ခုနစ်ရက်သားသမီးများအတွက် 3.12.2023 မှ 9.12.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

Astrology
ခုနစ်ရက်သားသမီးများအတွက် 3.12.2023 မှ 9.12.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

တနင်္ဂနွေသားသမီး

အောင်မြင်မှု၏အနှစ်သာရကိုရရှိမည်။ အဆင့်မြင့်တက်လမ်းကြုံမည်။ ခက်ခဲသောပြဿနာများဖြေရှင်းနိုင်မည်။ ယှဥ်ပြိုင်သူအလုံးအပေါ် အနိုင်ယူနိုင်မည်။ ပညာအတတ်နှင့် တိုးတက်မှုရမည်။ ချက်ချင်းဆုံးဖြတ်ပြီး ရှေ့တိုးဆောင်ရွက်ခြင်းတို့မှ ထူးခြားသောအကျိုးဆက်ကိုရရှိမည်။ လုပ်ငန်းခွင်မှသူများ အလုပ်တိုးတက်မည်။ ပညာသင်တန်းကိစ္စများဆောင်ရွက်ရမည်။ နာမည်ကောင်းသတင်းကျော်ကြားမည်။ အခြားသူတစ်ပါးတို့ကနေရာပေး၍ တလေးတစားဆက်ဆံခြင်းကိုရရှိမည်။ ပြတ်တောက်နေသော အဆက်အသွယ်များနှင့်ပြန်လည်ချိတ်ဆက်မိမည်။

ယတြာ – ကြက်၊ ငှက်တို့ကို အစာကျွေးခြင်းပြုပါ။

တနင်္လာသားသမီး

ဖြေရှင်းရန်ခက်ခဲသောပြဿနာနှစ်ခု တစ်ပြိုင်နက်တည်းဖြေရှင်းရမည်။ ကာလရှည်ကြာမှားယွင်းထားသောစာရင်းဇယားများ၊ ပျောက်ဆုံးနေသောစာရင်းဇယားများ၊ ကွာဟနေသော စာရင်းဇယားများ၊ မရိုးမသားဆောင်ရွက်သောလုပ်ဖော်ကိုင်ဖက်များ၊ ပြဿနာအလုံးစုံကိုခေါင်းရှောင်၍ မိမိအပေါ် အပြစ်ပုံချသူများကြား ရောက်ရှိနေမည်။ ပြတ်သားပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းပါ။ ရိုးအသည်ဟုယူဆသတ်မှတ်ထားသောသူက ကိုယ့်အပေါ်လိမ်ညာလိမ့်မည်။ စုဆောင်းထားသောငွေများ ရုတ်ခြည်းသုံးစွဲရမည်။ လျှပ်စစ်ပစ္စည်းများဝယ်ယူမှုမှားယွင်းတတ်သည်။

ယတြာ – မိမိအိမ်ဘုရားမှာ လိမ္မော်ရည်ကပ်လှူပါ။

အင်္ဂါသားသမီး

အရေးကြီးသောဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်။ အတိုက်အခံများရှိမည်။ ဆောင်ရွက်ရန် ငွေအင်အား၊ လူအင်အားအပြည့်ရှိသည့်အပြင် အခွင့်အရေးကောင်းများကိုရရှိနေလျက် လက်တွေ့ဆောင်ရွက်ရန် ခက်ခဲနေမည်။ အတားအဆီး၊ အနှောင့်အယှက်များရှိမည်။ မနာလိုသူများက လိုက်လံပိတ်ဆို့တားဆီးသောကြောင့်နှောင့်နှေးလွဲချော်ခြင်းများရှိမည်။ ဝေဖန်သူများစကားအပေါ် အလေးထားမိ၍ အမှားကြုံတတ်သည်။ သူတစ်ပါးအပေါ်ယုံကြည်အားကိုး၍မရ။ ပေါ်ပေါက်လာသောအခြေအနေနှင့် ဖြစ်ပေါ်လာသောပြဿနာအရပ်ရပ်အားကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းပါ။

ယတြာ – ရွက်လှေတစ်ခု ပိုစတာပုံ အနီးအပါးထားရှိပါ။

ဗုဒ္ဓဟူးသားသမီး

အယူအဆသစ်တို့ကို လက်တွေ့အကောင်အထည်ဖော်သင့်သည်။ တိုးတက်ရန်လုပ်သောကိစ္စများမှ ကောင်းသောသတင်းကြားသိရမည်။ အများအပေါ်ဦးဆောင်ရမည်။ သူတစ်ပါးကိစ္စတို့ကို ကြားဝင်တာဝန်ယူ၍ဆောင်ရွက်ရမည်။ နာမည်အောင်မြင်မှုနှင့်ကြုံမည်။ ကိုယ်ရေးကိုယ်တာကိစ္စထက် သူတစ်ပါးကိစ္စတို့ကိုလုပ်ကိုင်ဆောင်ရွက်ရလိမ့်မည်။ လုပ်သမျှလူသိထင်ရှားဖြစ်မည်။ ကိုယ့်အပေါ်စိတ်ဝင်စား၍ ကိုယ့်သတင်းနားစွင့်နေသူများရှိမည်။ကိုယ့်အပေါ် တစေ့တစောင်းကြည့်နေသူများရှိ၏။ အသွားအလာအနေအထိုင်အစစအရာရာဆင်ခြင်ရပေမည်။

