ပရိသတ်တွေကို တရုတ်ဖိုက်တာကြီး နဲ့ ထိုးသတ်ရမယ့် ပွဲနေ့အကြောင်းပြောပြလိုက်တဲ့ “အောင်လအန်ဆိုင်း”

Celebrity Sports
ပရိသတ်တွေကို တရုတ်ဖိုက်တာကြီး နဲ့ ထိုးသတ်ရမယ့် ပွဲနေ့အကြောင်းပြောပြလိုက်တဲ့ “အောင်လအန်ဆိုင်း”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပရိသတ်တွေကို တရုတ်ဖိုက်တာကြီး နဲ့ ထိုးသတ်ရမယ့် ပွဲနေ့အကြောင်းပြောပြလိုက်တဲ့ “အောင်လအန်ဆိုင်း” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကို တရုတ်ဖိုက်တာကြီး နဲ့ ထိုးသတ်ရမယ့် ပွဲနေ့အကြောင်းပြောပြလိုက်တဲ့ “အောင်လအန်ဆိုင်း”

၁၃-မတ်-၂၀၂၃ ၉am · လွန်ခဲ့သော တစ်ရက် ကဒီပွဲလည်းနိုင်ပါစေဗျာ..အမေရိကန်မြေရဲ့ ONE Championship ပထမဆုံးပွဲစဉ် မှာ မြန်မာ့ဖိုက်တာကြီး ‘အောင်လအန်ဆိုင်း’ လည်းပါဝင်ထိုးသတ်သွားမှာဖြစ်ပါတယ်။ ဒီပွဲစဉ်ကို အမေရိကန်နိုင်ငံ Colorado ပြည်နယ် ‘One Fight Night 10’ မှာ တရုတ်ဖိုက်တာကြီး Fan Rong နဲ့ မေလ ၅ ရက်မှာ ယှဉ်ပြိုင်ထိုးသတ်သွား မှာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် Fan Rong ဟာ တရုတ် Middle Weight ဖိုက်တာတစ်ယောက်ဖြစ်ပြီး MMA မှာလည်း ထိုးသတ်ခဲ့ဖူးသူဖြစ်ပါတယ်။ ONE Championship ဖိုက်တာတွေဖြစ်တဲ့ De Ridder နှင့် Bigdash တို့နဲ့ ထိုးသတ်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။ ပြိုင်ပွဲစုံ ၁၉ ပွဲ အနိုင်ရရှိထားပြီး ၃ ပွဲ ရှုံးနိမ့် ထားပါတယ်။ အသက် ၃၇ နှစ်အရွယ် အောင်လအန်ဆိုင်း ကတော့ Middle Weight နှင့် Light Heavyweight ချန်ပီယံဟောင်းတစ်ဦးဖြစ်ပြီး ဒီဆုနှစ်ခုလုံးကို De Ridder ကို ပေးလိုက်ရတာဖြစ်ပါတယ်။

အောင်လအန်ဆိုင်း က အမေရိကန်မှာ နှစ် ၂၀ ကျော်နေထိုင်ခဲ့သူမို့ ဒီပွဲဟာ သူ့အတွက် အားသာချက်ရှိတယ် လို့ ပြောခဲ့ပါတယ်။ “အမေရိကန်မှာထိုးရတာ အရမ်းကောင်းပါတယ်။ လေ့ကျင့်ဖော်‌တွေပိုများပြီး ပြင်ဆင်ချိန်လည်းပိုရတယ်” လို့ပြောခဲ့တာပါ။ သူပြောသလို အကောင်းဆုံးပြင်ဆင်ပြီး တရုတ်ဖိုက်တာကြီးကို အလဲထိုးနိုင်မလား စောင့်ကြည့်ရပါဦးမယ်။ ပရိသတ်ကြီး‌တို့ရော် အလဲထိုးနိုင်မယ်လို့ထင်လား..။

ရေးသားသူ – Let Pan News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။