(၇) ရက် သားသမီးများ၏ မဟာဘုတ် အဖွား (၇) မျိုး အတွက် ဘဝ တစ်သက်တာ ဟောကိန်းများ

Astrology
၀ – ကြွင်းတိုင် (သို့မဟုတ်) ၇ – ခုကြွင်းတိုင်
(၇) ရက် သားသမီးများ၏ မဟာဘုတ် အဖွား (၇) မျိုး အတွက် ဘဝ တစ်သက်တာ ဟောကိန်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ (၇) ရက် သားသမီးများ၏ မဟာဘုတ် အဖွား (၇) မျိုး အတွက် ဘဝ တစ်သက်တာ ဟောကိန်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၀ – ကြွင်းတိုင် (သို့မဟုတ်) ၇ – ခုကြွင်းတိုင်
(၇) ရက် သားသမီးများ၏ မဟာဘုတ် အဖွား (၇) မျိုး အတွက် ဘဝ တစ်သက်တာ ဟောကိန်းများ

စနေ – သားသမီး (ဘင်္ဂဖွား)
တနင်္ဂနွေ – သားသမီး (ပုတိဖွား)
တနင်္လာ – သားသမီး (သိုက်ဖွား)
အင်္ဂါ – သားသမီး (မရဏဖွား)
ဗုဒ္ဓဟူး – သားသမီး (အဓိပတိဖွား)
ကြာသပတေး – သားသမီး (ရာဇဖွား)
သောကြာ – သားသမီး (အထွန်းဖွား)

၀ – ခု ကြွင်း ၇ – စနေ (စနေ- သားသမီး) ဘင်္ဂဖွား အတွက် ဘဝတစ်သက်တာ ဟောကိန်း

၊ ၄ .၊

၆. ၊ ၂. ၊ ၅

၃ ၊ ၇. ၊ ၁
.
(ဘင်္ဂဖွား)

၀ ကြွင်း (သို့မဟုတ်) ၇ – ကြွင်း စနေ- သားသမီး ဘင်္ဂဖွားများသည် ဘင်္ဂခံ၍ မွေးခြင်းကြောင့် ပထမအရွယ် ငယ်စဉ်က အဖျားအနာ ရောဂါဥပဒ် ကပ်ရောက်မှု များတတ်သည်။ အမိအဘတို့သည် ဆင်းရဲညိုငြင်စွာ မွေးရတတ်သည်။
ချူချူချာချာ များမည်။ အသား ဖြူနီ ရှိမည်။ စကားနည်းမည်။ စကားနည်းမည်။ စိတ်တိုလွယ်မည်။ ပညာ သင်သော် တတ်သိနားလည် လွယ်မည်။

အဘကျေးဇူး အထူးမခံစားရ။ အဘနှင့် ငယ်စဉ်က ကွဲနိုင်သည်။ သို့မဟုတ် အဘ ဦးစွာ ပျက်စီးနိုင်သည်။ ဆွေမျိုးကျေးဇူး အထူးခံစားခွင့် မရတတ်ပေ။
မွေးစမှ ၁၀ နှစ်အတွင်း စနေဂြိုဟ်- ဘင်္ဂအိမ်မှာ နေသည်။

အသက် ၁၁ – နှစ်မှ ၂၉ – နှစ်အတွင်း ကြာသပတေးဂြိုဟ်- ရာဇအိမ် သို့ ရောက်သောကြောင့် ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္လာ သားသမီးများက မ.စ စောင့်ရှောက် ခံရ၍ အစိုးရ အရာရှိသော်လည်းကောင်း၊ ဆရာအလုပ်သော်လည်းကောင်း၊ တစ်ခုခု အမည်ဖြင့် ထင်ရှား၍ စီးပွားချမ်းသာ ရတနာ ရွှေငွေ၊ ဆန်ရေစပါး၊ ကျွဲနွား ဆင်မြင်း၊ ခပင်း ဥဿုံ ပြည့်စုံကြွယ်ဝလျက်၊ လှပအောင် အကျိုးပေးပေမည်။

အသက် ၁၁ – နှစ်တွင် ရောဂါ ဥပဒ် ထူလိမ့်မည်။ သတိရှိလေ။အသက် ၃၀ အဝင်သို့ ရောက်လျှင် အသက် ၄၁ – နှစ်အထိ အထူးအကျိုးပေးမည်။ ချမ်းသာမည်။ ရှေးကထက် အကျိုးထူး ခံစားရနိုင်သည်။ ရာဟုဂြိုဟ်အိပ် အဓိပတိကြောင့် ဖြစ်ပေသည်။
တဖန် အသက် ၆၂ – နှစ်အထိတိုင် သောကြာ အထွန်းသို့ ခိုဝင်၍ နားသောကြောင့် ကောင်းကျိုး ခံစားခွင့် ရပေဦးမည်။

စနေ – ဘင်္ဂဖွားမှာ မိန်းမဖြစ်က အိမ်ထောင် ကံမကောင်း၊ လင်တေ လင်ဆိုး လင်သူခိုးများနှင့် အကြောင်းပါတတ်သည်။ အိမ်ထောင် နှစ်ဆက် သုံးဆက် ပြုရတတ်သည်။
ယောက်ျားဖြစ်လျှင် လိမ္မာပြေပြစ် ချစ်ချင်စဖွယ် နုနယ် သန့်ရှင်းသော မိန်းမချောနှင့် အိမ်ထောင်ပြုရတတ်ပေသည်။

၅ – တေး ရာဇဖြစ်၍ မိတ်ဆွေကောင်း ပေါများမည်။ ပညာနှင့် ထူးထူးချွန်ချွန် အကျိုးပေးမည်။ ဗုဒ္ဓဟူး အဓိပတိကျ၍ သားသမီးကောင်း ထွန်းကားမည်။
သားသမီးအကျိုး ခံစားရမည်။ ကုန်အရောင်းအဝယ်ပြုလုပ်သော် တနင်္လာနံ(သိုက်အိမ်) ကွမ်း၊ ကွမ်းသီး၊ ဗုဒ္ဓဟူးနံ(အဓိပတိအိမ်) ရွှေ၊ လှေ၊ လှည်း၊ လယ်ယာ၊သောကြာနံ(အထွန်းအိမ်) သစ်၊ သံ၊ သွပ်၊၄င်းနံများနှင့် ထာဝရ အကျိုးပေးမည်။
တနင်္ဂနွေ၊ အင်္ဂါ၊ စနေနံများ အထူးရှောင်ပါ။

