အရှည် (၂) ပေရှိတဲ့ မွေးစာရင်းကိုပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အရှည်ဆုံးနာမည်နဲ့ အမျိုးသမီး

International News
အရှည် (၂) ပေရှိတဲ့ မွေးစာရင်းကိုပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အရှည်ဆုံးနာမည်နဲ့ အမျိုးသမီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အရှည် (၂) ပေရှိတဲ့ မွေးစာရင်းကိုပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အရှည်ဆုံးနာမည်နဲ့ အမျိုးသမီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အရှည် (၂) ပေရှိတဲ့ မွေးစာရင်းကိုပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အရှည်ဆုံးနာမည်နဲ့ အမျိုးသမီး

This Girl Has Over 1,000 Letters In Her Name, And Oprah Couldn't Believe It

တချို့မိဘတွေက သူတို့ရဲ့မွေးကင်းစကလေးတွေကို ထူးထူးခြားခြားနာမည်တွေ ပေးကြသလို တချို့ကျတော့လည်း သူတို့ရဲ့နာမည်ကြီးဇာတ်ကား၊ အစားအစာ၊ အနုပညာရှင်တွေဆီကနေ နာမည်တွေယူပြီး အမည်ပေးလေ့ရှိကြပါတယ်။ လူတစ်ယောက်ရဲ့နာမည်က အက္ခရာ (၂) လုံး၊ (၃) လုံး၊ (၄) လုံး၊ အများဆုံး (၅) လုံးလောက်ပဲ ရှိကြပါတယ်။

၁၉၈၄ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့မှာမွေးဖွားခဲ့တဲ့ဒီအမျိုးသမီးရဲ့နာမည်ကတော့ထူးခြားပါတယ်။သူ့ရဲ့နာမည်က ရှည်လွန်းလို့ကမ္ဘာ့အရှည်ဆုံးနာမည်ပိုင်ရှင်ဖြစ်လာခဲ့ပါတယ်။သူ့ရဲ့မိဘတွေ သူ့ရဲ့မွေးစာရင်းမှာ နာမည်အနေနဲ့ Rhoshandiatellyneshiaunneveshenk Koyaanisquatsiuth Williams လို့ ရေးသားခဲ့တာပါ။

အဲဒီနောက် သူ့မိဘတွေက နာမည်ပြင်ဆင်ချက်တင်ခဲ့ပြီး နာမည်ကို စာလုံးရေ ၁၀၁၉ လုံးအပြင် အလယ်အမည်ကိုလည်း ၃၆ လုံးဖြစ်အောင် ပြောင်းလဲဖို့ ရွေးချယ်ခဲ့ပါတယ်။နာမည်ပြောင်းလဲပြီးသွားတဲ့နောက်မှာ သူ့ရဲ့နာမည်က စာလုံးရေ ၁၀၀၀ ကျော်နဲ့

Rhoshandiatellyneshiaunneveshenkescianneshaimondrischlyndasaccarnaerenquellenendrasamecashaunettethalemeicoleshiwhalhinive’onchellecaundenesheaalausondrilynnejeanetrimyranaekuesaundrilynnezekeriakenvaunetradevonneyavondalatarneskcaevontaepreonkeinesceellaviavelzadawnefriendsettajessicannelesciajoyvaelloydietteyvettesparklenesceaundrieaquenttaekatilyaevea’shauwneoraliaevaekizzieshiyjuanewandalecciannereneitheliapreciousnesceverroneccaloveliatyronevekacarrionnehenriettaescecleonpatrarutheliacharsalynnmeokcamonaeloiesalynnecsiannemerciadellesciaustillaparissalondonveshadenequamonecaalexetiozetiaquaniaenglaundneshiafrancethosharomeshaunnehawaineakowethauandavernellchishankcarlinaaddoneillesciachristondrafawndrealaotrelleoctavionnemiariasarahtashabnequckagailenaxeteshiataharadaponsadeloriakoentescacraigneckadellanierstellavonnemyiatangoneshiadianacorvettinagodtawndrashirlenescekilo
koneyasharrontannamyantoniaaquinettesequioadaurilessiaquatandamerceddiamaebellecescajamesauwnneltomecapolotyoajohnyaetheodoradilcyana ဆိုပြီးဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ရှည်လျားလွန်းလှတဲ့ နာမည်ကြောင့် ကမ္ဘာ့ဂင်းနစ်စံချိန်ကို ချိုးခဲ့ပြီး သူ့ရဲ့မွေးစာရင်းက အရှည် ၂ ပေဖြစ်ခဲ့ပါတယ်။သူငယ်ချင်းတွေက သူ့ကို ဂျမီ (Jamie) လို့ ခေါ်ကြပါတယ်။ ၁၉၉၇ခုနှစ်က သူ့ရဲ့မိခင်နဲ့အတူ Oprah အစီအစဉ်မှာပါဝင်ဖြစ်ခဲ့ပါတယ်။

အဲဒီတုန်းက အော်ဖရာဝင်းဖရေကဂျမီရဲ့မိခင် ဆန္ဒရာဝီလျံ (Sandra Williams) ကို “ဘယ်လိုစဉ်းစားမိပြီးနာမည်ပေးဖြစ်ခဲ့တာလဲ” လို့ မေးမြန်းခဲ့ပါတယ်။“ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖို့ တစ်ခုခုလုပ်ရမယ်။ သမီးရဲ့နာမည်ကို ထူးထူးခြားခြားဖြစ်ဖို့ သေချာလုပ်ရမယ်။သူ့နာမည်ကိုတခြားသူတွေလိုမဖြစ်စေချင်ခဲ့ဘူး။

သမီးရဲ့နာမည်က ထူးခြားပြီး ဂင်းနစ်စာအုပ်ထဲဝင်ရမယ်လို့ပေါ့”လို့ ဆန္ဒရာဝီလျံကပြန်ဖြေကြားခဲ့ပါတယ်။ဂျမီကမ္ဘာ့ဂင်းနစ်စံချိန်ချိုးပြီးတဲ့နောက်မှာတော့တက္ကဆပ်ပြည်နယ်ကမွေးစာရင်းဖောင်မှာ နာမည်ဖြည့်သွင်းတဲ့နေရာအတွင်းအကိုက်ဖြစ်မယ့် နာမည်ကိုသာ မှည့်ပေးရမယ်ဆိုတဲ့ ဉပဒေကို ပြောင်းလဲခဲ့ပါတယ်။

ရေးသားသူ – Shwe Ka Thit News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။