အပတ်တိုင်း Gym ဆော့လေ့ရှိတဲ့ အသက် ၁၀၃ နှစ် အဘွားအို

Health International News
အပတ်တိုင်း Gym ဆော့လေ့ရှိတဲ့ အသက် ၁၀၃ နှစ် အဘွားအို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အပတ်တိုင်း Gym ဆော့လေ့ရှိတဲ့ အသက် ၁၀၃ နှစ် အဘွားအို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အပတ်တိုင်း Gym ဆော့လေ့ရှိတဲ့ အသက် ၁၀၃ နှစ် အဘွားအို

ကယ်လီဖိုးနီးယားပြည်နယ်က တရီဆာ မိုရီဆိုတဲ့အဘွားအိုဟာ တစ်ပတ်ကို (၃-၄) ကြိမ်လောက် သူ့ရပ်ကွက်အတွင်းက Gym ကို သွားကစားလေ့ရှိတာပါ။ သူက အခြားသူတွေလိုမဟုတ်ဘဲ မိတ်ကပ်အဖွေးသားနဲ့ Gym ဆော့တာပါ။ လက်ဝတ်ရတနာတွေလည်း ဝတ်ဆင်ထားပါသေးတယ်။ တရီဆာက အသက် ၁၀၃ နှစ်ရှိပါပြီ။

တရီဆာက သူ့ရဲ့အသက်အရွယ်ကို ဖီဆန်ပြီး လူငယ်တွေလုပ်သလိုပဲ ဝိတ်တွေမတယ်။ ပြေးစက်ပေါ်မှာ ပြေးတယ်။ အဘွားတရီဆာက Gym ဆော့တာဟာ သူ့ကို ခွန်အားတွေပေးတယ်လို့ မှတ်ယူထားတာပါ။ ဒါပေမဲ့ သူ့သမီးဖြစ်သူ ရှီလာ မိုရီကတော့ သူ့အမေဟာ စူးစမ်းလိုစိတ်ရှိတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် Gym သွားတာလို့ ထင်ထားတာပါ။စူးစမ်းလိုစိတ်က Gym ဆော့ဖို့အတွက် ကြီးမားတဲ့လှုံ့ဆော်မှုဖြစ်တယ်။ Gym က သူ့အမေရဲ့ပျော်စရာနေရာဖြစ်တယ်လို့ ရှီလာက ဆိုပါတယ်။

အဘွားတရီဆာကို အီတလီမှာ မွေးဖွားခဲ့တာလို့ သတင်းတွေမှာ ဖော်ပြပါတယ်။ သူဟာ ၁၉၄၆ ခုနှစ်မှာ စစ်တပ်အရာရှိတစ်ဦးကို လက်ထပ်ခဲ့တယ်။ အဲ့ဒီကတည်းက သူဟာ နိုင်ငံတော်တော်များများမှာ နေထိုင်ခဲ့ရပါတယ်။ Gym ဆော့တာအပြင် ကတ်ကစားတာနဲ့ အော်ပရာသွားရတာတွေလည်း ကြိုက်ပါတယ်။ လူတိုင်းအတွက် အဘွားတရီဆာရဲ့အဓိကအကြုံပြုစကားက ကြံ့ခိုင်သန်မာမှုကို ထိန်းထားပြီး နောင်တကင်းစွာနဲ့ ဘဝကို ရှင်သန်ရပ်တည်ဖို့ပါပဲ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။