ရောက်ဆဲအသက်မှာသင့်ကံကြမ္မာ

Astrology
ရောက်ဆဲအသက်မှာသင့်ကံကြမ္မာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရောက်ဆဲအသက်မှာသင့်ကံကြမ္မာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရောက်ဆဲအသက်မှာသင့်ကံကြမ္မာ

အခုတခါမှာတော့ ကျွန်တော် လေ့လာတွေ့ရှိထားတဲ့ ရှေးဟောင်းဗေဒင်ပညာရပ်တစ်ခုဖြစ်တဲ့ တစ်နှစ်တာ ကံကြမ္မာဟောကိန်းတစ်ခုကို ​ေ၀မျှပေးလိုပါတယ် ။
တွက်နည်းက လွယ်ကူပါတယ် ။
တွက်လိုသူရဲ့ ရောက်ဆဲအသက်ကို (၇)နဲ့ ÷ ပါ။ အကြွင်းအလိုက် ဟောပေးလိုက်ရုံပါပဲ ။

(၁) ကြွင်းပါက

အိုးအိမ်အလုပ် နေရာထိုင်ခင်းအပြောင်းရွေ့ကြုံရတတ်ပါတယ် ။ ရွှေထည်ပစ္စည်းရှိရင် ထွက်သွားတတ်ပါမယ် ။ စက်ပစ္စည်းအတွက် စိတ်ညစ်နေတတ်ပါတယ်။ ငွေကြေးကိစ္စ ရှုပ်ထွေးတတ်ပါတယ် ။ အိမ်တွင်းရေး အနှောင့်အယှက်ရှိပါတယ် ။ ဘုရားပုံတော်ဝင်ရင် ထီပေါက်တတ်ပါတယ် ။ ခရီးထွက် ရပါမယ်။ ပညာရေး၀န်ထမ်းဆိုပါက ပညာရေးနဲ့ပတ်သတ်တဲ့ သင်တန်းတက်ရပါမယ် ။ မိတ်ဆွေကောင်းရဲ့ အကူအညီရပါမယ် ။ ပညာရေးကံ အညံ့ကြီးမဟုတ်ပေမယ့် ပူပန်နေရတတ်ပါမယ် ။ ငယ်ရွယ်သူဖြစ်ပါက အချစ်ရေး ရှုပ်ထွေးတတ်ပါတယ် ။ စနေ ၊ အင်္ဂါ ၊ သောကြာနေ့သားသမီးဖြစ်ပါက အညံ့သက်သာပါမယ် ။ ကျန်နေ့သားသမီးတွေ ညံ့ပါမယ် ။

(၂) ကြွင်းပါက

ပြည်တွင်းပြည်ပ နိုင်ငံခြားခရီးသွားရတတ်ပါတယ် ။ စိုးရိမ်ပူပန်ရတဲ့ ခရီးဖြစ်နေတတ်ပါတယ် ။ အလုပ်နဲ့ပတ်သက်ပြီး ထူးခြားကောင်းမွန်ပါမယ် ။ ကောင်းမွန်တဲ့ အိုးအိမ် ရတတ်ပါတယ် ။ ရပ်ဝေးက သတင်းကောင်း ကြားလာရတတ်ပါမယ် ။ မိတ်ဆွေဆရာသမားများနဲ့ စကာများရတတ်ပါတယ် ။ ဝင်ငွေ နဲ့ထွက်ငွေ မမျှမတ ဖြစ်တတ်ပါတယ် ။ ငွေကြေးကိစ္စအာမ မခံနဲ့ ။ စိတ်ရှုပ်ထွေးမှုများတဲ့နှစ် ဖြစ်ပါမယ်် ။ အချစ်ရေးကံ နဲ့ ပညာရေးကံဒီနှစ်ထဲ အညံ့ကြုံနေပါမယ် ။ တနင်္ဂနွေ ၊ ဗုဒ္ဓဟူး ၊ စနေသားသမီးတွေ အညံ့သက်သာပြီး ကျန်နေ့သားသမီးများ ကံညံ့ နေတတ်ပါတယ် ။

(၃) ကြွင်းပါက

မိတ်ဆွေဆရာသမားများရဲ့ အကူအညီရပါမယ် ။ ရွှေဝင်ပြီးပြန်ထွက်တတ်ပါတယ် ။ ရွှေလူလိမ်ခံရတတ်ပါတယ် ။ လူမှုရေးရှုပ်ထွေးတတ်ပါတယ် ။ ဒီနှစ်ထဲခရီး​ေ၀း​ေ၀းမသွားသင့်ပါ ။ မထင်မှတ်ပဲ အလုပ်အကိုင်ကောင်းလို့ ငွေဝင်ပါမယ် ။ လက်အောက်ငယ်သားတွေကြောင့် စိတ်ရှုပ်ရတတ်ပါတယ် ။ ကိုယ့်ရဲ့စကားပြောမှားမှုကြောင့် ပြသာနာဖြစ်ရတတ်ပါတယ် ။ အချစ်ရေး စန်းပွင့်ပြီး ကံကောင်းပါမယ် ။ အိမ်တွင်းရေး နဲ့ ပညာရေးကံကောင်းပါမယ် ။ တနင်္ဂနွေ၊ တနင်္လာ ၊ ကြာသပတေးသားသမီးတွေကံကောင်းတတ်ပါတယ် ။ ကျန်နေ့သားသမီးတွေ ကံညံ့တတ်ပါမယ် ။

