16.Mar.2023 မှ 22.Mar.2023 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

Astrology
16.Mar.2023 မှ 22.Mar.2023 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ 16.Mar.2023 မှ 22.Mar.2023 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

16.Mar.2023 မှ 22.Mar.2023 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီတစ်ပတ်ထဲတော့ အနည်းငယ်အလုပ်တာဝန်တွေများနေရတတ်ပါတယ်။ အလုပ်မှာစိတ်ပင်ပန်း၊လူပင်ပန်း တဲ့အထိလုပ်ရတတ်ပါတယ်။ ရပ်ဝေးက မိတ်ဆွေတွေပိုက်ဆံလှမ်းချေးရင် သတိထားပါ။ ချေးမိလိုက်ရင်ပြန်ရဖို့ မလွယ်တော့ပါဘူး။ဒါအပြင် ရပ်ဝေးကိစ္စများ ၊နိုင်ငံရပ်ခြားကိစ္စများ၊လူမျိုးခြားနဲ့ ဆက်စပ်လုပ်ရသောအလုပ်များ၊ နယ်စပ်ကုန်သွယ်မှုနှင့်ဆိုင်သောအလုပ်များ အနည်းငယ် အထစ်အငေါ့လေးများဖြစ်တတ်ပါတယ်။

လိုတာထက်ပိုပြီး ငွေကြေးသုံးစွဲတာမျိုး လျှော့ချစေချင်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး ခရီးတိုလေးတွေသွားရတာမျိုးတွေလဲ ကြုံရ နိုင်ပါတယ်။ကျန်းမာရေးအတွက် စိတ်ပူစရာမလိုပေမဲ့ အရေပြားအဖုအပိန့်ထွက်ခြင်းများ၊ သွေးတိုးသမားနှင့်ဆီးချို သမားများကတော့သတိထားသင့်ပါ တယ်။အိမ်တွင်းရေးကိစ္စတွေမှာ မိမိကအစစအရာရာအုပ်စိုးလွန်းတာမျိုး ရှောင် ပါ။ အိမ်ထောင်ဦးစီး ဖြစ်ပါစေ အုံး တော့ အိမ်ထောင်ဘက်နဲ့ သားသမီးတွေစိတ်တိုင်းကျ လုပ်ကိုင်တာမျိုးတွေကိုလဲ ခွင့်ပြုပေးသင့်ပါ တယ်။

မင်းအစိုး ရနဲ့ တိုက်ရိုက်ဆက်နွယ်လုပ်ကိုင်ရသော ဝန်ထမ်းများ ကံပိုညံ့ခြင်း၊အန္တရာယ်ကြုံ ခြင်းများ ဖြစ်လေ့ ရှိတာမို့ သတိ ထားဖို့လိုပါတယ်။ အချစ်ရေးမှာတော့ စကားအနည်းငယ်များရတာကလွဲလို့ အဆိုး ကြီးမရှိပါဘူး။ပြဿနာတက်လာရင်လဲ တေ့တေ့ဆိုင်ဆိုင်ဖြေရှင်းလိုက်ရင်ပြေလည်သွားပါ လိမ့်မယ်။ ကျောင်း သား လူငယ်များပညာရေးအတွက် စိတ် ပူဖို့ မလိုတဲ့ကာလဖြစ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၃/၈
အထူးဟော အလုပ်အတွက်စိတ်ပူရမယ်။
ယတြာ နွမ်းပါးသူကိုဆေးဝါးလှူပါ

တနင်္လာ

ဒီတစ်ပတ်အတွင်းကံကောင်းခြင်းအဆင်ပြေခြင်းတွေ ထူးထူးခြားခြားကြုံနေရတတ်ပါတယ်။ ငွေကြေးနဲ့ပတ် သက်သောအကူအညီတွေလဲရလာတတ်ပါတယ်။ မင်္ဂလာကိစ္စများ၊အလှူအတန်းကိစ္စများ၊ရှင်ပြုနားသကိစ္စများကြုံရ ဆုံရတတ်ပါတယ်။ အများနဲ့သက်ဆိုင်သော ငွေကြေးကိစ္စများ ပြေလည်မှုတွေရရှိတတ်ပါတယ်။