အိမ်ထောင်ပြုလျှင် တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး သားသမီးများနှင့် ပြုပါလေ။
တနင်္ဂနွေ၊ အင်္ဂါ၊ စနေ သားသမီးများ ရှောင်ပါလေ။အဦး မိန်းကလေး ဖွားအံ့။
အသက် ၁၁ နှစ် အရွယ်က ဖျားနာ၍ thayလျှင်thay၊ မthayသော် အသက် ၆၉ နှစ်နှင့် အထက် နေရတတ်ပါသည်။

.၀ – ခု ကြွင်း ၁ – နွေ (တနင်္ဂနွေ – သားသမီး) ပုတိဖွား အတွက် ဘဝတစ်သက်တာ ဟောကိန်း

၊ ၄ .၊

၆. ၊ ၂ ၊ ၅

၃ ၊ ၇. ၊ ၁. < < ပုတိ

၀ ကြွင်း (သို့မဟုတ်) ၇ – ခုကြွင်း တနင်္ဂနွေသားသမီး ပုတိဖွား တို့သည် စိတ်ကောက်တတ်ခြင်း၊ ဆံပင်ကောက်ခြင်း၊ နှာယောင်ကောက်ခြင်း၊ ကြောက်ရွံ့တတ်ခြင်းတို့ ရှိတတ်သည်။ အသားဖြူ၍ စကားသင့်၏။

အဘ ဥစ္စာပစ္စည်း ကျေးဇူးကို မခံစားရတတ်ပေ။ငယ်စဉ်က ရောဂါဥပဒ် အန္တရာယ် များတတ်သည်။ အသက် ၆ နှစ်အထိ တနင်္ဂနွေဂြိုဟ် ပုတိအိမ်မှာ နေသည်။ အသက် ၇ – နှစ်အဝင် မှ စ၍ အသက် ၂၁ နှစ်အထိ တနင်္လာဂြိုဟ် – သိုက်အိမ်မှာ ခိုဝင်စားသည်။
အသက် ၂၁ – နှစ်အတွင်း အလုပ်အကိုင် အကြံအစည် မှန်သမျှ နေရာတကျ ပြီးမြောက်နိုင်သည်။

အသက် ၂၂ – နှစ် အင်္ဂါဂြိုဟ် – မရဏအိမ်သို့ အကူးတွင် အဖျားအနာ ရောဂါဘယ နှိပ်စက်၍ လက်ရှိဥစ္စာပစ္စည်းများ ပျက်စီး ဆုံးပါးတတ်သည်။အသက် ၂၉ နှစ် ရောက်မှ ၄င်းအညံ့များ ပပျောက်မည်ဖြစ်သည်။ ဗုဒ္ဓဟူးဂြိုဟ် – အဓိပတိအိမ်တွင် ဂြိုဟ်သက် ၁၇ – နှစ် ခိုဝင်စားမည်။

အသက် ၃၀ – တွင် ဗုဒ္ဓဟူးဂြိုဟ် – အဓိပတိသို့ ရောက်သည့်အချိန်မှ အသက် ၄၁ – နှစ်တိုင် ဥစ္စာစီးပွား၊ စပါးဆန်ရေ၊ ရွှေငွေ ရတနာ လိုရာမက ကြံသမျှ ပြီးမြောက် တတ်သည်အထိ အကျိုးပေးတတ်သည်။အသက် ၄၇ – နှစ်အဝင်၊ စနေဘင်္ဂဂြိုဟ် စား၍ စီးပွားဆုတ်ယုတ်၊ အလုပ်မတော်၊ မှားယွင်း ချွတ် ချော်တတ်ပါသည်။
အဖျားအနာ ရောဂါ ဥပဒ် နှိပ်စက်တတ်သဖြင့် ပူပန်သောက စိတ်ဒုက္ခနှင့် ကြုံရတတ်သည်။သူခိုး သူဝှက် တို့၏ ခိုးခြင်းကို ခံရတတ်ပါ၍ အထူးသတိထားလျက် နေပါမှ သင့်တော်ပေလိမ့်မည်။

ထို့ပြင် အရှေ့မြောက်၊ အနောက်အရပ်က လူများနှင့် နွား၊ နားဋောင်း၊ ကျောက်နီ၊ ဤနံမှုကိစ္စတွေကြောင့် တရားတပေါင် အမှုအခင်း၊ ဖြစ်ကိန်းရှိသည်။
ဆွေမျိုးတို့ကြောင့် ပူပင်သောက စိတ်ဆင်းရဲခြင်းလည်း တွေ့နိုင်၏။
အသက် ၄၆ နှစ် ၄၇ – နှစ် အဝင်ကစ၍ အသက် ၅၇ နှစ်အတွင်း စီးပွားချမ်းသာ မတိုး၊ ကိုယ့်အကျိုး ယုတ်စရာများသာ ဖြစ်တတ်ပါသည်။

အသက် ၅၈ – နှစ် ကြာသပတေးဂြိုဟ် – ရာဇအိမ်
ခိုဝင်စားသည်မှ စ၍ ကြာသပတေးဂြိုဟ်သက် ၁၉ နှစ် ရှိရာ အသက် ၇၇ နှစ်အထိ ပူပင်သောက ဗျာပါရ ကင်း၍ စည်းစိမ်ဥစ္စာ တိုးပွားသဖြင့် ဘုရား၊ ကျောင်း စသည်တို့တွင် ကောင်းမှုများ အမှန်ပင် ပြုရတတ်သည်။

မိန်းမဖြစ်လျှင် လင်၏ အကျိုးကို မခံစားရတတ်။
ယောက်ျား ဖြစ်က လှပချောမော သဘောပြေပြစ်၊ ချစ်စရာမဆုံး ရာသက်လုံး ပေါင်းထိုက်သော မယားကောင်းများနှင့် ပေါင်းရတတ်သည်။

