ပွဲရှိမှ ပွဲကြည့်လာမည် ကန်တော့ပွဲထိုးနည်း

Astrology
ပွဲရှိမှ ပွဲကြည့်လာမည် ကန်တော့ပွဲထိုးနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ပွဲရှိမှ ပွဲကြည့်လာမည် ကန်တော့ပွဲထိုးနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပွဲရှိမှ ပွဲကြည့်လာမည် ကန်တော့ပွဲထိုးနည်း

အဘမင်းသိင်္ခ၏ မူပိုင် အောင်မြင်ကျော်ကြား လူကြိုက်များသည်
ဘာပဲဖြစ်ဖြစ် ဘာမှ မရှိရင် ခွေးတကောင် ကြောင်တမှီတောင် မလာဘူး။ အေး တခုခု ပွဲသာလုပ်ကြည့်လိုက် လှည်းနေလှေအောင် မြင်းဇောင်မကျန် လူတွေ ကြိတ်ကြိတ်တိုး ရောက်လာပြီး စည်းကားသွားလိမ့်မယ်။

ဒါကြောင့် ဘဝမှာ အောင်မြင်ကျော်ကြား လူကြိုက်များဖို့ ကျန်မာဖို့ ချမ်းသာဖို့ လူစည်းကားဖို့ ဘာပဲဖြစ်ချင်ဖြစ်ချင် ပွဲသာထိုးပါ။

ကန်တော့ပွဲထိုးရာတွင် လိုအပ်သော ပစ္စည်းများမှာ…

ဇလုံ(၁)လုံး ၊ ငှက်ပျော(၃)ဖီး
စက္ကူဖြင့် ပြုလုပ်ထားသော ထီးဖြူကြီး (၁)လက်
ထီးအသေး (ဝါ၊စိမ်း၊နီ) (၃)လက်
ကြက်လျှာ (ဝါ၊စိမ်း၊နီ) (၃)ခု
မုလေးပွား (ဝါ၊စိမ်း၊နီ) (၃)ခု
တခွန်လုံး (ဝါ၊စိမ်း၊နီ) (၃)ခု
က်ကုကား (ဝါ၊စိမျး၊နီ) (၃)ခု
ယပ် (ဝါ၊စိမ်း၊နီ) (၃) ချောင်း
ဂြိုဟ်စုံရုပ် (၃)ခု သာသနာ့အလံ (၃)ခု၊ ဖယောင်းတိုင် (၅)တိုင် ၊ အမွှေးတိုင် (၅) တိုင် ၊ ထုံဖြူဗမာဆေးနဲ့ ကွမ်း (၂) ယာ လက်ဖက်သားနဲ့ ယာတဲ့ကွမ်း (၁) ယာ
သ ပြေပန်း ၊ ငွေပန်း ၊ နှင်းဆီပန်း ၊ သစ္စာပန်း ၊ သစ်သားမီးခြစ် (၁) လုံး ၊ အပ်ချည် (၁)လုံး ။ နံသာဖြူ အမွှေးရည် စသည့် ပစ္စည်းများဖြင့် ကန်တော့ထိုးရသည်။

အားလုံးပစ္စည်းစုံပြီဆိုရင် ….
၁။ အုန်း၊ ငှက်ပျောများကို ဇလုံထဲ ရေနှင့်အတူ ထည့်ပြီး
ဥုံမ် သနသန သနအပေါင်း ထောင်သောင်း ကျေစေ
(၃၇) ခေါက် ရွတ်ဆို၍ ရေဆေးပါ။

၂။ အုန်သီးတွင် ထီး၊ ယပ် ၊တံခွန် ၊ ကုက္ကား အလံ တိုကို အုန်းသီး အပေါ်တွင် အပေါက်ဖောက်ပြီး ထိုးစိုက်ပါ။သာသနာ့အလံတွင် အောင်လံထိုး ဟိုးဟိုးကျော် လို့ရေးပါ။
ယပ်မှာ ဒုက္ခအပေါင်း လို့ရေးပါ။

၃။ သောက် တော် ရေ (၅)ခွက်၊ ဖယောင်းတိုင် (၅)တိုင်.၊အမွှေးတိုင် (၅)တိုင်ကပ်လှူပြီးနောက်…

