၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့ မှ ဧပြီလ ၂ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့ မှ ဧပြီလ ၂ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့ မှ ဧပြီလ ၂ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့ မှ ဧပြီလ ၂ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( Mar 27 to Apr 2 )

ယခုအပတ်တွင် Aries ရာသီခွင်များ အနေနှင့် မျက်စိနှင့် ပက်သက်၍ ရောဂါဝေဒနာ ခံစားနေရပါက သက်သာ ပျောက်ကင်းလာပါမယ်။ သိုသော် ပေါ့ပေါ့ဆဆ မနေပါနှင့်။ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို ပြုလုပ်ပေးရန် လိုအပ်ပါမယ်။

ဤကာလအတွင်း ငွေရေးကြေးရေးဆိုင်ရာ တိုးတက်မှုများကြောင့် Aries ရာသီခွင်တို့၏ ဘဝတွင် ကောင်းမွန်သော အကျိုးသက်ရောက်မှုတို့ ရှိနေပါမယ်။ အတိတ်ကာလ ဆုံးရှုံးမှုများမှ ရုန်းထွက်ဖို့လည်း ကူညီပေးပါလိမ့်မယ်။ အရာအားလုံး လမ်းမှန်ပေါ် ပြန်လည် ရောက်ရှိလာပါလိမ့်မယ်။

မိမိ၏ နေအိမ်သို့ ဆွေမျိုး၊ မိတ်ဆွေများ လာရောက် လည်ပတ်နိုင်ပါမယ်။ ကံတရားသည် ကောင်းမွန်သော အနေအထားတွင် ရှိနေခြင်းကြောင့် မိသားစုဝင်များနှင့် အတူ လူမှုဆက်ဆံရေး လှုပ်ရှားမှုများကို ပြုလုပ်နိုင်ပါမယ်။ မိသားစုအတွင်း ပျော်ရွှင်များ ပြည်နှက်နေပါမယ်။

ပြိဿရာသီခွင် – Taurus ( Mar 27 to Apr 2 )

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် ကျန်းမာရေး ပြဿနာအချို့နှင့် ရင်ဆိုင်ရတတ်ပါတယ်။ သို့သော် ကြီးကြီးမားမား ဖျားနာမှုမျိုးတော့ မရှိပါဘူး။ ကိုယ်လက်လေ့ကျင့်ခန်းများကို အချိန်မှန် ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာရေးကို ဂရုစိုက်ပါ။

ဤကာလအတွင်း မိမိအပေါ် အခွင့်အရေးယူကာ အနိုင်ကျင့် အမြတ်ထုတ်ခြင်းများ ရှိနေနိုင်ပါတယ်။ ဒါကြောင့် ငွေကြေး ကိစ္စရပ်များနှင့် ပက်သက်လာပါက သတိထားပေးပါ။ မိမိ၏ အားနာတတ်သည့် သဘောထားကြောင့် ငွေကြေး ဆုံးရှုံးရတတ်ပါတယ်။ ယခုသီတင်းပတ် အစတွင် ငွေကြေးနှင့် ပက်သက်၍ ရင်းနှီးမြုပ်နှံရန် အကြံပြုလိုပါတယ်။ ယေဘုယျအားဖြင့် ငွေ‌ရေးကြေးရေးသည် ပျမ်းမျှဖြစ်နေပါမယ်။

ဤကာလအတွင်း Taurus ရာသီခွင်တို့၏ မိသားစုဘဝတွင် ပျော်ရွှင်မှုများ ရှိနေပါမယ်။ မိသားစုဝင်များ အကြား နားလည်မှုနှင့် အတူ ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်နိုင်ပါလိမ့်မယ်။

မေထုန်ရာသီခွင် – Gemini ( Mar 27 to Apr 2 )

ယခုအပတ်တွင် Gemini ရာသီခွင်များ အနေနဲ့ အရက်သေစာ သောက်သုံးခြင်းတို့မှ ဝေးဝေး နေထိုင်ရန် လိုအပ်ပါမယ်။ အိပ်ချိန် အလုံအလောက် ထားပါ။

ဤကာလအတွင်း တခြားသူများ၏ ခြေရာအတိုင်း လိုက်၍ ရင်းနှီးမြုပ်နှံပါက စီးပွားရေးဆုံးရှုံးရတတ်ပါတယ်။ ဒါကြောင့် ငွေကြေးကိစ္စနှင့် ပက်သက်၍ သတိထား ဆောင်ရွက်ပါ။ ယခုအပတ်တွင် ဆိုင်ငံ့ထားသော အိမ်မှုကိစ္စများကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