ကုန်ရောင်းကုန်ဝယ်ပြုလုပ်လိုလျှင်
တနင်္လာနံ (သိုက်အိမ်) ကွမ်း၊ ကွမ်းသီး၊ ကြက်သွန်၊ ငရုတ်၊
ဗုဒ္ဓဟူးနံ (အဓိပတိ) လယ်ယာ၊ ရွှေ၊ လှေ၊ လှည်း၊ ဝါး၊ ယာဉ်၊
ကြာသပတေးနံ (ရာဇအိမ်) မြေ၊ မြင်း၊ မြ၊ ပုလဲ၊ ပတ္တမြား၊
သောကြာနံ (အထွန်းအိမ်) များဖြစ်သည့် သစ်၊ သံ၊ သွပ် စသည်တို့ကို ကုန်ရောင်းကုန်ဝယ် လုပ်ကိုင်ပါလေ။
စနေနံ (ဘင်္ဂအိမ်) နံသင့်ကုန်များ နှမ်း၊ ထန်းလျက်၊ ထီး၊ ဖိနပ်၊ ထီ၊
တနင်္ဂနွေနံ (ပုတိအိမ်) အိုး၊ အုတ်၊ အိမ်၊
အင်္ဂါ (မရဏအိမ်) ဆန် စပါး၊ ဆီ၊ ဆေး၊ ဆား၊ စိန်၊ စက်၊
စသည်တို့ကို ရှောင်ပါလေ။

အိမ်ထောင်ပြုလိုလျှင် တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးတို့နှင့် အိမ်ထောင်ပြုက သင့်မြတ်၏။
တနင်္ဂနွေ၊ စနေ၊ အင်္ဂါ သားသမီးများကို ရှောင်၍ ပြုပါလေ။
အဦး မိန်းကလေး ဖွားမြင်တတ်သည်။
အသက် ၂၂ နှစ် မရဏအိမ်- အင်္ဂါဂြိုဟ် – အကူးတွင် thayသော်thay၊ မthayသော် အသက် ၇၅ – နှစ်နှင့် အထက် နေရတတ်သည်။

၀ – ခု ကြွင်း ၂ – င်္လာ (တနင်္လာ- သားသမီး) သိုက်ဖွား အတွက် ဘဝတစ်သက်တာ ဟောကိန်း

၊ ၄ .၊
၆. ၊ ၂. ၊ ၅ သိုက်
၃ ၊ ၇. ၊ ၁

၀ – ကြွင်း သို့မဟုတ် ၇ – ခုကြွင်း တနင်္လာ – သားသမီး သိုက်ဖွား များသည် ငယ်စဉ်ကပင် ရောဂါ ဥပဒ် ကင်းကွာတတ်သည်။ တနင်္လာဂြိုဟ်သိုက်အိမ်တွင် တနင်္လာဂြိုဟ်သက် ၁၅ နှစ် နေသည်။အသက်၂၅ – နှစ်အတွင်း မင်း၊ ဘုန်းကြီး တစ်ဦးဦး ဖြစ်တတ်သည်။သဘောထား ဖြောင့်မတ်၍ စကားပြောချိုသာတတ်သည်။ စိတ်လှုပ်ရှားမှု များတတ်သည်။အသားဖြူ၍ အရပ်မနိမ့်မမြင့် ရှိတတ်သည်။

အဖဂြိုဟ် တနင်္ဂနွဂြေိုဟ် ပုတိအိမ်တွင် ရှိသောကြောင့် အဘနှင့်အတူ မနေရတတ်သဖြင့် အဘကျေးဇူး အထူးမခံစားရတတ်ချေ။အင်္ဂါဂြိုဟ် မရဏဖြစ်၍ ကိုယ်ကပင် သူတစ်ထူးကို ကျေးဇူးပြု ထားရသော်လည်း အရာမထင် ဖြစ်တတ်သည်။
အဘအမျိုးညံ့၍ အမိအမျိုး မြင့်မြတ်တတ်သည်။

ဗုဒ္ဓဟူး အဓိပတိ ဖြစ်သောကြောင့် သားကောင်းသမီးကောင်း ရတတ်သည်။
သားသမီး အကျိုးခံစားရမည်။ကြာသပတေးဂြိုဟ် (မိတ်ဆွေဂြိုဟ်) ရာဇဖြစ်၍ မှီခိုလောက်သော မိတ်ဆွေကောင်း ဆရာသမားကောင်းကို မှီခိုပေါင်းသင်း ရတတ်သည်။
ပညာသင့်တော် တတ်မြောက်သည်။နှုတ်မှု လက်မှု ပညာနှင့် အသက်မွေးရတတ်သည်။

ယောက်ျားဖြစ်လျှင် ချစ်ခင်စဖွယ် တင့်တယ် ရုပ်ဆင်း ပြည့်ဝသော မိန်းမလှ မိန်းမချော သဘောကောင်း၍ ပိုက်ဆံကြေးငွေ အသင့်အတင့် ချမ်းသာသော မယားကောင်းကို ပေါင်းသင်းရတတ်သည်။

မိန်းမဖြစ်လျှင် လင်ဂြိုဟ်ဖြစ်သော အင်္ဂါဂြိုဟ် မရဏအိမ် ကျသောကြောင့် မှီခို အားထားရလောက်သော လင်ကောင်းကို မရတတ်ပဲ ရှိမည်။
မူးယစ်သောက်စား ဖောက်ပြားတတ်သည့်ပြင် မိမိက လုပ်ကိုင်ကျွေးမွေးရသော လင်ဆိုးလင်ညစ်များနှင့် အကြောင်းဆက် ပေါင်းဖက်ရတတ်သည်။

၄င်းတနင်္လာ သားသမီးများသည် အသက် ၁၆ – နှစ်အကူးမှ အသက် အသက် ၁၈ – နှစ်အတွင်း အဖျားအနာ ရောဂါဥပဒ် ရခြင်းကြောင့် ပူပင် သောက ဗျာပါရနှင့် တွေ့ကြုံရတတ်ပါပေသည်။

