လူထုအကျိုးပြု ကော်ဖီအမှတ်တံဆိပ်ကုမ္ပဏီကို ပူးတွဲတည်ထောင်ထားသူ ဟုဂျက်မန်း

Celebrity International News
လူထုအကျိုးပြု ကော်ဖီအမှတ်တံဆိပ်ကုမ္ပဏီကို ပူးတွဲတည်ထောင်ထားသူ ဟုဂျက်မန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လူထုအကျိုးပြု ကော်ဖီအမှတ်တံဆိပ်ကုမ္ပဏီကို ပူးတွဲတည်ထောင်ထားသူ ဟုဂျက်မန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လူထုအကျိုးပြု ကော်ဖီအမှတ်တံဆိပ်ကုမ္ပဏီကို ပူးတွဲတည်ထောင်ထားသူ ဟုဂျက်မန်း

Hugh Jackman | Biography, Films, Musicals, & Facts | Britannica

X-Men ဇာတ်ကားတွေထဲ “Wolverine”ဇာတ်ကောင်နဲ့ လူသိများတဲ့ မင်းသားဟုဂျက်မန်းဟာ Laughing Man Coffeeအမှတ်တံဆိပ်ကုမ္ပဏီကိုလည်း ပူးတွဲတည်ထောင်ထားတာပါ။ အဲ့ဒီကရတဲ့ အမြတ်ငွေတွေကို ဖောင်ဒေးရှင်းမှာ ထည့်ဝင်ထားပါတယ်။

ဟုဂျက်မန်းဟာ၂၀၀၉ ခုနှစ်က ဖွံ့ဖြိုးတိုးတက်ရေးပရောဂျက်တွေအကြောင်း မှတ်တမ်းရုပ်ရှင်အတွက် အီသီယိုးပီးယားကို သွားရောက်ခဲ့ပြီးနောက် အရသာရောရှိပြီး ကော်ဖီစိုက်ပျိုးသူတွေအတွက်ပါ အကူညီပေးနိုင်တဲ့ ကော်ဖီကို ဖန်တီးဖို့စိတ်ကူးရခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ ၂ နှစ်အကြာမှာ Laughing Man Coffee ပေါ်ထွက်လာခဲ့တာပါ။

ဒူခါလီအမည်ရတဲ့ အီသီယိုးပီးယားလယ်သမားတစ်ဦးနဲ့ တွေ့ဆုံပြီးတဲ့အချိန်မှာ ကော်ဖီရဲ့တန်ဖိုးနဲ့ ဘဝတွေအပေါ် သက်ရောက်မှုရှိနိုင်ချေကို ဟုဂျက်မန်းနားလည်သဘောပေါက်လာခဲ့တာပါ။

ကော်ဖီအမှတ်တံဆိပ်ကရတဲ့ သူ့ရဲ့အမြတ်ငွေတွေအားလုံးက Laughing Man Foundation ဆီရောက်ပါတယ်။ မကြာသေးခင်ကမှ ဖောင်ဒေးရှင်းက ကိုလံဘီယာနိုင်ငံ၊ ဟွေလာက ကော်ဖီစိုက်ပျိုးရေးအသိုင်းအဝိုင်းကို ပံ့ပိုးဖို့ မျှတတဲ့ကုန်သွယ်မှုထုတ်ကုန်တွေအတွက် စံချိန်စံညွှန်းတွေသတ်မှတ်ပြီး တရားဝင်​ထောက်ခံချက်ပေးတဲ့ အကျိုးအမြတ်မယူတဲ့ Fair Trade USA နဲ့ လက်တွဲခဲ့ပါတယ်။

အခုနှစ်မှာ Laughing Man ဟာ COOCENTRAL Cooperative (လယ်ယာစိုက်ပျိုးရေးသမဝါယမ)ရဲ့မိသားစုဝင်တွေကို ကောလိပ်ပညာသင်ဆု ၄၀ အပြင် နေအိမ် ၁၀၀ တိုးတက်ကောင်းမွန်စေဖို့ ရန်ပုံငွေတွေလည်း ထောက်ပံ့သွားမှာပါ။ ဟုဂျက်မန်း ပူးတွဲတည်​ထောင်ထားတဲ့ Laughing Man ကော်ဖီရောင်းချမှုက ဆန်ဒရာ အယ်လ်ဗာရာဒိုလို လယ်သမားတွေကို ပံ့ပိုးပြီး သူတို့ရဲ့အိမ်တွေကို ပြန်လည်ပြုပြင်ဖို့ကူညီပေးရာရောက်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။