၁၂ ရာသီဖွားအားလုံးအတွက် ၂၀၂၃ ခုနှစ် ငွေကြေးကံဇာတာ

Astrology
၁၂ ရာသီဖွားအားလုံးအတွက် ၂၀၂၃ ခုနှစ် ငွေကြေးကံဇာတာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၁၂ ရာသီဖွားအားလုံးအတွက် ၂၀၂၃ ခုနှစ် ငွေကြေးကံဇာတာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၁၂ ရာသီဖွားအားလုံးအတွက် ၂၀၂၃ ခုနှစ် ငွေကြေးကံဇာတာ

၂၀၂၃ နှစ်မှာ ဘယ်ရာသီဖွားတွေက ငွေကြေးကံဇာတာ ကောင်းလာမလဲ၊ ဘယ်ရာသီဖွားတွေကတော့ဖြင့် ငွေကြေး အခက်အခဲ ကြုံလာနိုင်သလဲ ဆိုတဲ့ တစ်နှစ်တာ ဗေဒင်ဟောစာတမ်းကို ဗျို့ပရိသတ်တွေအတွက် တင်ပြလိုက်ပါတယ်။

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉ ထိ)

နှစ်ဦးပိုင်းမှာ မသိသာဘဲ နောက်ပိုင်းမှာ ဝင်ငွေလစာ၊ အမြတ်အစွန်း စသည်ဖြင့် တိုးပွားလာမယ်။ ငွေကြေးနဲ့ ပတ်သက်ရင် အကောင်းရော အဆိုးပါ အမျိုးမျိုး ကြုံတွေ့ရတတ်တယ်။ ငွေဝင်ခါနီးတိုင်း အနှောင့်အယှက်တွေ များမယ်။ ရတာလေးတွေ ပြန်ကုန်လွယ်တတ်လို့ အသုံးအစွဲ ထိန်းရမယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ ထိ)

နှစ်လယ်လောက်က စပြီး အဘက်ဘက်က တိုးတက်ဖြစ်ထွန်းမှုတွေ ရှိလာမယ်။ ဝင်လာတဲ့ငွေကိုလည်း တည်မြဲအောင် ကြိုးစားနိုင်မယ်။ ငွေရလမ်းတွေ၊ အခွင့်အရေးတွေ ပေါ်မယ်။ တခါတလေ ငွေရဖို့ စောင့်ရတာ၊ ဝင်လာမယ့် ငွေကြေး လာဘ်လာဘတွေ တန့်သွားတာမျိုးတော့ ဖြစ်လိမ့်မယ်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ ထိ)

နှစ်လယ်ပိုင်းအထိ ငွေကြေးရလမ်းတွေ ပွင့်နေမယ်။ အမြတ်အစွန်း၊ ရပေါက်ရလမ်းတွေ ရှိနေမယ်။ လုပ်ငန်းဆောင်တာတွေမှာ အထစ်အငေါ့တွေ ရှိလာတတ်ပေမဲ့ ငွေကြေးပိုင်းမှာ ကံဆက်ကောင်းနိုင်တယ်။ အသုံးအစွဲ လက်ဖွာတာကိုတော့ လျှော့ရမယ်။ အလှူလုပ်ရင် ပိုကံကောင်းနိုင်တယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ ထိ)

အလုပ်အကိုင်တွေ ကောင်းပေမယ့် ငွေကြေးနဲ့ပတ်သက်လာရင် မျှော်လင့်သလောက် အဆင်မပြေဘဲ ဖြစ်နေမယ်။ နှစ်လယ်လောက်မှသာ ငွေဝင်လမ်းကြောင်း ဖြောင့်ဖြူးလာပြီး ဝင်ငွေ၊ အကျိုးအမြတ် တိုးတက်လာမယ်။ ဒါပေမဲ့ ငွေကြေးကိစ္စတိုင်းမှာ သည်းခံစောင့်ဆိုင်းရတာမျိုး ရှိမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ ထိ)

ပုံမှန်ဝင်ငွေအပြင် တခြားရလမ်းအသစ်တွေ ပေါ်လာနိုင်တယ်။ ဝင်ငွေစီးဆင်းတဲ့လမ်းကြောင်း တစ်ခုမက ရှိလာတတ်တယ်။ အလုပ်အကိုင်အခြေအနေ တိုးတက်လာလို့ ကိုယ့်ငွေကြေးကံပါ မြင့်မားလာမယ်။ လောင်းကစား (သို့) လက်လွန်ခြေလွန် အသုံးကြမ်းတာကိုတော့ ရှောင်ရမယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ ထိ)