အသက် ၁၆ နှစ်မှ ၂၃ နှစ်အထိ အင်္ဂါဂြိုဟ် – မရဏအိမ်တွင် ခိုဝင်စားသည်။
အသက် ၂၄ – နှစ် အဝင် ဗုဒ္ဓဟူးဂြိုဟ် အဓိပတိသို့ ရောက်သည်မှ အသက် ၄၀ – အတွင်း ဘေးဘယာ ဝေးကွာ ကင်းရှင်း၍ လယ်ယာ ရွှေငွေ၊ ကျွန်သင်း ခြွေရံ ဆင်မြင်း ကျွဲနွား၊ တိုးတက် ရရှိကာ ကျက်သရေ အထူးရှိတတ်ပေသည်။ဗုဒ္ဓဟူး ဂြိုဟ်သက် ၁၇ – နှစ် အတွင်း ကောင်းစားမည်ဖြစ်၏။

အသက် ၄၁ – နှစ်အဝင် စနေဂြိုဟ် – ဘင်္ဂအိမ်တွင် ဂြိုဟ်သက် ၁၀ နှစ်မှာ ညံ့သည်ဟု ဆိုရမည်။ ရရှိပြီးဖြစ်သော ဥစ္စာပစ္စည်းတို့ ရန်သူမျိုး ငါးပါး ဖျက်ဆီးတတ်သည့်ပြင် အနာရောဂါလည်း ကပ်ရောက်တတ်လေသည်။
ထိုအညံ့ဆိုးဘေးမှ ရှေးအထက်ကပြုလုပ်ခဲ့သည့် နည်းအတိုင်း ယတြာပြု ဆုတောင်းပါ။

အသက် ၅၁ – နှစ်က စ၍ ကြာသပတေးဂြိုဟ် (ဂြိုဟ်သက် – ၁၉ – နှစ်) ရာဇအိမ် ဝင်ချိန်မှ အသက် ၆၉ နှစ်အထိ စီးပွားချမ်းသာ တိုးတက်နိုင်သည်။

ကုန်ရောင်းကုန်ဝယ် ပြုလိုပါက တနင်္လာနံ (သိုက်အိမ်) ကွမ်း၊ ကွမ်းသီး၊ ငရုတ်၊ ကြက်သွန်၊ ဗုဒ္ဓဟူးနံ (အဓိပတိအိမ်) လယ်ယာ၊ ရွှေ၊ လှေ၊ လှည်း၊ ဝါး၊ ယာဉ်၊ ကြာသပတေးနံ (ရာဇအိမ်) မြေ၊ မြင်း၊ မြ၊ ပုလဲ၊ ပတ္တမြား၊ သောကြာနံ (အထွန်းအိမ်) သစ်၊ သံ၊ သွပ်၊ စသည့်ကုန်/ လုပ်ငန်းများကို လုပ်ဆောင်ပါလေ။ အောင်မြင်မည်။

တနင်္ဂနွနေံ (ပုတိအိမ်) အိုး၊ အိမ်၊ အုန်း၊ အုတ်၊
စနေနံ (ဘင်္ဂအိမ်) ထီး၊ ဖိနပ်၊ ထီ၊ နှမ်း၊ ထန်းလျက်၊
အင်္ဂါနံ (မရဏအိမ်) ဆန် စပါး၊ ဆီ၊ ဆေး၊ ဆား၊ စိန်
စသည့် ကုန်ပစ္စည်းများ/ လုပ်ငန်းများကို ရှောင်ပါလေ။

အိမ်ထောင်ပြုလိုလျှင် တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး သားသမီးများနှင့် အိမ်ထောင်ပြုပါ။တနင်္ဂနွေ၊ စနေ၊ အင်္ဂါ သားသမီးများကို ရှောင်ပါလေ။
အဦး မိန်းကလေး ဖွားမြင်တတ်သည်။

အသက် ၄၀၊ ၄၁ – နှစ် စနေဘင်္ဂ အကူးတွင် ဖျားနာ၍ thayသော်thay၊ မthayသော် အသက် ၆၉ နှစ်နှင့် အထက် နေရတတ်သည်။
(အသက် ၆၉ – နှစ် ကြာသပတေးဂြိုဟ် – ရာဇအိမ်က လွန်သော် ရာဟုဂြိုဟ် – အဓိပတိအိမ်တွင် ၁၂ – နှစ်နေရမည်ဖြစ်ရာ ကောင်းသည်ဟု ဆိုနိုင်ပါသည်။)

.၀ – ခု ကြွင်း ၃ င်္ဂါ – (အင်္ဂါ – သားသမီး)မရဏဖွား အတွက် ဘဝတစ်သက်တာ ဟောကိန်း

၊ ၄ .၊

၆. ၊ ၂. ၊ ၅

မရဏ ၃ ၊ ၇. ၊ ၁

၀ – ကြွင်း (သို့မဟုတ်) ၇ – ကြွင်း အင်္ဂါ- သားသမီး
မရဏဖွားတို့သည် မွေးဖွားစကပင် အဖျားအနာ ရောဂါ ဥပဒ် ဝေဒနာ များပြားလာခြင်းကြောင့် မိဘ နှစ်ဦးတွင် ပူပင်သောက ဗျာပါရနှင့် ကြုံ၍ နေလာရတတ် သည်။
ခြေလက် အင်္ဂါ ပြေပြစ် ချောမောတတ်သည်။

အရပ်မနိမ့်မမြင့် ရှိတတ်သည်။ မာနရှိတတ်သည်။ စိတ်ခက်ထန်၍ စိတ်တိုတတ်သည်။
အသားလတ်လတ် ရှိတတ်၏။ မွေးဖွား၍ ၆ – လ အတွင်းနှင့် ၆ – နှစ်အတွင်း မthayသော် အသက် ၉ – နှစ်အကူး အင်္ဂါ-မရဏ အထွက်တွင် ကိုယ်ခန္ဓာ၌ ရောဂါဥပဒ် ကပ်ငြိတတ်သေးသည်။ အသက် မစိုးရိမ်ရပေ။

