သရုပ်ဆောင်အလုပ်ကနေ နှစ် ၂၀ ကြာ အနားယူခဲ့ပြီးတစ်ကျော့ပြန်ဝင်ရောက်ခဲ့ရာမှ အော်စကာဆုရှင်ဖြစ်လာခဲ့သူ

Celebrity International News
သရုပ်ဆောင်အလုပ်ကနေ နှစ် ၂၀ ကြာ အနားယူခဲ့ပြီးတစ်ကျော့ပြန်ဝင်ရောက်ခဲ့ရာမှ အော်စကာဆုရှင်ဖြစ်လာခဲ့သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သရုပ်ဆောင်အလုပ်ကနေ နှစ် ၂၀ ကြာ အနားယူခဲ့ပြီးတစ်ကျော့ပြန်ဝင်ရောက်ခဲ့ရာမှ အော်စကာဆုရှင်ဖြစ်လာခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်အလုပ်ကနေ နှစ် ၂၀ ကြာ အနားယူခဲ့ပြီးတစ်ကျော့ပြန်ဝင်ရောက်ခဲ့ရာမှ အော်စကာဆုရှင်ဖြစ်လာခဲ့သူ

Ke Huy Quan wins best supporting actor Oscar for 'Everything, Everywhere' - TODAY

“အမေ…ကျွန်တော် အော်စကာဆုရသွားပြီ”လို့ ဝမ်းသာပီတီမျက်ရည်တွေကျပြီး ပြောခဲ့တဲ့သူက ဗီယက်နမ်ဖွား မင်းသားကီဟွေးကွမ်ပါပဲ။ သူဟာ ၉၅ ကြိမ်မြောက်အော်စကာဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ရသွားခဲ့တာပါ။

သူ အော်စကာဆု မရခင်က လှေနဲ့ ဗီယက်နမ်ကနေ ထွက်ပြေးတယ်။ ဒုက္ခသည်စခန်းတစ်ခုမှာ ၁ နှစ်နေခဲ့ရတယ်။ အဲ့ဒီနောက် အနုပညာလောကထဲ ရောက်တော့လည်း သူ့ကို ငှားမယ့်သူမရှိလို့ အနုပညာအလုပ်ကနေ အနှစ် ၂၀ ကြာ နှုတ်ထွက်ခဲ့ရတယ်။ ဒါပေမဲ့ ကီဟွေးကွမ်က သူ့ရဲ့အိပ်မက်တွေကို ဘယ်တော့မှလက်မလျှော့ခဲ့ဘဲ တစ်ကျော့ပြန်လာခဲ့တာကြောင့် အခုလို အော်စကာဆုကို ဆွတ်ခူးသွားခဲ့တာပါ။

အသက် ၅၁ နှစ်အရွယ် ကီဟွေးကွမ်က သူ့အသက် ၁၂ နှစ်မှာ မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်ရဲ့ အင်ဒီယာနာဂျုန်းဇာတ်ကားမှာ ပါဝင်ခဲ့ပြီး နာမည်ရလာခဲ့တာပါ။ အဲ့ဒီနောက် ၁၉၈၅ ခုနှစ်က Data in The Goonies နဲ့ ၁၉၉၀ ခုနှစ်က Head of the Class ဇာတ်ကားတွေမှာ ပါဝင်ခဲ့တယ်။

ဒါပေမဲ့ သူ့အသက် ၂၀ ဝန်းကျင်မှာ နေရာတစ်နေရာရဖို့က အရမ်းခက်ခဲတယ်၊ သူလုပ်ခဲ့ရတဲ့အရာအားလုံးက အလုပ်ကမ်းလှမ်းလာမယ့်ဖုန်းကို ထိုင်စောင့်နေရတယ်ဆိုတာ သိလာ​ခဲ့ပြီးနောက် ဆယ်စုနှစ် ၂ ခုကြာ သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်ခဲ့ပါတယ်။ အခု ဇာတ်ပို့ဆုရစေခဲ့တဲ့ ဇာတ်ကား Everything Everywhere All AT Once မှာ ဝေးလ်မွန် ဝမ်ဇာတ်ရုပ်အဖြစ် ပါဝင်ခွင့်မရခင်အထိ သရုပ်​ဆောင်အလုပ်ကို နားထားခဲ့တာပါ။

