Covid-19 နှင့် ပတ်သက်၍ အမေးအများဆုံး မေးခွန်းများ (၁)

Health
ဆီးချိုရောဂါရှိပြီး ကိုဗစ်-၁၉ ဖြစ်ရင် ဘာကျွေးရမလဲ ?

1. ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံ – တရုတ်ပန်းကန်လုံး ၂-၃ လုံး စားပါ

(သွေးချိုပေါ်မူတည် ၍ အလျှော့အတင်း ရှိနိုင်သည်)

2. အသား (အရေခွံမပါ) – ၅-၁၀ ကျပ်သားစားပါ

3. ကြက်ဥ အကာ ၃-၄ လုံး

4. ပဲ – ခွက် တဝက် လောက် စားပါ

5. အရွက် – စားနိုင်သလောက် စားပါ

6. အသီး (နာနတ်သီး၊ ဖရဲသီး၊ သရက်သီး၊ ဒူးရင်းသီး ကလွဲရင်)

  • ဆီးချို ပုံမှန်ထဲ ရှိပါက ခွက် တဝက် ကနေ တစ်လုံး အထိ စားနိုင်သည်။ (အစာကြီး နှင့် ခြားစားပါ)

7. နို့ – အဆီထုတ်ထားတဲ့ နို့ (low fat milk) (သို့မဟုတ်) အာဟာရမှုန့်

(အရေးကြီးတာ က ထမင်းတွေ အချိုတွေ အများကြီး စားပြီး ဒါတွေ ပါ ထပ်စားရင်တော့ ဆီးချို တွေ ပိုတက်နိုင်ပါတယ်။)

8. Multivitamin အားဆေး တခုခု ရှိရင် သောက်ပါ။

(မရှိရင် အထက်ပါ ပြောတဲ့ အတိုင်း အာဟာရပြည့်အောင်စားပါ။)

မှတ်ချက်- vitamin C,D သောက်ရမလား ????

– ရှိရင် သောက်လိုက်ပါ၊ မရှိတာ ကို ဆေးဆိုင်မှာ တိုးကြိတ်ပြီးသွားဝယ်မှ ကူးလာပါမယ်။

ဒါတွေ က အခုထိ ရောဂါ ပျောက်စေတယ်လို့ ပြောထားတာ မရှိပါ။ ဒါကြောင့် မဖြစ်မနေ သောက်ရန် မလိုပါ။

Leave a Reply