အသက် ၁၀ – နှစ်က စ၍ ဗုဒ္ဓဟူးဂြိုဟ် – အဓိပတိတွင် နေသည့် နှစ်အတွင်း အသက် ၂၅ – နှစ်တိုင် ဘုန်းကြီးရဟန်းသော်လည်းကောင်း၊ ဝန်ထောက်မြို့အုပ် စစ်ကဲ စသည့် ဘုရားထူးခံ တစ်ဦးဦး အဖြစ် ထင်ရှား ကျော်ကြားတတ်သည်။
မိန်းမဖြစ်လျှင် ရှေးဘဝ ပါရမီ ရေစက်အဟုန်ဖြင့် မှီခိုအားထား လင်ယောက်ျားကြောင့် မင်းကတော် စိုးကတော်ဖြစ်၍ ထယ်ဝါခန်ငြား ပြည့်စုံတတ်ပေသည်။

သို့သော် ၂၆ – နှစ်အဝင် စနေ- ဘင်္ဂဂြိုဟ်အရောက်တွင် ရန်သူမျိုး ငါးပါးက မိမိပိုင်ပစ္စည်း ပစ္စယများကို ပျက်စီးစေနိုင်တတ်သည့်ပြင် ရောဂါဥပဒ် ဝေဒနာများလည်း ကပ်ရောက်စေတတ်သည်။
စိတ်လက်မအေး ပူဆွေးဒုက္ခ တွေ့တတ်လှသည်။ ထို့ပြင် စနေနံ ပစ္စည်း ပစ္စယများကြောင့် တရားအမှုအခင်းများလည်း ဖြစ်တတ်သည်။

ရဟန်းတော်ဖြစ်ခဲ့ပါလျှင် ကာမဂုဏ်ရမ္မက်ဇော အရှိန်ဖြင့် လူထွက်ကိန်းများလည်း မြင်ရတတ်ပေသည်။

စနေဂြိုဟ် – ဘင်္ဂအိမ်တွင် စနေဂြိုဟ်သက် ၁၀ နှစ် ခိုဝင်စားသည်။
အသက် ၃၅ – နှစ်လွန်၍ အသက် ၃၆ – နှစ် ဝင်လျှင် ကြာသပတေးဂြိုဟ် – ရာဇအိမ်သို့ ကျသဖြင့် နောက်က ပျက်စီး တိမ်းပါးသော ဥစ္စာပစ္စည်းများကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ သားသမီးများ၏ ကူညီထောက်ပင့်မှုဖြင့် ရ၍ လျှံဖြိုးမောက် တန်ခိုးတောက် တတ်ပေသည်။

ကြာသပတေးဂြိုဟ်- ရာဇအိမ်တွင် ကြာသပတေးဂြိုဟ် ဂြိုဟ်သက် ၁၉ – နှစ် ဝင်စားသည်။ ၅၄ နှစ်တိုင် ဖြစ်ပေသည်။

ပြီးလျှင် ရာဟုဂြိုဟ်- အဓိပတိအိမ်တွင် ရာဟုဂြိုဟ်ဂြိုဟ်သက် ၁၂ နှစ်ဖြစ်ပေရာ အသက် ၆၆ နှစ်အထိ အဆင်ပြေ ကောင်းစားမည်။

ပြီးလျှင် သောကြာဂြိုဟ်- အထွန်းအိမ်တွင် ခိုဝင်စားမည်။ သောကြာဂြိုဟ် ဂြိုဟ်သက်မှာ ၂၁ နှစ်ဖြစ်သဖြင့် အသက် ၈၇ နှစ်အထိ အေးချမ်းသာယာမည်။

ကုန်ရောင်းကုန်ဝယ်ပြုလိုသော် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနံ ကုန်များကိုသာ ရောင်းဝယ် ကူးသန်းပါလေ။
တနင်္ဂနွေ၊ စနေ၊ အင်္ဂါနံ ကုန်များနှင့် အကျိုးမပေးတတ်ပါ။

ယောက်ျားဖြစ်လျှင် မိန်းမဂြိုဟ် သောကြာ အမြင့်မှာ ကျသဖြင့် လှပပြေပြစ် ချစ်စရာကောင်းလှသော မယားကောင်းများ အကြောင်းဘက် ပေါင်းဖက်ရတတ်သည်။

မိန်းမဖြစ်လျှင် လင်ဂြိုဟ် အင်္ဂါဂြိုဟ် မရဏအိမ်တွင် ကျရောက်သဖြင့် မှီခိုလောက်သော လင် ယောက်ျားကောင်း ရခဲသည်။ ရခဲ့လျှင်လည်း တာရှည် မပေါင်းရတတ်ပေ။
၄င်းအင်္ဂါသားသမီး မရဏဖွားများသည် အဘကျေးဇူး အထူးမခံစားရတတ်ပေ။
ဆွေမျိုးကျေးဇူးလည်း အချီးအနှီးပေ။မိမိထောက်ပင့် မ.စ ထားသူ လက်အောက်ငယ်သားများ၏ တော်လှန်ပုန်ကန်ခြင်းကို ခံရတတ်သည်။

အိမ်ထောင်ပြုလိုသော် တနင်္လာ (သိုက်အိမ်)၊
ဗုဒ္ဓဟူး(အဓိပတိအိမ်)၊ ကြာသပတေး(ရာဇအိမ်)၊ သောကြာ(အထွန်းအိမ်) သားသမီးများနှင့် အိမ်ထောင်ပြုက သင့်မြတ်တိုးတက်နိုင်သည်။

တနင်္ဂနွေ(ပုတိအိမ်)၊ အင်္ဂါ(မရဏအိမ်)၊ စနေ(ဘင်္ဂအိမ်)သားသမီးနှင့် အိမ်ထောင်မပြုသင့်ပါ။ အဦး မိန်းကလေး ဖွားမြင်တတ်သည်။
သမီးကျေးဇူး ခံစားရတတ်သည်။
အသက် ၂၆ နှစ်တွင် ရောဂါဥပဒ်ကြောင့် thayသော်thay မthayသော် အသက် ၇၈ နှစ် သို့မဟုတ် ၈၇ နှစ် နေရမည်။

