မီးဓာတ်အစီအရင်

Astrology
မီးဓာတ်အစီအရင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မီးဓာတ်အစီအရင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မီးဓာတ်အစီအရင်

ပီယ၊လာဘ၊ပယောဂအစရှိသောကိစ္စရပ်များ၌ညာဏ်ရှိတိုင်းချဲ့ထွင်စီရင်နိုင်သော မီးဓာတ်အစီအရင် ဤအစီရင်သည်ကျွန်ုပ်ကိုယ်တိုင်အကြိမ်ကြိမ်စမ်းသပ်အောင်မြင်မှုအလီလီရရှိခဲ့သောကိုယ်တွေ့အသုံးချပညာရပ်တစ်ခုဖြစ်ပါသည်။ ဝိဇ္ဇာမယပညာလမ်း၌ပညာသင်လူငယ်များအတွက်ဖော်ပြလိုက်ပါသည်။အစီအရင်ဆောင်ရွက်ရာ၌အဝင်နက္ခတ်၊အထွက်နက္ခတ်အစရှိသောနက္ခတ်အားဖြင့်အချိန်ရွေးခြင်း၊ဓာတ်ကြီးလေးပါးဖြင့်အချိန်ရွေးခြင်းနည်းအမျ်ုးမျိုးရှိကြပါသည်။ယခုအစီရင်၌လူတိုင်းနားလည်နိုင်သောပညတ်နိမိတ်ယူပြီးအချိန်အခါရွေးနည်းဖြင့်တင်ပြပါမည်။

ပညတ်နိမိတ်ယူပုံ

ပညတ်နိမိတ်ယူပုံကား ဝင်စေလိုသောပီယ၊လာဘ၊လူခေါ်အစီရင်များ၌နေဝင်ချိန်ပညတ်ဟိတ်ယူပြီးစီရင်ခြင်း။ ထွက်စေလိုသောပယောဂ၊အမှုအခင်းအချုပ်အနှောင်စသောကိစ္စများ၌နေထွက်ချိန်ပညတ်ဟိတ်ယူ၍စီရင်ခြင်းအလွဲအဖယ်ကိစ္စများ၌မွန်းလွဲချိန်စီရင်ခြင်းစသည်ဖြင့်ဟိတ်ဓာတ်ဖမ်းကြပါကုန်။

ဥပမာအနေဖြင့်အသက်၂၆နှစ်တနဂ်နွေသမီးအတွက်နမူနာပြပါမည်။

ပထမဖယောင်းတိုင်၌ကညစ်၊ဘောပင်တစ်ခုခုဖြင့်တနဂ်နွေသမီးဖြစ်သည့်အတွက်တနဂ်နွေနံသင့်၁. ဂဏန်းကိုရေးပါထို့နောက်မည်သူပြန်လာစေဟုရေးပါ။ထိုဖယောင်းတိုင်သည်ဘုရား၌မီးပူဇော်ပြီးသစ္စာပြုဆုတောင်းရမည့်အတိုင်ဖြစ်သည်။

ဒုတိယဖယောင်းတိုင်၌တနဂ်နွေသမီးမည်သူပြန်လာစေရန်အတွက်တနဂ်နွေဂြိုဟ်မင်းကြီးမစပါဟုအတက်၊အဆင်းရေးပါ။ထိုဖယောင်းတိုင်သည်တနဂ်နွေဂြိုဟ်မင်းကြီးကိုပူဇော်ပြီးမေတ္တာပို့ဆုတောင်းရမည်။

တတိယဖယောင်းတိုင်၌ပြုလုပ်သောအခါကိုရေးပါ။ထို့နောက်ပြုလုပ်ရည်ရွယ်သူအသက်၊နေ့သား၊အခါပြန်ရေးပါ။လက်ာလေးမှတ်သားရန်ကတော့ ခါသက်တည်ထား၊နေ့သားခါပြန်ဟူ၏။ဤတတိယဖယောင်းတိုင်သည်နယ်တော်ရှင်နယ်ပိုင်နတ်ကိုမီးပူဇော်ရမည်။နယ်တော်ရှင်ကိုမေတ္တာပို့အမျှပေးပြီးအကူညီတောင်းပါ။ ဖယောင်းတိုင်၌လိုအပ်သောအစီရင်များပြုလုပ်ပြီးသောအခါ၌ဖယောင်း၃တိုင်လုံးကိုအောက်ပါဂါထာဖြင့်၇ခေါက်မန်းပါ။

ဥုံဧဟိမိတ္တံ ဧဟိလာဘံ ဧဟိပီယံ ဓာတုသမံ သွာသုသွာဧသွာဟ။

အနုအကြမ်းကိစ္စများ၌ညာဏ်ရှင်ပီးသင့်လျော်သောဂါထာတို့ဖြင့်စီရင်ကြပါလေ။ဆိုင်ရာပုဂ္ဂိုလ်နတ်များကိုပွဲပေးပီးစီရင်ကြပါ။လိုသူ၏အဝတ်စကိုမီးဇာပြုစီရင်၍လည်းရ၏။စသည်ဖြင့်ဝင်စေလိုသောအမှု၊ထွက်စေလိုသောအမှု၊လာစေလိုသောအမှုတို့ကိုကြံကြပါလေကုန်။

ရေးသားသူ – မောင်ကောင်း စံ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။