ရုက္ခစိုး နတ်မင်းကြီး မစ သော ဂါထာထူး

Astrology
ရုက္ခစိုး နတ်မင်းကြီး မစ သော ဂါထာထူး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရုက္ခစိုး နတ်မင်းကြီး မစ သော ဂါထာထူး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရုက္ခစိုး နတ်မင်းကြီး မစ သော ဂါထာထူး

အဓိဋ္ဌာန် လုပ်လိုပါ က ….
မိမိ လုပ်သမျှ အကျပ်အတည်း တွေ့ပြီး လုပ်သမျှ မဖြစ်စိတ်ညစ်နေပါက ကံဆိုးကံညံ့ မှ အမြန် လွတ်မြောက်ပြီးအဆင်ပြေ အောင်မြင်မှု့ရရှိစေရန် ထူး ခြား ဆန်းကြယ်လှသော သာသနာပြု ပုဂ္ဂိူလ်အကျော် ရသေ့ကြီး ဦးခန္တီထောက်ချာ မှ ဂါထာထူး ဖြင့် အဓိဋ္ဌာန် ဝင်ကာ ဆောင်ရွတ်ပါက အခက်ခဲ မှန်သမျှ ဝေးကာ လွင့်စဉ် ၍
” အောငိမြင်မှု့အပေါင်း သရဖူ ” ဆောင်း သကဲ့ သို့ ဖြစ်လာ မှာ အမှန်ပင် ဖြစ်ပါသည်

ဆောင်ရွက်ရန်

အဓိဋ္ဌာန် ဝင်မည့်သူသည် ဖယောင်းတိုင် ကြီး (၅) တိုင်တွင် (၁) ဗုဒ္ဓ (၂) ဓမ္မ (၃) သံဃာ (၄) မိဘ (၅) ဆရာဟု့ တတိုင် စီတွင် ရေးရပါမည် ။ပြီးနောက် ဖယောင်းတိုင်များ အား လက်က ကိုင်ပြီးသရဏဂုံ (၃) ပါး ၉ ခေါက်ဂုဏ်တော် (၉) ပါး ၉ ခေါက်၂၄ ပစ္စည်း တစ်ခေါက် ရွတ်ကာဤ ဆီမီး တိုင် ၌ ဘုရား တရား သံဃာ ဆရာ မိဘ
အနန္တော အနန္တ (၅) ပါး တန်ခိုး သိဒ္ဓိ တည်ကိန်းပါစေ။ဘုရားတပည့်တော် ၏ အဓိဋ္ဌာန်ထူး အောင်မြင်ပါစေ ဟု့သစ္စာ အဓိဋ္ဌာန် ပြု ကာ ရေတော် (၅) ခွက် ပန်း (၅) ပွင့်
ကပ်ပြီး ၅ ပါး သီလ ခံယူ ဆောက်တည်ပါ ။

ပြီး နောက် ယခု့ ပြထားသော ဂါထာအား မိမိမွေးနေ့ မှစတင် ကာ သက်စေ့ ရွတ်ဖတ်ပါ ။လက်တွေ့ စမ်းသပ် ၍ အောင်မြင် မှု့ရပြီးသော အဓိဋ္ဌာန်တော် ကြီး ဖြစ် ပါသည် ။ဤ ဂါထာ အား သက်စေ့ ရွတ်ပွား ပြီး မိမိ နိုင်သရွေ့ရက်အား အဓိဋ္ဌာန် ဝင်ပါ ။

ဤ အဓိဋ္ဌာန် လုပ်နေစဉ် ကာလ အတွင်း ညောင်ပင်များသစ်ပင်ကြီး များ ကို သက်သေပြု ၍ မိမိ သည် ဤ အဓိဋ္ဌာန် ဂါထာထူး ကို ရွှတ်ပွား ၍ဘယ်နေ့ထိ … ဆောင်ရွှက်နေပါသည်။ ကြည့်ရှုမစ ပါ ။ အမွှေး တိုင် နှင့် ကွမ်းယာ (၅) ယာ လှု ပေး ပါ ။ ရုက္ခစိုး နတ်အား ဒါနပြု့ပါမေတ္တာပို့ပေးပါ ။ အမျှအတန်းဝေ ပေးပါ ။ ပို၍ မြန်ဆန်ကာ အဓိဋ္ဌာန် အောင်မြင် ၍ ထူးခြားပါမည်။

ဂါထာ တော်

တုံ မေ စိ တ္တံ စ ကာယောစ
သဗ္ဗ ဒေဝ မနုဿစ
တိဿံ ဥရကံ ဣစ်ဆိတံ ပဿိတံ
ဟောန္တု မေ မိတ္တံ ။

ရေးသားသူ – ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။