ငရုတ်သီးစိမ်းစားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

Health
ငရုတ်သီးစိမ်းစားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ငရုတ်သီးစိမ်းစားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ငရုတ်သီးစိမ်းစားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

Know the green chilli benefits and side effects of excessive eating weight  loss cancer heart disease

ငရုတ်သီးစိမ်ဆိုတာနဲ့ တစ်ရှူးရှူး မျက်ရည်တရွှဲရွှဲ ဖြစ်စေမယ့်အစားအစာလို့သာ မြင်ကြပါလိမ့်မယ်။ ဒါပေမယ့်လည်း ကြိုက်နှစ်သက်သူ အဖို့တော့ ခံတွင်းမြိန်စေတာပေါ့။ အမှန်တကယ်ဆို ငရုတ်သီးစိမ်းဟာ ရေဓာတ်ပါဝင်ပြီး Cholesterol ကင်းတဲ့ အတွက် ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။

ငရုတ်သီးစိမ်းထဲမှာ ဗီတာမင် C ၊ ဗီတာမင် B6 ၊ ဗီတာမင် A ၊ ပိုတက်စီယမ်၊ သံဓာတ်၊ ကော့ပါး တို့အပြင် ပရိုတင်းနှင့် ကာဗိုဟိုက်ဒရိတ် ဓာတ်အနည်းငယ်ပါဝင်ပါတယ်။ ပူစပ်ရခြင်းမှာလည်း Capsaicin လို့ခေါ်တဲ့ အပူ၊အစပ် အရသာဖြစ်ပေါ်စေတဲ့ ဓာတ်တစ်မျိုး ပါဝင်တာကြောင့်ပါ။

ငရုတ်သီးစိမ်းဟာ အစာချေအဖွဲ့အစည်းအတွက်အထောက်အကူပြုတယ်ဆိုတာကိုလည်း လူသိနည်းပါတယ်။ ငရုတ်သီးစိမ်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများထဲက အရေးပါဆုံး အကျိုးကျေးဇူး လေးမျိုးကိုဖော်ပြလိုက်ပါတယ်။

၁။အသားအရေအတွက်

ငရုတ်သီးစိမ်းဟာ Vitamin C ကွယ်ဝတဲ့အတွက် ဟင်းလျာထဲမှာ ဖြစ်စေ အစိမ်းလိုက်ဖြစ်စေ ထည့်ပြီးစားသုံးခြင်းအားဖြင့် အသားအရေကို ကျန်းမာစေပြီး ဝင်းပစေပါတယ်။

၂။အစာခြေစနစ်အတွက်

ဗီတာမင် C ကြွယ်ဝနေခြင်းအတွက် အစာခြေစနစ်ရဲ့ လုပ်ဆောင်ချက်ကို ကူညီပံပိုးပေးတယ်။ ဝါးစားတဲ့အခါ တံတွေးထုတ်လုပ်နိုင်စေတဲ့ မည့်သည့်အစားအစာမဆို အစာချေစနစ်ကို ပံ့ပိုးပေးပါတယ်။

၃။ကိုယ်အလေးချိန်လျော့ချရေးအတွက်

ငရုတ်သီးစိမ်းဟာ ခန္ဓာကိုယ်ရှိ ပိုလျှံတဲ့ အဆီတွေကို ဖယ်ရှာပေးတဲ့အတွက် ခန္ဓာကိုယ်ရှိ ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင်းပေးတာကြောင့် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အပံပေးပါတယ်။

၄။ဆီးချိုရောဂါအတွက်

ဆီးချိုရောဂါရှင်တွေရဲ့ နေ့စဉ်စားသုံးမှုစနစ်မှာ ငရုတ်သီးစိမ်းဖြည့်စားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ငရုတ်သီးစိမ်းဟာ ခန္ဓာကိုယ်ရှိ အချိုဓာတ်ကို ထိန်းညှိပေးသောကြောင့်ဖြစ်ပါတယ်။

ငရုတ်သီးစိမ်း ကြောက်တတ်သူတွေ ဒီဆောင်းပါးဖတ်ပြီး အရဲစွန့်စားမိမယ်လို့ မျှော်လင့်မိပါတယ်။

ရေးသားသူ – Shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။