ထိုင်းနိုင်ငံက သတင်းတွေမှာဝေဝေဆာဆာ ဖော်ပြခြင်းခံနေရတဲ့ မင်းသမီးမေမြင့်မိုရ်

Celebrity Local News
ထိုင်းနိုင်ငံက သတင်းတွေမှာဝေဝေဆာဆာ ဖော်ပြခြင်းခံနေရတဲ့ မင်းသမီးမေမြင့်မိုရ်

မင်းသမီးမေမြင့်မိုရ်ကတော့ MRTV-4 ကနေ စင်တင်လိုက်တဲ့ မင်းသမီးတယောက်ဖြစ်ပါတယ်။အနုပညာလောကမှာ ၁၀နှစ်ကျော်ကျင်လည်ခဲ့ပြီး ဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အံ့သ​ြလောက်စရာ သရုပ်ဆောင်စွမ်းရည်တွေပြသနိုင်ခဲ့ပြီး ပရိသတ်တွေအားပေးမှုတွေရရှိထားတဲ့မင်းသမီးတယောက်ပဲဖြစ်ပါတယ်။ ယခုလတ်တလော MRTV-4 ကနေ ပြသနေတဲ့ ကာရန်လွဲမေတ္တာ Season 2မှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး လူကြိုက်များနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ မြန်မာ့ရုပ်ရှင်လောကရဲ့ အမြင့်မားဆုံးအောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်တဲ့ အကယ်ဒမီဆုကြီးကို ဇာတ်ပို့အနေနဲ့ ဆွတ်ခူးသွားခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့ အမျိုးသမီးဇာတ်ဆောင်ဆုရရှိစေချင်ကြပေမဲ့ ဇာတ်ပို့ဆုရရှိခဲ့တာဖြစ်ပါတယ်။

 

အခုတစ်ခါမှာတော့ ထိုင်းနိုင်ငံက စက်ရုံတွေနဲ့ ပူးပေါင်းပြီး အလုပ် လုပ်ကိုင် တဲ့ မေမြင့်မိုရ်နဲ့နန်းဆုရတီစိုးတို့ဟာ ထိုင်းနိုင်ငံက သတင်းတွေမှာလည်း ဝေဝေဆာ ဆာဖော်ပြခြင်းခံနေရတာဖြစ်ပါတယ်။

မေမြင့်မိုရ်နဲ့ နန်းဆုရတီစိုးတို့က REVOMED Myanmar && BENOVA Myanmar
လက်အောက်ရှိ မြန်မာနိုင်ငံ အခြေစိုက် စခန်းချဲ့ထွင် ပြီး ကုမ္ပဏီတစ်ခုတည်ထောင် ကာ အဆိုပါထုတ်ကုန် အမှတ်တံဆိပ်အောက် တွင် စက်ရုံဖွင့်လှစ်ပြီး နေရာ အနှံမှ နောက်ဆုံးပေါ်ဆန်းသစ်တီထွင်မှုများဖြင့် အရည်အသွေးပြည့်မီသော ထုတ်ကုန်များကို ပေးအပ်ခဲ့ တယ်ဆိုပြီး ထိုင်းသတင်းတွေမှာ ဖော်ပြခြင်းခံနေရတာ ဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။