ကုန်သွယ်မှုလုပ်ငန်း၊ ရေလုပ်ငန်း၊သင်္ဘောသားအလုပ်များ၊ ငါးလုပ်ငန်း၊ ကွန်ပျူတာလုပ်ငန်း၊မိတ္တုလုပ်ငန်းနှင့် ကုန်သိုလှောင်တဲ့အလုပ်များ လဲ အဆင်ပြေမှုတွေအထူးရရှိလာနိုင်တာကိုတွေ့ရပါတယ်။ဒီအပတ်အတွင်း လုပ်ငန်းအတွက်လိုအပ်တဲ့ကုန်ကြမ်းတွေ ဝယ်လှောင်လို့အထူးကောင်းပါတယ်။

ကျန်းမာရေးအားကောင်းတဲ့ကာလဖြစ်ပြီးတော့ တော်ရုံကျန်းမာရေးချို့တဲ့တာမျိုး တော့ ဒီအပတ်မှာဖြစ်ခဲပါတယ်။ သတိထားရမှာက မြင့်မြတ်တဲ့အချိန်ကာလဖြစ်တာမို့ သီလချိုးဖောက်ခြင်း၊ဆဲရေး တိုင်းထွာခြင်းများဆောင်ရွက်ပါက ကံအလွန်ညံ့ပါတယ်။ တတ်နိုင်သလောက်ယုတ်ညံ့သောကိစ္စမျိုးတွေကိုအထူး ရှောင်လိုက်ပါ။

ပညာရေးအတွက် ရလဒ်ကောင်းတွေရလာနိုင်တဲ့ကာလလဲဖြစ်ပါတယ်။ သင်တန်းတတ်ချင်တာပဲဖြစ် ဖြစ်၊သင်တန်းဖွင့်ချင်တာပဲဖြစ်ဖြစ် ဒီအပတ်အတွင်းစတင်ဆောင်ရွက်တာက အစစအရာရာအဆင်ပြေချောမွေ့စေပါ တယ်။

အချစ်ရေးမှာတော့ အလုပ်ကိစ္စတွေကြောင့်ချစ်သူနဲ့ဝေးနေရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့အနည်းငယ် အဆင်မပြေမှုတွေကြုံရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/၈/၅
အထူးဟော ကံမြင့်မားနေမယ်။
ယတြာ ငှက်ပျောကြော်ပြီးဘုရားကပ်ပါ

အင်္ဂါ

ဒီအပတ်အတွင်း မိမိရည်မှန်းထားတဲ့ကိစ္စတွေပြည့်ဝလာတတ်ပါတယ်။ လုပ်တိုင်းဖြစ်တဲ့ ကာလတွေလို့လဲပြော လိုရပါတယ်။ အနားယူချိန်တွေမှာ အလုပ်ကြွေးတွေနဲ့ အာရုံမများချင်ရင် ဒီအပတ်ထဲ အပင်ပန်းခံပြီးအားစိုက်လုပ်ကိုင် ဆောင်ရွက်စေချင်ပါတယ်။ ငွေကြေးကံအားကောင်းနေပြီး ရစရာရှိတာတွေရလာတာ၊သားသမီးတွေကန်တော့တာမျိုး၊ တပည့်လက်သားတွေကလာရောက်ပူဇော်တာမျိုးတွေ အထူးကြုံတွေ့ရတတ်ပါတယ်။

စက်ပစ္စည်းအပြင်၊ယာဉ်ကား ဝယ်ယူခြင်းများ၊အလဲအထပ်လုပ်ခြင်းများအလေးပေးဆောင်ရွက်လို့ကောင်းပါတယ်။ လိုတာထက်ပိုပြီး ကတိပေးတာ မျိုး၊အာမခံတာမျိုးတော့ရှောင်စေချင်ပါတယ်။အစုစပ်လုပ်ငန်းများအားရစရာကောင်းတဲ့အနေအထားတွေ့ရပါတယ်။ ခရီးတိုလေးတွေများနေတတ်ပါတယ်။

အားလပ်ရက်များ မိသားစုနဲ့ တစ်နေ့တာ ပျော်ပွဲစားထွက်ခြင်းများဆောင်ရွက်လို့ ကောင်းတာတွေ့ရပါတယ်။ ကျန်းမာရေးအားကောင်းတယ်ဆိုပေမဲ့ အိပ်ရေးပျက်ခံလို့မရသလို၊ ခန္ဓာကိုယ်မှာ အဖု အပိန့်ထွက်ရင်လဲ မပေါ့သင့်တဲ့ကာလဖြစ်ပါတယ်။