ယေဘုယျအားဖြင့် ငွေကြေးကံ အားနည်းမယ့်နှစ် ဖြစ်ပြီး ဘယ်လောက်ရရ အဖတ်မတင်တာမျိုး ကြုံရတတ်တယ်။ ဝင်ငွေရပေါက်ရလမ်းတွေ ပွင့်လာပေမယ့် ကိုယ်တိုင်က လက်နှေးတာ၊ အတွေးလွန်တာကြောင့် လွဲချော်လိမ့်မယ်။ ကြွေးမြီ (သို့) အချေးအငှားပြဿနာ ဖြစ်တတ်တယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ထိ)

နှစ်စကတည်းက ဘာလုပ်လုပ် အဆင်ပြေလွယ်နေပြီး နှစ်လယ်က စလို့ ငွေဝင်ကိန်းတွေ ပေါ်လာတတ်တယ်။ အမွေရတာ (သို့) ငွေ အပေးအယူကနေ အကျိုးအမြတ် ရတာတွေ ဖြစ်လာမယ်။ နှစ်လယ်နောက်ပိုင်းမှာ ငွေအသုံးလွန်တာ၊ အဖတ်မတင်တာတွေ ဖြစ်လာတတ်တယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ထိ)

အရင်က ရင်းနှီးမြှုပ်နှံခဲ့တာတွေက ငွေပြန်ပေါ်လာပြီး အကျိုးကျေးဇူး ဖြစ်ထွန်းမယ်။ ဒါပေမဲ့ အာရုံနောက်စရာကိစ္စတွေကြောင့် ငွေကုန်ကြေးကျ များရတတ်တယ်။ နှစ်လယ်နောက်ပိုင်းမှသာ အခြေအနေအရပ်ရပ် ကောင်းမွန်လာမယ်။ ကံစမ်း၊ လောင်းကစားတွေ ရှောင်ရမယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ ထိ)

ငွေကြေးကံ သိပ်မထူးခြားတဲ့နှစ် ဖြစ်တယ်။ ရပေါက်ရလမ်း အသစ်တွေ မြင်တတ်ပေမယ့် ကိုယ့်အတွက် ဘာမှ မကျန်တတ်လို့ လုပ်လည်း မထူးသလို ခံစားရမယ်။ ငွေကြေး ပြဿနာတချို့နဲ့လည်း ရင်ဆိုင်ရတတ်တယ်။ နှစ်လယ်ပိုင်းအထိ ငွေဝင်ကိန်း ရှိပြီး နောက်ပိုင်း ပုံမှန် ဖြစ်မယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ ထိ)

ငွေကြေးနဲ့ပတ်သက်လို့အကောင်းအဆိုး မထင်ရှားတဲ့နှစ် ဖြစ်တယ်။ အရင်နှစ်က ငွေကျပ်ခဲ့ပေမယ့် အခုတော့ အဆင်ပြေပြေ လည်ပတ်သုံးစွဲနိုင်မယ်။ နှစ်လယ်လောက်က စလို့ ဝင်ငွေလမ်းဖြောင့်လာမယ်။ ကံစမ်းမှုတွေလည်း အကျိုးပေးတတ်တယ်။ အလွန်အကျွံတော့ မလုပ်သင့်ပါ။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ထိ)

ငွေကြေးကံကောင်းမယ့်နှစ် ဖြစ်ပြီး နှစ်လယ်မရောက်ခင်အထိ ဝင်ငွေလမ်းကြောင်း ဖြောင့်ဖြူးတတ်တယ်။ နှစ်လယ်နောက်ပိုင်းမှာတော့ ငွေကြေးကံထက် အလုပ်ကံက ပိုကောင်းလာနိုင်တယ်။ ဝင်ငွေ တိုးပေမယ့် ထိန်းသုံးရတာ၊ ငွေဝင်ခါနီး စောင့်ဆိုင်းရတာတွေလည်း ဖြစ်လိမ့်မယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ ထိ)

ဒီနှစ်မှာတော့ နှစ်ဆန်းပိုင်းအထိ ငွေကံကောင်းနေရာက အဲဒီနောက်ပိုင်းမှာ ငွေအဝင် တန့်သွားတာ၊ ထိန်းသုံးရတာ၊ ငွေနဲ့ပတ်သက်လို့ စိတ်ပင်ပန်းလူပင်ပန်း ဖြစ်ရတာတွေ ရှိလာနိုင်တယ်။ ဝင်ငွေအကျိုးအမြတ် အတော်အသင့် ရှိပေမယ့် နှစ်လယ်က စလို့ အာရုံနောက်စရာ များလာမယ်။

၁၂ ရာသီဖွားအားလုံး ငွေကြေးကံဇာတာ ပွင့်လန်းနိုင်ကြပါစေ။

ရေးသားသူ – Byoh Lifestyle

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။