သူမကို ထားခဲ့တဲ့ သမီးလေး ရဲ့ ဖခင်အကြောင်းကို ရင်ဖွင့်ပြောပြလာတဲ့ အဆိုတော် “အေသင်ချိုဆွေ”

Celebrity
သူမကို ထားခဲ့တဲ့ သမီးလေး ရဲ့ ဖခင်အကြောင်းကို ရင်ဖွင့်ပြောပြလာတဲ့ အဆိုတော် “အေသင်ချိုဆွေ”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူမကို ထားခဲ့တဲ့ သမီးလေး ရဲ့ ဖခင်အကြောင်းကို ရင်ဖွင့်ပြောပြလာတဲ့ အဆိုတော် “အေသင်ချိုဆွေ” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သူမကို ထားခဲ့တဲ့ သမီးလေး ရဲ့ ဖခင်အကြောင်းကို ရင်ဖွင့်ပြောပြလာတဲ့ အဆိုတော် “အေသင်ချိုဆွေ”

“အချစ် ဆိုတာ ဘဝတခု မဟုတ်ဘူး။ ကိုယ်လုပ်စရာရှိတာကို လုပ်ပြီး ကိုယ့်ကိုကိုယ် ချစ်နိုင်ဖို့က အရေးကြီးပါတယ်” ဒီခံယူချက် ဒီဆုံးဖြတ်ချက်တွေ နဲ့ ကိုယ်ဝန်ဖျက် မချဘဲ သမီးငယ်လေးကို မွေးဖွားခဲ့သူက နာမည်ကျော် အဆိုတော် အေသင်ချိုဆွေ ဖြစ်ပါတယ်။“ဘဝကို သေသေချာချာ လေးလေးနက်နက် ထားပြီး အရာအားလုံးကို အသေအချာ စဉ်းစား ဆင်ခြင်ပြီးဘဝတခုကို ထူထောင်မယ် ဆိုရင် ပိုပြီးတော့ အကျိုးရလဒ်ကောင်းတွေ ရမှာပေါ့။

လူတိုင်းက မှားတတ်တယ်၊ မမှားရင် ပိုကောင်းတယ်။ တကယ်လို့ မှားသွားခဲ့ရင်လည်း ဘယ်လို ရင်ဆိုင်မလဲ၊ ရှေ့ဆက်သွားမလဲ ဆိုတာအရေးကြီးပါတယ်။” လို့လည်း သူက ပြောပါတယ်။ အေသင်ချိုဆွေက လက်မထပ်ခင် သူနဲ့ အတူနေခဲ့တဲ့ အမျိုးသားက တာဝန်မယူလို့ နှစ်ယောက်သား လမ်းခွဲခဲ့ကြပြီး လူမှုအသိုင်းအဝိုင်း ရဲ့ ဝေဖန် ကဲ့ရဲ့မှုတွေကြားက ကလေးမွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူ့မှာ ကိုယ်ဝန်ရှိပြီလို့ သိလိုက်ရကတည်းက အမျိုးသားနဲ့ ဆွေးနွေးတာ ရှိခဲ့ပြီး အဲဒီအမျိုးသားက တာဝန်ယူလိုမှု မရှိခဲ့ဘူးလို့ အေသင်ချိုဆွေက ပြောပါတယ်။ သမီးလေးကို ဖခင်နဲ့ ပတ်သက်တဲ့ အကြောင်းတွေ၊ မိခင်တစ်ယောက်တည်း အခက်အခဲတွေ ကြားက မွေးဖွားခဲ့ရတဲ့ အကြောင်းတွေ အားလုံးကို မကွယ်မဝှက် ပြန်ပြောပြမယ်။ သူ့သမီးက သူ့ဘဝ၊ သူ့ဘဝက သူ့သမီး ဖြစ်တယ်လို့ အေသင်ချိုဆွေက ပြောပါတယ်။

ရေးသားသူ – Let Pan News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။