မြတ်စွာဘုရားကို အမှူထား၍ ရဟန္တာ အရှင်မြတ် အပေါင်းတိုအား ရသေ့ရှစ်သောင်း ဆရာအပေါင်း တိုကိုယ်စား တပည့်တော် တပည့်တော်မတိုက ဤကန်တော့ပွဲဖြင့် လှူဒါန်းပူဇော်အပ်ပါသည် ဘုရား (မိမိမွေးနေ့ နံနက် ၉း၄၅ မိနစ်တွင်ပွဲ ထိုးပါ)ပြီးရင်း ကပ်လှူပူဇော်၍ ကျွန်ုပ်သည် ဤနေ့ ဤရက် ဤအချိန် မှစ၍ လေးဆူ သော ဘုရားရှင်တိုနှင့်တကွ.ရှင်သီဝလိ၊ ရှင်ဥပဂုတ္တ ၊အလောင်း တော် နတ်သား ဗေဒဝိဇ္ဇာ၊ ဆေးဝိဇ္ဇာ ၊ ပြဒါး ဝိဇ္ဇာ၊ သံဝိဇ္ဇာ အင်းဝိဇ္ဇာ၊ မန္တန်ဝိဇ္ဇာ၊ ရသေ့ရှစ်သောင်းဝိဇ္ဇာအပေါင်းတို၏ ရှေ့တော်မှောက်၌……

“ပါဏာတိပါတာ ၊ အဒိန္နာဒါနာ၊ ကာမေသုမိစ္ဆာစာရာ ၊ မုသာဝါဒါ ၊သုရာ မေရိယကံ” အစရှိသော ငါးပါးတိုကို ရှောင် ကြဉ်ပါ၏။

ဤကန်တော့ပွဲထိုးနည်းဖြင့် မိမိ နှစ်သက်ရာ ဂါထာ တစ် ခုခုကိုရွတ်ဆိုပုတီးစိပ်ခြင်းဖြင့် အဓိဋ္ဌာန်ပြုလုပ်နိုင်ပါတယ် ဤကဲ့သို.ကန်တော့ပွဲမျိုးကို စီးပွားရေး နယ်ပယ်ရှိ ဆိုင်ကြီး အချိုတွင်လည်းကောင်း လုပ်ငန်းရှင်ကြီးများ၏ နေအိမ်အချိုတွင်လည်းကောင်း ။ စာပေတိုက်ကြီးတချိုတွင် လည်း ကောင်း တွေ့မြင် နိုင်ကြ ပါလိမ့်မည်။

အန်းသီးကြွက်မြီး လှည့်ပေးရသည့် အရပ်များ တနင်္ဂနွေသားသမီးများ ကန့်တော့ပွဲ ထိုးပါက အုန်းသီး၏ ကြွက်မြီးအား အရှေ့မြောက်အရပ်သို လှည့်ပေးရပါမည်။
တနလာင်္သားသမီးများ ကန် တော့ပွဲ ထိုးပါက အုန်းသီး၏ ကြွက်မြီးအား အရှေ့အရပ်သို လှည့်ပေးရပါမည်။

အင်္ဂါသားသမီးများ ကန်တော့ပွဲ ထိုးပါက အုန်းသီး၏ ကြွက်မြီးအား အရှေ့တောင်အရပ်သို လှည့်ပေးရပါမည်။
ဗုဒ္ဓဟူးသားသမီးများ ကန် တော့ ပွဲထိုးပါက အုန်းသီး၏ ကြွက်မြီးအား တောင်အရပ်သို လှည့်ပေးရပါမည်။
ကြာသပတေးသားသမီးများ ကန်တော့ပွဲ ထိုးပါက အုန်းသီး၏ ကြွက်မြီးအား အနောက်အရပ်သို လှည့်ပေးရပါမည်။
သောကြာသားသမီးများ ကန်တော့ပွဲ ထိုးပါက အုန်းသီး၏ ကြွက်မြီးအား မြောက်အရပ်သို လှည့်ပေးရပါမည်။
စနေသားသမီးများ ကန်တော့ပွဲ ထိုးပါက အုန်းသီး၏ ကြွက်မြီးအား အနောက်တောင် အရပ်သို လှည့်ပေးရပါမည်။

ရေးသားသူ –ဇာဇာဗေဒင်ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။