၀ – ခု ကြွင်း ၄ – ဟူး (ဗုဒ္ဓဟူး – သားသမီး) အဓိပတိဖွား အတွက် ဘဝတစ်သက်တာ ဟောကိန်း

အဓိပတိ > > ၊ ၄ .၊

၆. ၊ ၂. ၊ ၅

၃ ၊ ၇. ၊ ၁

ဝ – ကြွင်း (သို့မဟုတ်) ၇ – ခုကြွင်း ဗုဒ္ဓဟူး – သားသမီး အဓိပတိဖွား များသည် ရောဂါဥပဒ် ကင်းစင်တတ်သည်။သူတစ်ပါးတို့၏ ချစ်ခင်စုံမက်မှု များတတ်သည်။ အဆင်းလှတတ်သည်။ စိတ်နှလုံး ပျော့ပြောင်း၍ သူတော်ကောင်း သဘောရှိတတ်သည်။ အသန့်အရှင်း အမွှေးအကြိုင် ကြိုက်တတ်သည်။

အသားဖြူခြင်း လတ်ခြင်း ရှိ၍ စကားချိုသာ ပြောဆိုတတ်သည်။ စကားမနည်း မများ ပြောတတ်သည်။ငယ်စဉ်မှ အသက် ၁၇ နှစ်အထိ ချမ်းသာစွာ ရှိလာတတ်သည်။

အသက် ၁၈ – နှစ်အဝင် စနေဂြိုဟ် ဘင်္ဂအိမ် အဆင်းတွင် ရောဂါဥပဒ် အဖျားအနာ စတတ်သည်။ အသက် ၁၈ – နှစ်မှ ၂၇ – နှစ်အထိ ညံ့သောအပိုင်း ဖြစ်လေသည်။

အသက် ၂၈ – နှစ်မှ အသက် – ၄၆ နှစ်အထိ ကြာသပတေးဂြိုဟ်- ရာဇအိမ်တွင် ဝင်စားသည့်အခါ အထက်လူကြီးများကသော်လည်းကောင်း၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ သားသမီး မိတ်ဆွေ ကလျာဏများ၏ စောင်မ ကြည့်ရှု့သဖြင့် စပါးဆန်ရေ၊ ရွှေငွေရတနာ၊ ဥစ္စာ ဆင်မြင်း ကျွဲနွား လယ်ယာ၊ တိုးတက်ရရှိနိုင်သည့်အပြင် – – –

အသက် – ၄၈ နှစ်မှ အသက် ၅၈ – နှစ်အတွင်း ရာဟုသို့ ရောက်ပြန်သဖြင့် အဓိပတိအိမ်ဖြစ်၍ ဒုက္ခကင်းကွာ၍ ချမ်းသာမှုများကို ခံစားရမည်။
ပြီးလျှင် သောကြာဂြိုဟ် – အထွန်းအိမ်တွင် ဂြိုဟ်သက် ၂၁ နှစ် နေမည်ဖြစ်ရာ အသက် ၇၉ နှစ် အထိ ခံစား စံစားရတတ်သည်။

သို့သော် မူလ အဖဂြိုဟ် တနင်္ဂနွေ အပုပ် ပုတိကျ၍ အဖကျေးဇူး အထူးမခံစားရတတ်ပေ။ စနေ- ဘင်္ဂ ဖြစ်၍ ဆွေမျိုးကျေးဇူးလည်း မရတတ်ပေ။ မိမိက ကျေးဇူးပြုသော်လည်း စေတနာကို ဝေဒနာ အဖြစ် မှတ်ယူခြင်းကို ခံရတတ်သည်။
ဗုဒ္ဓဟူးဂြိုဟ် အဓိပတိဖြစ်၍ သားကောင်း သမီးကောင်း ရတတ်သည်။

မိန်းမဖြစ်လျှင် လင်ဂြိုဟ်အင်္ဂါ မရဏခံ၍ လင်ကောင်းကို ရခဲသည်။
ယောက်ျားဖြစ်လျှင် မယားဂြိုဟ် သောကြာဂြိုဟ် အထွန်းဖြစ်၍ မိန်းမကောင်း၊ မိန်းမချော၊ သဘောပြေပြစ် လှသည့် ကြင်ဖက်သက်နှံများကို ရတတ်သည်။

ကုန်ရောင်းကုန်ဝယ် ပြုလိုလျှင်
တနင်္လာနံ(သိုက်အိမ်) ကွမ်း၊ ကွမ်းသီး၊ ငရုတ်၊
ဗုဒ္ဓဟူးနံ(အဓိပတိအိမ်) ရွှေ၊ လှေ၊ လှည်း၊ လယ်ယာ၊
ကြာသပတေးနံ(ရာဇအိမ်) မြေ၊ မြင်း၊ မြ၊
သောကြာနံ(အထွန်းအိမ်) သစ်၊ သံ၊ သွပ်၊
စသည့်ကုန်များ အကျိုးပေးနိုင်ပါသည်။

တနင်္ဂနွေနံ (ပုတိအိမ်) အိုး၊ အုတ်၊ အုန်း၊ အိမ်၊
အင်္ဂါနံ (မရဏအိမ်) ဆန် စပါး၊ ဆီ၊ ဆေး၊ဆား
စနေနံ (ဘင်္ဂအိမ်) ထီး၊ ဖိနပ်၊ ထီ၊ ထန်းလျက်၊ နှမ်း
စသည့် နံသင့်ကုန်များ ရောင်းဝယ်ဖောက်ကား လုပ်ကိုင်ခြင်း မပြုသင့်ပါ။

အိမ်ထောင်ပြုသင့်သည်မှာ တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးများနှင့် သင့်မြတ်ကောင်းမွန်ပါသည်။
တနင်္ဂနွေ၊ စနေ၊ အင်္ဂါ သားသမီးများနှင့် အိမ်ထောင် မပြုသင့်ပါ။
အဦး မိန်းကလေး ဖွားမြင်တတ်သည်။
အသက် ၂၇ – ၂၈ နှစ်တွင် အဖျားအနာ နှိပ်စက်၍ thayသော်thay၊ မthayလျှင် အသက် ၇၉ နှစ် နေရတတ်သည်။