အောက်လက်ငယ်သားတွေကြောင့် စိတ်ချမ်းသာရမယ်။ တပည့် တွေကို အားကိုးရနိုင်တဲ့ကာလပါပဲ။အချစ်ရေးကိစ္စတွေမှာ စန်းပွင့်နေတတ်ပါတယ်။ ချစ်သူရဲ့ကြင်နာယုယမှုကိုရရှိ တတ်ပါတယ်။အိမ်ထောင်ရေးသာယာပျော်ရွှင်ရပေမဲ့ အိမ်ထောင်ဘက်ရဲ့ကျန်းမာရေးအားနည်းတတ်တာမို့သတိထား ရပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၅/၆/၃
အထူးဟော စိတ်ချမ်းသာရမယ်။အလုပ်တွေပြီးမြောက်မယ်။
ယတြာ သပြေပန်းဘုရားလှူပါ

ဗုဒ္ဓဟူး/ရာဟု

လူမှုရေးကိစ္စများ၊ပေါင်းသင်းဆက်ဆံရေးကိစ္စများအထူးညံ့ဖျင်းနေပါတယ်။ စကားများများပြောရသူတွေ၊ လူ များ များနဲ့တွဲဖက်လုပ်ကိုင်ရသူတွေသတိထားကြပါ။ ငွေကြေးရလိုမှုထက် ပရဟိတဆန်ဆန်အများအကျိုးကိုဦးစားပေး ပြီးဆောင်ရွက်လိုက်ပါ။အလုပ်ကောင်းပေမဲ့ အလုပ်မှာပင်ပန်းရတာ၊တာဝန်ယူရတာမျိုးတွေဖြစ်ရတတ်ပါတယ်။

ငွေကြေးအပူအပင်တွေများရတတ်ပါတယ်။အထက်လူကြီးရဲ့ အကြောင်းမရှိဆူပူတာမျိုးတွေကြောင့်စိတ်ညစ်ရတတ်ပါ တယ်။ ဆိုးသွမ်းတဲ့သားသမီးတွေရှိရင် ထိုသားသမီးတွေကြောင့်စိတ်ဆင်းရဲရတတ်ပါတယ်။ မိသားစုစီးပွားရေးတွေကို မိမိအကြံတွေဒီအပတ်ထဲ ထည့်မသုံးပါနဲ့။ အဆိုးမြင်မကောင်းမြင်စိတ်တွေ ကြီးမားလာနိုင်လို့ ကိုယ့်စိတ်ကို ပြန်စစ်ရလိမ့်မယ်။ စိတ် မကြည်၊ စိတ်ပျက်စရာတွေ ကြုံရတတ်တယ်။

ပြဿနာအသေးအဖွဲလေးတွေ ဖြစ်လို့ ပြန်လည် ဖြေ ရှင်းနိုင်မယ်။ အလုပ်အကိုင်မှာ အရင်က ကြိုးစားခဲ့တဲ့ အသီးအပွင့်ကို ပြန်ခံစားရမယ်။ အရင်က ဆုံးဖြတ်ခဲ့တဲ့ကိစ္စ တွေက မှန်ကန်နေလိမ့်မယ်။ စိတ်ဖိစီးစရာကိစ္စတွေလည်း ရှိနေဦးမယ်။

မေတ္တာရေးမှာလည်း နားလည်မှုတွေ လိုမယ်။အတိုက်အခိုက်တွေကို ကျော်ဖြတ် နိုင်မယ်။ အလုပ် စီးပွားကိစ္စမှာ မျှော်မှန်းသလို မဖြစ်တာတွေ ရှိလာမယ်။ ခန့်မှန်းရခက်တဲ့ အခြေအနေတွေနဲ့ ထိပ်တိုက်တိုး မယ်။ နှလုံးသားရေးမှာ စိတ်မကြည်လင်စရာတွေ ဖြစ်တတ်တယ်။

အကျိုးပေးဂဏန်း ၇/၀/၆
အထူးဟော အကြံအစည်စိတ်ကူးတွေကိုအကောင်အထည်မဖော်သင့်သေးပါ
ယတြာ ထန်းလျက်ခဲ ခွေးကျွေးပါ။