(၄) ကြွင်းပါက

လုပ်ငန်းကို ဦးဆောင်နေရပေမယ့်လည်း ပူပင်သောက ဖြစ်နေရတတ်ပါမယ် ။ လူမျိုးခြား သတိထားပါ ။ အထက်လူကြီးဆရာသမား ငြိုငြင်ခံရတတ်ပါတယ် ။ ပြီးမှ အထက်လူကြီးနဲ့ပတ်သက်ပြီး ငွေကြေးဝင်​တတ်ပါတယ် ။ ငွေကြေးကံကောင်းပါမယ် ။ နိုင်ငံရပ်ခြားခရီးစဉ် ပျက်တတ်ပါတယ် ။ အိုးအိမ်အတွက် ပူပန် ရတတ်ပါမယ် ။ စက်ပစ္စည်းလက်ဆောင် ရတတ်ပါတယ်။ ဘာသာရေးခရီး သွားရတတ်ပါတယ် ။ ငယ်ရွယ်သူဖြစ်ရင် ချစ်သူအပေါ်မာနထားတာလျှော့ပါမှ အချစ်ရေးအဆင်ပြေနိုင်ပါမယ် ။ အပြိုင် အဆိုင်ကိစ္စတွေ ပေါ်ပေါက်လာတတ်ပါတယ် ။ ကျောင်းနေစဥ္အရွယ်ဖြစ်ပါက ပညာရေးအနည်းငယ်ညံ့ပါမယ် ။ အင်္ဂါ ၊ သောကြာ ၊ တနင်္လာသားသမီးတွေ အညံ့အခိုက်သက်သာပါမယ် ။ ကျန်နေသားသမီးတွေ ညံ့တတ်ပါတယ် ။

(၅) ကြွင်းပါက

ရွှေထည်ပစ္စည်း ဝင်ကိန်းရှိပါမယ် ။ ဘုရားပုံတော်ဝင်ခဲ့ရင် စီးပွားတက်ပါမယ် ။ လက်အောက် ငယ်သားတွေထံက လက်ဆောင် ပစ္စည်းရတတ်ပါတယ် ။ငွေကြေးဝင်ပါမယ် ။ စပ်တူလုပ်ငန်း လုပ်မယ်ဆိုပါက ကောင်းပါတယ် ။အလှူမင်္ဂလာပြုလုပ် ရတတ်ပါတယ် ။ အိမ်မှာမကပ်ချင်လောက်အောင် အိမ်တွင်းရေး အဆင်မပြေဖြစ်နေပါမယ် ။ အလုပ်အတွက်လည်း စိတ်ညစ်ရတတ်ပါတယ် ။ ဒီနှစ်ထဲ ခရီး​ေ၀းမသွားပါနဲ့ ။ ငယ်ရွယ်သူဖြစ်ပါက ချစ်သူကစိတ်ညစ်အောင် လုပ်ပေမယ့် အချစ်ရေးကောင်းပါတယ်။ ပညာသင်အရွယ်ဖြစ်ပါက ပညာရေးကံညံ့နေတတ်ပါတယ် ။ မိတ်ဆွေတွေကလည်း ခပ်ခွာခွာနေတတ်ပါတယ် ။ အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ စနေ သားသမီးဖြစ်ပါက အညံ့သက်သာပါမယ် ။ ကျန်နေ့သားသမီးတွေ ညံ့တတ်ပါတယ် ။

(၆) ကြွင်းပါက

မိဘ ဆရာသမားတွေဆီက အကူအညီရတတ်ပါတယ် ။ လုပ်ငန်တိုးတက်မှုနှောင့်နှေး နေတတ်ပါမယ် ။ စကားအပြောအဆို ဆင်ခြင်ရမယ့်နှစ် ဖြစ်ပါတယ် ။ အိမ်တွင်းရေးရှုပ်ထွေးနေချိန် ဖြစ်တတ်ပါတယ် ။ ငွေကြေးဆုံရှုံးတတ် ၊ ငွေလူလိမ်ခံရတတ်ပါတယ် ။ ဒီနှစ်ထဲမှာထင်ပေါ်အောင် မလုပ်မိပါစေနဲ့ ။ တောက်ပြောင်တဲ့ အဝတ်အစားတွေ မဝတ်မိပါစေနဲ့ ။ ငယ်ရွယ်သူဖြစ်ရင် အချစ်ရေးကံ လုံးဝမကောင်းသေးပါ ။ ပညာသင်အရွယ်ဖြစ်ရင် ပညာရေးကောင်းပါတယ် ။ ဗုဒ္ဓဟူး ၊ ကြာသာပတေး ၊ တနင်္ဂနွေ သားသမီးဖြစ်ပါက အညံ့သက်သာပါမယ် ။ ကျန်နေ့သားသမီးတွေ ညံ့တတ်ပါတယ် ။

(၀) ကြွင်း

ဒီနှစ်ထဲမှာ စကားကောင်းတွေကြားရပါမယ် ။ အစားကောင်းအသောက်ကောင်းတွေ စားရတတ်ပါမယ် ။ ခရီးကောင်းတွေ သွားရတတ်ပါမယ် ။ ငွေကြေးကိစ္စ အဆင်ပြေပါမယ် ။ ဆရာသမား အထက်အရာရှိ မိတ်ဆွေတွေရဲ့အကူအညီရတတ်ပါတယ် ။ ပညာသင်နေတဲ့အရွယ်ဖြစ်ရင် ပညာရေးကံ ကောင်းတတ်ပါတယ် ။ ရွှေထည်ပစ္စည်း ဝင်ကိန်းရှိပါတယ် ။ အပြစ် အနာစာလေးတော့ ပါတတ်တယ် ၊ သတိပြု ၀ယ်သင့်ပါတယ် ။ သားသမီးရှိရင် သားသမီးအတွက်ပူပန်ရတတ်ပါတယ် ။ ငယ်ရွယ်သူ ဖြစ်ပါက အချစ်ရေးကံ ကောင်းပါတယ် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။