.၀ – ခု ကြွင်း ၅ – တေး (ကြာသပတေး – သားသမီး) ရာဇဖွား အတွက် ဘဝတစ်သက်တာ ဟောကိန်း

.
၊ ၄ .၊
၆. ၊ ၂. ၊ ၅. < < ရာဇ
၃ ၊ ၇. ၊ ၁

၀ – ကြွင်း (သို့မဟုတ်) ၇ – ခုကြွင်း ရာဇဖွား ကြာသပတေး – သားသမီးများသည် ငယ်စဉ်ကပင် အဖျားအနာ ရောဂါဥပဒ်ကင်း၍ ချမ်းသာ တင့်တယ်စွာ ရှိတတ်သည်။
အသားမဖြူမညို ရှိသည်။ စိတ်သဘောထား ဖြောင့်မတ်တတ်သည်။ စိတ်ကြီးဝင်တတ်သည်။

မွေးဖွားစတွင် ထူးခြားသော နိမိတ်တစ်ခုခု ဖြစ်တတ်သည်။
သမာဓိရှိ၍ အသက် ၃၁ – နှစ်အတွင်း မင်းအစိုးရ သော်လည်းကောင်း၊ ဘုန်းကြီးရဟန်းသော်လည်းကောင်း၊ ဆရာသမား သော်လည်းကောင်း၊ ရာထူးဌာနန္တရများနှင့် ထင်ထင်ရှားရှား အကျိုးပေးတတ်သည်။ နှုတ်မှု လက်မှု ပညာနှင့် အသက်မွေးရတတ်သည်။
အသက် ၁၉ နှစ် အထိ ကြာသပတေးအိမ်- ရာဇအိမ်၊ ၃၁ – နှစ်အထိ ရာဟုဂြိုဟ်- အဓိပတိအိမ်တွင် ရှိမည်။

မိန်းမဖြစ်လျှင် အသက် ၃၁ – နှစ်အတွင်း မင်းကတော်၊ စိုးကတော်၊ ဆရာကတော် တစ်ဦးဦးဖြစ်၍ ထင်ပေါ်တတ်သည်။
အသက် ၅၂ – နှစ်အထိ မရှိသောက ဓနဥစ္စာ၊ ရတနာ ရွှေငွေ၊ ဆန်ရေစပါး၊ လိုရာမရှားပဲ တိုးတက်တတ်သဖြင့် ပထမအရွယ်၊ ဒုတိယအရွယ်၊ အရွယ် နှစ်ပါးတိုင် အကျိုးပေးမည်ဖြစ်၏။

အသက် ၅၃ နှစ် အဝင်၌ တနင်္ဂနွေ ပုတိ အပုပ်အိမ်သို့ရောက်သောကြောင့် တိုးပွားခဲ့သော ဥစ္စာပစ္စည်းများကို ရန်သူမျိုးငါးပါး ဖျက်ဆီးတတ်သဖြင့် ပူပင်သောက တွေ့ရတတ်သည်။ မိမိထက် ကြီးသော လူများကြောင့် ငွေကြေး အကုန်အကျ အပူအပင်သောကများ အသက် ၅၉ – နှစ်အထိ ကြုံနိုင်သည်။

၄င်း-ကြာသပတေး- သားသမီးများသည် မိတ်ဂြိုဟ် ကောင်းသဖြင့် မိတ်ဆွေကောင်းများ တွေ့ရတတ်သည်။ ပညာသင်သော် တတ်မြောက်လွယ်သည်။
တနင်္ဂနွေ ပုတိဖြစ်၍ အဖအကျိုး စနေဂြိုဟ် ဆွေမျိုးတို့၏ ကျေးဇူးကိုလည်း မရတတ်ချေ။

မိမိက ပြုသော ကျေးဇူးကိုပင် ကျေးဇူးမမြင် အရာမထင် ဖြစ်တတ်သည်။
ကုန်ရောင်းကုန်ဝယ်ပြုလိုသော် –
တနင်းလာနံ (သိုက်အိမ်) ကွမ်း၊ ကွမ်းသီ၊ ငရုတ်၊ ကြက်သွန်၊
ဗုဒ္ဓဟူးနံ (အဓိပတိအိမ်) ရွှေ၊ လှေ၊ လှည်း၊ ယာဉ်၊
ကြာသပတေးနံ (ရာဇအိမ်) မြေ၊ မြင်း၊ မြ၊ ပုလဲ၊ ပတ္တမြား၊
သောကြာနံ (အထွန်းအိမ်) သစ်၊ သံ၊ သွပ်
စသည့် နံသင့်ကုန်များ ရောင်းဝယ် ဖောက်ကားပါလေ။

တနင်္ဂနွနေံ၊ အင်္ဂါနံ၊ စနေနံ
စသည့် နံသင့် ကုန်များ ရောင်ဝယ်ခြင်း မပြုသင့်ပါ။
အိမ်ထောင်ပြုလိုလျှင် တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ သားသမီးများနှင့် ပြုပါလေ။ သင့်မြတ်ကောင်းမွန်ပါသည်။
တနင်္ဂနွေ၊ အင်္ဂါ၊ စနေ သားသမီးများနှင့် အိမ်ထောင်မပြုသင့်ပေ။
အဦး မိန်းကလေး ရတတ်သည်။

သားသမီးအကျိုး ခံစားရမည်။
ယောက်ျားဖြစ်လျှင် မယားများတတ်သည်။
အသက် ၅၃ – နှစ်တွင် ဖျားနာမှုကြောင့် thayသော်thay၊ မthayက အသက် ၇၃ နှစ်ကျော် နေရတတ်ပါသည်။
(အသက် ၅၉ – နှစ်ကျော်လျှင် တနင်္လာဂြိုဟ် – သိုက်အိမ်တွင် တနင်္လာဂြိုဟ် ဂြိုဟ်သက် ၁၉ နှစ်မှာ ကောင်းမွန်ပါသည်။ ကျန်းမာချမ်းသာမည်။)

၀ – ခု ကြွင်း ၆ – ကြာ (သောကြာ – သားသမီး) အထွန်းဖွား အတွက် ဘဝတစ်သက်တာ ဟောကိန်း

 

၊ ၄ .၊

အထွန်း >> ၆. ၊ ၂. ၊ ၅

၃ ၊ ၇. ၊ ၁
.