ကြာသပတေး

သားသမီးများအတွက်ပူပင်သောကများနေတတ်သည်။ အပေါင်းအသင်းများ၊လုပ်ဖေါ်ကိုင်ဘက်များနှင့် စိတ် ဝမ်းကွဲ တတ်မည်။အထက်လူကြီးများ၏ငြိုငြင်မှုခံရမည်။ ငွေကြေးများမရဖြစ်နေတတ်မည်။အလုပ်မှာ ပြောရဆို ငြင်းရ တာတွေ ရှိမယ်။ တာဝန်ကြီးတွေ ထမ်းရမယ်။ အဲ လိုပဲ စိတ်ပျက်စရာတွေလည်း ကြုံရမယ်။ ဒါပေမဲ့ အားလုံးကို ကျော် ဖြတ်နိုင်မယ်။ လုပ်ရဲလေ အောင်မြင်လေပဲ။

ငွေကြေးကိစ္စ အဆင်ပြေပြီး အကုန်အကျ သိပ်များမယ်။ ကိုယ်ပိုင် စီးပွားရေး က တော့ လုပ်ငန်းများအဆင်ပြေနေမည်။ ကျန်းမာရေးတွင် ဝမ်းဗိုက်နှင့် ပတ်သက် သောရောဂါ လေထိုး လေအောင့် အစာအိမ် အစာအဆိပ်သင့်ရောဂါနှင့် မတော်တဆ ထိခိုက်ဒဏ်ရာများ ဖြစ်တတ်ပါသည်။

အကြောင်းမဲ့ အကျိုး မရှိသောခရီးယာယီများနေမည်။ ငွေကုန်လူပန်းဖြစ်နေမည်။ ဆွေမျိုးများထံမှအကူအညီအထောက် အပံ့ရရှိ မည်။ ရင်နှီးထားသောအလုပ်များမှငွေကြေးများအစုလိုက်အပုံ လိုက်ဝင်ကိန်း ရှိမည်။ စားကောင်းသောက်ဖွယ်နှင့် လက်ဝတ်ရတနာ များလည်း ဝင်ကိန်းရှိ သည်။ပညာရေးစိတ်ညစ်စရာအကြောင်းများ ဖြစ်ပေါ်နေမည်။

ဆွေမျိုး ပတ်ဝန်း ကျင်နှင့်အဆင် မပြေဖြစ်နေမည်။စိတ်ရှုပ်နေသဖြင့် ပညာရေးတွင်အခက်အခဲနှောင့်နှေးမှုများကြုံနေရမည်။ အချစ်ရေး အဆင် ပြေနေမည်။ အိမ်ထောင်ရေး တွင်မူ ပူပန်သောကများနေရတတ်သည်။

အကျိုးပေးဂဏန်း ၁/၇/၅
အထူးဟော ဝန်ထမ်းအလုပ်များမကောင်းပေမဲ့ ကိုယ်ပိုင်အလုပ်များအဆင်ပြေမယ်။
ယတြာ အုန်းနို့ခေါက်ဆွဲဘုရားကပ်ပါ။

သောကြာ

ဒီတစ်ပတ်အတွင်း စီးပွားကံကောင်းမယ်။ ကောင်းသောစကား၊ယဉ်ကျေးသောစကား၊ချိုသောစကား ပြောတတ် သူတွေ ပိုကံကောင်းမယ်။ဘုန်းတန်ခိုး သစ်လွင်တောက်ပလွယ်တဲ့ကာလဖြစ်လို့ ဘုန်းကံကို နိမ့်ပါးစေတဲ့ ပြုမူ ဆောင် ရွက်မှု များ မပြုမိစေဖို့ လိုပါတယ်။ မိဘအကြီးအကဲများပေါ်ကောင်းစွာ ကျေးဇူးပြုနိုင်မယ့် ကာလဖြစ်ပြီး ယုံကြည်မှုတွေ အသက်ဝင်လာမဲ့ နှစ်ကာလမျိုးပါပဲ။ ငွေကြေးဥစ္စာ စုဆောင်းနိုင်ဖို့ ခက်ခဲတတ်ပြီး ကျန်းမာရေး ချူချာအားနည်း လွယ် တာကို တော့ သတိပြုရပါမယ်။ အကူအညီမပေးသင့်သူကို ကူညီမိခြင်းအတွက် စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါ တယ်။

