကျေးရွာများတွင် ရဲဘော်များက မြေပဲနှုတ် အငှားလိုက်၍ ကျည်ဖိုးရှာနေကြရကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ယနေ့ (မေလ ၁၆) တွင် လူမှုကွန်ရက်၌ ဖော်ပြခဲ့သည်။

တော်လှန်ရေး ရဲဘော်များ၏ နေ့စဥ် အသုံးစရိတ် ၊ Mission ကုန်ကျစရိတ် ၊ တိုက်ပွဲသုံး၊ ကျည်ဖိုး ၊ မပြည့်စုံသော လက်နက်များ ဖြည့်တင်းရမှု ၊ ဝတ်စုံစရိတ် ၊ နေ့စဥ်ဖုန်းဘေဖိုး ၊ ဆေးဖိုး ၊ ရိက္ခာဖိုး အစရှိသဖြင့် တော်လှန်ရေး အသုံးစရိတ်များ အမြဲမပြတ် လိုအပ်ချက် မြင့်မားလျှက် ရှိနေကြောင်း သိရသည်။


လက်ရှိတွင် ရဲဘော်များအနေဖြင့် တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်နိုင်ရန် အခက်အခဲ ရှိသဖြင့် ပြည်သူများ လှူကြ၊ ကူကြရန် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ ဗိုလ်တမာက ရေးသားဖော်ပြခဲ့သည်။


” လှူကြပါ ကူကြပါ ။ ငွေမရှိရင် တပ်ဖွဲ့ရပ်တည်မှု ခက်ခဲပါတယ်။ ကျွန်တော်တို့က ငါးဆို ပြည်သူကရေပါ ။ ပြည်သူကို အားကိုးချင်ပါတယ် ။ ပြည်သူက အားကိုးနိုင်တဲ့တပ်ဖွဲ့ဖြစ်ချင်ပါတယ် ” ဟု ရေးသားခဲ့သည်။
တော်လှန်ရေး ရဲဘော်များအနေဖြင့် ကိုယ့်ပိုက်ဆံကိုယ်ရှာ၍ စစ်အာဏာရှင်ကို တော်လှန်ရန် လုပ်ဆောင်နေရခြင်း အပေါ် စိတ်မကောင်းဖြစ်မိကြောင်းနှင့် ပြည်သူအားလုံး တတ်နိုင်သည့် နေရာမှ တော်လှန်ရေးအတွက် ပူးပေါင်းပါဝင်ကြရန် လိုအပ်​ကြောင်း ပြည်သူတစ်ဦးက လူမှုကွန်ရက်၌ မှတ်ချက်ရေးသားခဲ့သည်။


ဓာတ်ပုံ – ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။