သက်ရှည်ကျန်းမာရွှင်လန်းစွာ

Astrology
သက်ရှည်ကျန်းမာရွှင်လန်းစွာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သက်ရှည်ကျန်းမာရွှင်လန်းစွာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သက်ရှည်ကျန်းမာရွှင်လန်းစွာ

“ဈေးသုံးလည်းမလွယ်နဲ့ ၊ ရှေးထုံးလည်းမပယ်နဲ့” ဆိုတဲ့စကားလေးအတိုင်း ကျွန်တော်တို့ငယ်စဉ်ကတည်းက ရှေးဆရာ့ ဆရာများ သုံးလာခဲ့သော နည်းလမ်းကောင်းလေးတစ်ခုကို အများသူငှာဗဟုသုတရစေရန်ရည်ရွယ်ပြီး ရေးသားဖော်ပြအပ်ပါသည် ။

ကျန်းမာရေးညံ့သူသည် တနင်္ဂနွေသားသမီးဖြစ်ခဲ့လျင် နေ့နံတူသားဖြစ်သော အုန်းလက်ကို မကျန်းမာသူ၏ လူတစ်ရပ်စာတိုင်းပြီး ဖြတ်လိုက်ပါ ။ (မှတ်ချက် ။ ။ ရှာရန်ခက်ခဲသော အသားဖြစ်ခဲ့လျှင် မကျန်းမာသူ၏လက်တစ်တောင်တိုင်းပြီး ဖြတ်ယူပါ။)

ထို့နောက် ဆန်အကောင်းစား နို့ဆီဗူး (၇)ဗူးစာကို အထုပ် (၃)ထုပ်ဖြစ်အောင် အညီအမျှခွဲပြီး ထုပ်ပါ ။

ပထမဆုံးအထုပ်ကို အုန်းလက်၏အဖျားဘက်ပိုင်းတွင်းပူးပြီးချည်နှောင်ပါ ။ ဒုတိယအထုပ်ကို အုန်းလက်၏အလယ်ပိုင်းတွင် ပူးချည်နှောင်ပါ ။ တတိယအထုပ်ကို အုန်းလက်၏အရင်းပိုင်းတွင် ပူး၍ချည်နှောင်ပါ ။

ထိုချည်နှောင်ထားသော အုန်းလက်နှင့်ဆန်ကို လူနာ၏ အိပ်ယာဘေးတွင် တစ်ညထားပြီးအတူသိပ်ရပါမည် ။ အုန်းလက်၏အဖျားပိုင်းကို လူမမာ၏ခေါင်းရင်းဘက်တွင်ထားရပါမည် ။ လူနာအမျိုးသားဖြစ်လျင် အိပ်ယာ၏ လက်ဝဲဘက်တွင်ထားရမည်ဖြစ်ပြီး ၊ အမျိုးသမီးဖြစ်ခဲ့လျှင် အိပ်ယာ၏လက်ယာဘက်တွင် ထားရမည်ဖြစ်ပါသည် ။
နောက်တစ်နေ့နံနက်တွင် အဖျားပိုင်းခေါင်းရင်းဘက်မှ ဆန်ထုပ်ကို ဖြုတ်ယူပြီး ဆွမ်းတော်တင်ရန်နှင့် ရဟန်းသံဃာတော်များကို ဆွမ်းချက်လောင်းလှုပါ ။
ဒုတိယ အလယ်မှဆန်ထုပ်ကို ချက်ပြီး လူကြီးမိဘ ဆရာသမားများကို ကျွေးမွေးလှုဒါန်းပါ ။

တတိယ အောက်ဆုံးမှဆန်ထုပ်ကို ချက်ပြုတ်ပြီး ခွေး ကြောင်ငှက် တိရိစ္ဆာန်များကို ဒါနပြုကျွေးမွေးပါ ။ အုန်းလက်ကိုတော့ မြစ် ၊ ချောင်းတွင် မျှောလိုက်ပါ ။

ထိုသို့ ယတြာကိုလေးလေးနက်နက် ဂရုပြုလုပ်ဆောင်ပါက ကျန်းမာရေးအညံ့များမှ မြန်စွာလွတ်ကင်းပြီး ကျန်းမာ လန်းဖြာလာတာကို မကြာချက်ချင်းတွေ့မြင်ရပြီး ကောင်းကျိုးချမ်းသာကို ခံစားရမည် မလွဲဖြစ်ပါသည် ။

တနင်္ဂနွေနံသားသမီး = အုန်း ။
တနင်္လာသားသမီး = ကုက္ကို ၊ ကြံ ၊ ကံ့ကော် ။
အင်္ဂါသားသမီး = ဇီး ၊ ဇွန် ။
ဗုဒ်ဓဟူးသားသမီး = လကျပံ ၊ ဝါး ၊ ဝါ ။
ကြာသပတေးသားသမီး = ပေါက်ပန်းဖြူ ၊ ပိန်း ၊ ပိတောက် ။
သောကြာသားသမီး = သီး ၊ သီဟိုဠ် ။
စနေသားသမီး = ဒန်း ၊ ထန်း ၊ ထိန် ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။