ယတြာ – ပိတောက်ကိုင်းကို သုံးပိုင်းချိုးပြီးရေမျှောပြီး လိုရာဆန္ဒပြုပါ။

ကြာသပတေးသားသမီး

မိတ်ကောင်းဆွေကောင်း အထောက်အကူရမည်။ အခက်အခဲများကျော်လွှားနိုင်မည်။ ၅၂၈ – ၁၅၀၀ မေတ္တာ အလုံးစုံကောင်းသောကာလဖြစ်သည်။ မိသားစုနှင့်ပတ်သက်သည့် စိတ်ချမ်းမြေ့စရာများကို ကြုံတွေ့ရမည်။ တစ်ပါးသူတို့ဆောင်ရွက်ရင်းမနိုင်မနင်းဖြစ်ကာ တစ်ပိုင်းတစ်စရပ်တန့်ထားရသည့် အလုပ်ကိစ္စ၊ ငွေကြေးကိစ္စတို့ကို စနစ်တကျဖြစ်အောင်ပြုပြင်ဆောင်ရွက်နိုင်လိမ့်မည်။ အလှူမဂ်လာဧည့်ခံပွဲများသို့ သွားရောက်ရကိန်းရှိမည်။ မိသားစုအတွင်း စာသင်သားတို့ရှိက ပညာရေးအထူးကောင်းမည်။ အကြီးအကဲများ ကျန်းမာရေးအညံ့ကြုံကမပေါ့ဆအပ်။

ယတြာ – စားပွဲတင်ကမ္ဘာလုံးပုံစံငယ်တစ်ခုဝယ်ယူပြီး အနီးအပါးထားရှိပါ။

သောကြာသားသမီး

ဦးတည်ချက်ပြောင်း၍ ခရီးကိစ္စများဆောင်ရွက်အောင်မြင်မည်။ အရပ်ဝေးနှင့်ဆက်စပ်သောလုပ်ငန်းများမှ ထူးခြားသောတိုးတက်မှုကိုကြုံမည်။ နေရာအပြောင်းအရွှေ့ကိစ္စအဆင်​​ပြေမည်။ နိုင်ငံခြားခရီးသွားရောက်မှု ကိုယ်တိုင်တွင်လည်းကောင်း၊ မိသားစုတွင်လည်းကောင်း ဖြစ်တည်နေသည်။ ခြံ၊ ကား၊ အခန်းရောင်းမှား၊ ဝယ်မှားဖြစ်သူတစ်ဦးအား လိုက်လံကူညီဖြေရှင်းပေးရလိမ့်မည်။ အသက်အရွယ်ကြီးသူမိသားစုဝင်တို့၏ ကျန်းမာရေးအညံ့ကြုံမည်။ မပေါ့အပ်။ ပညာရေးကိစ္စဆောင်ရွက်သူများ အိမ်တွင်ရှိက ထိပ်တန်းမှထူးချွန်စွာ အောင်မြင်ခြင်းများရရှိနိုင်သည်။

ယတြာ – လှေကားပုံ ပိုစတာ အနီးအပါးထားရှိပါ။

စနေသားသမီး

ဘဝအခြေအနေ ရုတ်တရက်ပြောင်းလဲမြင့်မားသွားမည်။ ရည်မှန်းချက်အောင်မြင်မည်။ အခက်အခဲများ ကျော်လွှားနိုင်မည်။ ငွေကြေးအပေးအယူကိစ္စ အဆင်ပြေမည်။ ရင်းနှီးမြှုပ်နှံမှုများမှ အမြတ်အစွန်းကောင်းစွာရရှိမည်။ ကြိုးပမ်းဆောင်ရွက်ထားသည့်များမှ အကျိုးထူးခံစားရမည်။ ပုံမှန်ထက်ပို၍ ငွေဝင်မည်။ အပြိုင်အဆိုင် အားလုံးကို ကျော်လွှားနိုင်မည်။ အရောင်းထိုင်းပစ္စည်းများ စျေးကွက်အတွင်းအရောင်းအဝယ်သွက်လက်ကာ အကျိုးအမြတ်ကောင်းများရှိမည်။ အလှူမင်္ဂလာကိစ္စများကြုံမည်။ ရောင်းမှားဝယ်မှားပြဿနာများဖြေရှင်းနိုင်မည်။ ဝေးကွာနေသူများနှင့် ပြန်လည်ချိတ်ဆက်မိမည်။ သူတစ်ပါးကိစ္စလိုက်လံကူညီရင်း မိတ်ဆွေသစ်တိုးပွားမည်။

ယတြာ – နှင်းဆီနီ ၃ ပွင့်ကို ​ပန်းအိုးဖြင့်ထိုးပြီးအမြင့်တင်၍ လိုရာဆန္ဒပြုပါ။

ရေးသားသူ –ဆရာမရွှေရုပ်လွှာအကြားအမြင် ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။