လုပ်ငန်း ရာထူးကိစ္စများ တိုးတက်မှုအားကောင်းမယ့်ကာလဖြစ်ပြီး ကိုယ်ပိုင် အစွမ်းအစ ရှိသလောက် အောင်မြင် မှုများမယ့် နှစ်ပါပဲ။ လုပ်ငန်းစီးပွားပိုင်းမှာ တစ်ခုသတိပြုဖို့က လောဘတကြီး တိုးချဲ့တာ မျိုး မလုပ်သင့်သေးပါ။ အများ နှင့်ဆိုင်သော ကိစ္စတွေမှာ စကားပြောဆိုမှု ဆင်ခြင်သင့်ပြီး မလိုအပ်ဘဲ အသင်းအဖွဲ့၊ လူစုလူ များနှင့်ဆိုင်သော ကိစ္စများ မှာ မပါဝင်သင့်ပါ။

ကိုယ်ပိုင်အကြံအစည်များ လက်တွေ့ အကောင်ထည်ဖော်နိုင်မယ့် ကာလဖြစ်ပြီး အိမ်ထောင်ရေး အချစ်ရေး မေတ္တာရေးမှာတော့ အားနည်းတတ်တဲ့ နှစ်ပိုင်းဖြစ်ပါတယ်။ နှလုံးသားခံစားချက်ထက် ဦးနှောက်နဲ့ စဉ်းစား လုပ်ကိုင် ဆုံးဖြတ်ခြင်းဟာ ပိုသင့်မြတ်ပါလိမ့်မယ်။စာသင်နေကြတဲ့ကျောင်းသားများ၊သင်တန်းသားများ စာအပေါ်အာရုံ စိုက်လာနိုင်တဲ့ကာလပဲဖြစ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၂/၆
အထူးဟော စီးပွားကံကောင်းမယ်။
ယတြာ အကြော်စုံဘုရားကပ်ပါ။

စနေ

အနည်းငယ်အဆင်မပြေမှုလေးတွေတော့ ရောပါနေပါတယ်။အကောင်းရောအဆိုးရော နှစ်ခုစလုံးကြုံရနိုင်ပါ တယ်။အချစ်ရေးတွင်ဝေးတသက်သက်နီးတကျက်ကျက်ဖြစ်နေတတ်သည်။ကျန်းမာရေးမကြာခဏဖျားနာတတ်သည်။ မျက်စိနှင့်ဦးခေါင်းတို့တွင်ရောဂါအန္တရာယ် ရရှိတတ်သည်။အကြီးအကဲတို့အတွက်ပူပင်သောက ရောက်ရတတ် သည်။ လုပ်ငန်းအကြံ အစည် များအောင်မြင်မှုရရှိနေမည်။ဝင်ငွေများလည်းတိုးတက်မှုရှိနေမည်။ ထင်ပေါ်ကျော်စော မူရှိနေ မည်။

အပြင်လူအများ၏လေးစားခြင်းခံရတတ်သည်။တခါတရံငွေ ကြေးအခက်အခဲ ကြုံရတတ်သော်လည်း ဆွေမျိုးများ ထံမှ အကူအညီအထောက်အပံ့ ရရှိတတ်မည်။ပုံမှန်ဝင်ငွေ အပြင်အခြားဝင်ငွေများလည်းရရှိတတ်မည်။ ပျော်ရွှင်မှုများ ရရှိ မည်။အလှူမင်္ဂလာများ လည်းပြု ရတတ်မည်။ ပညာရေးထူးချွန်အောင်မြင်မည်။

အဆင့်မြင့်ပညာများ သင်ကြား ခွင့်ရရှိနိုင်မည်။အချစ်ရေးတွင်လူမျိုးခြား၊ ဘာသာခြား၊မလွတ်လပ်သူ များနှင့်ကြုံတွေ့ရတတ်သည်။ လူအများ ၏လေး စား ခြင်းခံရမည်။ သို့သော်မိသားစုကျန်းမာရေး ထိခိုက်တတ် သည်။ မိသားစု အတွက်သောက ရောက်ရတတ် သည်။ မိသားစုအတွင်းညီငယ်ညီမငယ်တို့နှင့်စိတ်သဘောထားခြင်း မတိုက် ဆိုင်တတ်ပေ၊ မကြာခဏရန်ဖြစ် နေရတတ်သည်။ အိမ်ထောင်ရှင်များလည်းမကြာခဏက တောက်ကဆဖြစ်နေရတတ်သည်။

အကျိုးပေးဂဏန်း ၂/၃/၉
အထူးဟော အနည်းငယ် ကံညံ့နေမယ်။
ယတြာ ကန်စွန်းဥပြုတ်ပြီးဘုရားလှူပေးပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ရေးသားသူ – ဆရာငြိမ်းအေးလူ-ဗေဒင်သုတေသီ ·

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။