အော်စကာဆု ဆွတ်ခူးသွားတဲ့ အာရှသရုပ်ဆောင်နှစ်ဦး မီချဲလ်ယို နှင့် မင်းသား ကီဟွေးကွမ်

Celebrity International News
အော်စကာဆု ဆွတ်ခူးသွားတဲ့ အာရှသရုပ်ဆောင်နှစ်ဦး မီချဲလ်ယို နှင့် မင်းသား ကီဟွေးကွမ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အော်စကာဆု ဆွတ်ခူးသွားတဲ့ အာရှသရုပ်ဆောင်နှစ်ဦး မီချဲလ်ယို နှင့် မင်းသား ကီဟွေးကွမ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အော်စကာဆု ဆွတ်ခူးသွားတဲ့ အာရှသရုပ်ဆောင်နှစ်ဦး မီချဲလ်ယို နှင့် မင်းသား ကီဟွေးကွမ်

မြန်မာပရိသတ်တွေကြား ထင်ရှားတဲ့ မလေးရှားနိုင်ငံဖွား မင်းသမီး မီချဲလ်ယိုကတော့ ၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး မင်းသမီးဆု ဆွတ်ခူးသွားခဲ့ပါတယ်။ မီချဲလ်ယိုဟာ သိပ္ပံစိတ်ကူးယဉ် ဟာသဒရာမာဇာတ်ကား Everything Everywhere All at Once မှာ အဓိကဇာတ်ကောင် အီဗလင်းဝမ်အဖြစ် သရုပ်ဆောင်ခဲ့လို့ ဒီဆု ရခဲ့တာပါ။

အာရှတိုက်မှ သရုပ်ဆောင်တွေထဲမှာ မီချဲလ်ယိုက အကောင်းဆုံး မင်းသမီးအဖြစ် အော်စကာဆုကို ပထမဆုံး ဆွတ်ခူးနိုင်ခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း ရွှေကမ္ဘာလုံးဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

“ကျွန်မ ဒီဆု ရတာဟာ အိပ်မက်ကြီးကြီးမက်လည်း အိပ်မက်တွေ တကယ်ဖြစ်လာနိုင်တယ် ဆိုတာရဲ့ သက်သေပါပဲ။ ပြီးတော့ ဘယ်သူကမှ သင့်ကို အရွယ်ကောင်းကျော်သွားပြီ၊ အသက်ကြီးလွန်းနေပြီ၊ နောက်ကျနေပြီလို့ ပြောတာ မခံပါနဲ့ အမျိုးသမီးတို့” အကောင်းဆုံးအမျိုးသမီးဆု လက်ခံစဉ် Michelle Yeoh ပြောခဲ့တဲ့ စကားပဲဖြစ်ပါတယ်။

Oscars 2023 Predictions: Will Everything Everywhere All at Once sweep major  awards this year? | PINKVILLA

ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၂၀ လောက်ပဲ သုံးခဲ့တဲ့ Everything Everywhere All at Once ဇာတ်ကားဟာ တဟုန်ထိုး အောင်မြင်မှု ရရှိခဲ့ပြီး ဒီနှစ်ဆုပေးပွဲမှာ အော်စကာဆု ၇ ဆု ဆွတ်ခူးခဲ့ပါတယ်။

ဇာတ်ကားထဲမှာ အီဗလင်းဝမ်ရဲ့ခင်ပွန်းအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဗီယက်နမ်ဖွား သရုပ်ဆောင်မင်းသား ကီဟွေးကွမ်ကလည်း ဇာတ်ပို့ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။“ကြည့်နေကြသူ အားလုံးပဲ ခင်ဗျားတို့ရဲ့ အိပ်မက်တွေ ရှင်သန်နေပါစေ။ ကျွန်တော့်ကို ပြန်လက်ခံပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်”
အော်စကာဆုရှင် Ke Huy Quan ရဲ့ ဆုလက်ခံစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။

အော်စကာဆုပေးပွဲမှာ အာရှသရုပ်ဆောင်နှစ်ဦး ဆုရတဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။