Ke Huy Quan of 'Everything Everywhere' wins the Oscar for best supporting actor

သူက သရုပ်ဆောင်အလုပ်ကနေ ထွက်ပြီး University of Southern California ရဲ့ ရုပ်ရှင်ပရိုဂရမ်ကို တက်ရောက်ခဲ့တယ်။ အဲ့ဒီနောက် အာရှနဲ့ အမေရိကန်တွေကအမျိုးမျိုးသောထုတ်လုပ်ရေးတွေမှာ ဝင်ရောက်လုပ်ကိုင်ခဲ့တယ်။ ၂၀၁၈ ခုနှစ်ရဲ့ Crazy Rich Asians ဇာတ်ကား​အောင်မြင်မှုက သူ့ကို သရုပ်ဆောင်အလုပ်ပြန်လုပ်ဖို့အတွက် တွန်းအားဖြစ်စေခဲ့ပါတယ်။ သူက ၂၀၂၁ ခုနှစ်မှာ သရုပ်ဆောင်လောကထဲ ပြန်ဝင်ခဲ့တာပါ။

အခုဆို ကီဟွေးကွမ်က အော်စကာဆုကို ဆွတ်ခူးပိုင်ဆိုင်ခဲ့တဲ့ ပထမဆုံး ဗီယက်နမ်ဖွားမင်းသားဖြစ်လာခဲ့ပါပြီ။ အော်စကာဆုကို လက်ခံရင်းနဲ့ သူက အခုလိုပြောကြားခဲ့ပါတယ်။ “ကျွန်တော့်ခရီးစဥ်က လှေတစ်စင်းပေါ်မှာ စတင်ခဲ့တယ်။ ဒုက္ခသည်စခန်းမှာ ၁ နှစ်ကုန်ဆုံးခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခု ဟောလိဝုဒ်ရဲ့အကြီးဆုံစင်မြင့်ထက်မှာ အဆုံးသတ်ခဲ့ပါတယ်။ ဒီလိုမျိုးဇာတ်လမ်းတွေက ရုပ်ရှင်တွေထဲမှာပဲ ရှိတယ်လို့ သူတို့ပြောကြတယ်။ ကျွန်တော့်မှာ ဖြစ်နေတာကို မယုံကြည်နိုင်ဖြစ်ရတယ်။ ဒါက ​အမေရိကန်အိပ်မက်ပါပဲ”

အိမ်ကနေကြည့်နေတဲ့ သူ့အမေကိုလည်း စင်မြင့်ထက်ကနေ “အမေ…ကျွန်တော် အော်စကာဆုရသွားခဲ့ပြီ”လို့ အော်ပြောခဲ့ပါတယ်။ သူက “တစ်နေ့ ကျွန်တော့်အချိန် ရော​က်လာမှာပါလို့ ပြောခဲ့တဲ့ ကျွန်တော့်ဇနီးကို အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ အိပ်မက်က ယုံကြည်ထားရမယ့်အရာပါ။ ကျွန်တော့်ရဲ့အိပ်မက်ကို စွန့်လွှတ်ဖို့နီးပါးဖြစ်ခဲ့တယ်”တဲ့။

ကီဟွေးကွမ်က ဟယ်ရီဆင်ဖို့ဒ်နဲ့ အော်စကာစင်မြင့်ထက်မှာ ပြန်ဆုံခဲ့ရပါတယ်။ မင်းသားကြီးဟယ်ရီဆင်ဖို့ဒ်က Everything Everywhere All At Once ဇာတ်ကားအတွက် အကောင်းဆုံးဓာတ်ပုံဆုကိုချီးမြှင့်ပေးစဥ် ကီ​ဟွေးကွမ်က ပွေ့ဖက်ခဲ့ပါတယ်။
ကီဟွေးကွမ်ဟာ Golden Globe Awards နဲ့ Screen Actors Guild Awards တွေမှာလည်း Everything Everywhere All At Once ဇာတ်ကားနဲ့ပဲ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ရရှိထားပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။