.
၀ – ကြွင်း (သို့မဟုတ်) ၇ – ခုကြွင်း သောကြာ- သားသမီး အထွန်းဖွားများသည် မွေးဖွားဦးကပင် ချမ်းချမ်းသာသာ ရောဂါဥပဒ် မကပ်ငြိဘဲ မွေးဖွားလာရတတ်သည်။
မွေးဖွားသည့်အခါ မိဘ ချက်မြှုပ်တွင် မမွေးဖွားရဘဲ တစ်မြို့တစ်ရွာ၌သာ ဖွားတတ်သည်။ စကားတတ်၍ စကားများတတ်သည်။မိန်းမဖြစ်လျှင် မူယာမာယာ များတတ်သည်။

စိတ်နှလုံး ဖြူစင်ဖြောင့်မတ်သည်။ အသားဖြူတတ်သည်။ စိတ်နေမြင့်၍ အဖကျေးဇူး အထူး မခံစားရတတ်ပေ။အသက် ၂၁ နှစ်အထိ ကောင်းမွန်ချမ်းသာ လာတတ်ပေသည်။
အသက် ၂၂ – နှစ် တနင်္ဂနွဂြေိုဟ်- ပုတိအိမ် အဝင်မှ အထွက် ၂၇ နှစ်အထိ ၆ – နှစ်တိုင် အနည်းငယ်ညံ့၍ ရောဂါဥပဒ် အဖျားအနာ ရတတ်ပါသည်။

အသက် ၂၈ – နှစ် အဝင် တနင်္လာဂြိုဟ်-သိုက်အိမ်တွင် ခိုဝင်စား၍ စီးပွားဥစ္စာများ တိုးတက်ဖွံ့ဖြိုးနိုင်ပေသည်။ မင်း-အစိုးရ၏ အချီးအမြှောက်လည်း ခံရတတ်၏။
မိန်းမဖြစ်သော် ကိုယ်တိုင်လည်း အရာရှိ၊ မင်းကတော်၊ စိုးကတော်နှင့် ဆရာကတော် တစ်ဦးဦး အဖြစ် ထင်ပေါ်တတ်ပေသည်။
ထို့ပြင် အသက် ၂၈ – နှစ်မှ ၄၂ – နှစ်အတွင်း သတင်းကောင်း ကျော်စော၍ လင်ကောင်းနှင့်လည်းအကြောင်းဆက် ပေါင်းဖက်ရတတ်သည်။.

အသက် ၄၃ – နှစ် အင်္ဂါဂြိုဟ်-မရဏအိမ် အကူးတွင် အင်္ဂါနံ စိန်ကျောက် တို့ကြောင့် ပူပင်သောက တွေ့ကြုံရတတ်သည့်ပြင် အဖျားအနာများလည်း ရတတ်သည်။ ၄င်းအပိုင်းမှာ အလွန်ညံ့သည့်အပိုင်း ဖြစ်၍ တရားကိုဖက်မှ အသက်ရှည်သလို သတိထား၍ ဆင်ခြင်အောက်မေ့ပါမှ သင့်ရာ ကျပေလိမ့်မည်။ အသက် ၅၀ ထိ၊ တိုင်အောင်ပင် ညံ့မည်ဖြစ်သည်။

အသက် ၅၀ မှ အသက် ၆၇ – နှစ် တတိယအရွယ်တွင် ပြန်လည် ချမ်းသာလာမည်ဖြစ်သည်။ ဗုဒ္ဓဟူးဂြိုဟ်- အဓိပတိအိမ် တွင် ၁၇ – နှစ်တိုင် ကောင်းမွန်မည်။
.
အထွန်းဖွား သောကြာသားသမီးများသည် အဘကျေးဇူး အထူး မခံစားရတတ်ပေ။
ဆွေမျိုးကျေးဇူး အထူးမခံစားရတတ်ခြင်း ရှိသော်လည်း မိတ်ဆွေကောင်းများ များစွာ ပေါင်းရတတ်သည်။ သားကောင်း သမီးကောင်း ထွန်းကား၍ သားသမီး အကျိုး ခံစားရမည်။

ကုန်ရောင်းကုန်ဝယ် ပြုလိုလျှင် တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ နံသင့် ကုန်များ ဖြစ်သည့် ကွမ်း၊ ကွမ်းသီး၊ ငရုတ်၊ ကြက်သွန်။ လယ်ယာ၊ ရွှေ၊ လှေ၊ လှည်း၊ ယာဉ်၊ ဝါး။ ပုလဲ၊ ပုဆိုး၊ မြေ၊ မြင်း၊ မြ။ သစ်၊ သံ၊ သွပ် စသည်တို့ကို အရောင်းအဝယ်ပြုလုပ်လျှင် ကောင်းသည်။

တနင်္ဂနွေ၊ စနေ၊ အင်္ဂါ နံသင့် ကုန်များဖြစ်သည့် အိုး၊ အုတ်၊ အုန်း၊ အိမ်။ ထန်းလျက်၊ နှမ်း၊ ထီး၊ ထီ၊ ဖိနပ်။ ဆန် စပါး၊ ဆေး၊ ဆီ၊ ဆား၊ စက် စသည် နံသင့်ကုန်ပစ္စည်းများ ရောင်းဝယ် လုပ်ကိုင်ခြင်း မပြု
သင့်ပါ။

အိမ်ထောင်ပြုလိုလျှင် ဗုဒ္ဓဟူး၊ ကြာသပတေး သားသမီးတို့နှင့် အိမ်ထောင်ပြုလျှင် သင့်မြတ်ကောင်းမွန်သည်။ တနင်္လာမှာ သောက ကျသော်လည်း မထောင်းတာ။
တနင်္ဂနွေ၊ အင်္ဂါ၊ စနေ သားသမီးများကို အိမ်ထောင်မပြုသင့်ပေ။ အဦး မိန်းကလေး ရတတ်သည်။အသက် ၄၃ နှစ်အဝင် မရဏအကူးတွင် ဖျားနာ၍ thayသော်thay၊ မthayသော် အသက် ၆၇ – အနည်းဆုံး နေရတတ်သည်။

ရေးသားသူ – ညွန့်လွင်(စက်မှုတက္ကသိုလ်)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။