မိသားစုဝင်များအကြား ဆက်ဆံရေး ကောင်းမွန်ကာ ပျော်ရွှင်မှုများ ရှိနေပါမယ်။

ကရကဋ်ရာသီခွင် – Cancer ( Mar 27 to Apr 2 )

ယခုအပတ်တွင် Gemini ရာသီခွင်များ အနေနဲ့ အရက်သေစာ သောက်သုံးခြင်းတို့မှ ဝေးဝေး နေထိုင်ရန် လိုအပ်ပါမယ်။ အိပ်ချိန် အလုံအလောက် ထားပါ။

ဤကာလအတွင်း တခြားသူများ၏ ခြေရာအတိုင်း လိုက်၍ ရင်းနှီးမြုပ်နှံပါက စီးပွားရေးဆုံးရှုံးရတတ်ပါတယ်။ ဒါကြောင့် ငွေကြေးကိစ္စနှင့် ပက်သက်၍ သတိထား ဆောင်ရွက်ပါ။ ယခုအပတ်တွင် ဆိုင်ငံ့ထားသော အိမ်မှုကိစ္စများကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

မိသားစုဝင်များအကြား ဆက်ဆံရေး ကောင်းမွန်ကာ ပျော်ရွှင်မှုများ ရှိနေပါမယ်။

သိဟ်ရာသီခွင် – Leo ( Mar 27 to Apr 2 )

ယခုအပတ်တွင် Leo ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက်ကောင်းမွန် လာပါလိမ့်မယ်။ သို့သော် ခရီးဝေးသွားလာခြင်းတို့ကြောင့် ကျန်းမာရေး အနည်းငယ် ချို့တဲ့နေနိုင်ပါမယ်။

ဤကာလအတွင်း ငွေရေးကြေးရေး ပိတ်ဆို့မှုများ ထပ်မံ တိုးလာနိုင်ခြေ ရှိနေပါတယ်။ ငွေကြေးများ အလွယ်တကူ ရရှိနိုင်မည် မဟုတ်ပေ။ ဒါကြောင့် မိမိ၏ အသုံးစရိတ်များကို လျော့ချနိုင်မှသာ သက်သာရာ ရရှိပါလိမ့်မယ်။

ယခုအပတ်တွင် Leo ရာသီခွင်တို့၏ မိသားစုဝင် တစ်ယောက်ယောက်သည် နေရာပြောင်းရွေ့ရဖွယ် ရှိနေကါတယ်။ ဒါ့အပြင် မိသားစုဝင်များနှင့် အရေးကြီးကိစ္စများ ဆွေးနွေး တိုင်ပင်နိုင်မှာ ဖြစ်ပါတယ်။

ကန်ရာသီခွင် – Virgo ( Mar 27 to  Apr 2 )

ယခုအပတ်တွင် Virgo ရာသီခွင်များ အနေနဲ့ ကျန်မာရေး ကောင်းမွန်စေရန် အများကြီး ရုန်းကန်နေစရာ မလိုအပ်ပါဘူး။ အနည်းငယ် အားထုတ်မှုကပင် ကျန်းမာအောင် ထိန်းထားနိုင်ပါမယ်။

ဤကာလအတွင်း ငွေကြေး အခြေအနေသည် အားကောင်းနေပါမယ်။ မမျှော်လင့်ဘဲ ငွေကြေး ရရှိတတ်သလို့ မိသားစု၏ ပံ့ပိုးကူညီမှုကိုပါ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ငွေကြေး စုဆောင်းနိုင်ပါမယ်။

မြေယာ သို့မဟုတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် အမှုတွဲများ တရားရုံးတွင် ရင်ဆိုင်နေရပါက ယခုအပတ်တွင် အားရကျေနပ်ဖွယ် ရှိနေပါတယ်။

တူရာသီခွင် – Libra ( Mar 27 to Apr 2 )

ယခုအပတ်တွင် Libra ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ကျန်းမာရေးအတွက် အပြုသဘောဆောင်သော အပြောင်းအလဲများ ဖြစ်ပေါ်လာပါလိမ့်မယ်။ ကိုယ်လက်လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးပါ။

ငွေကြေး ရရှိရန် ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။ ကံတရား၏ မျက်နှာသာပေးမှု‌တို့ကြောင့် ကောင်းမွန်သော အမြတ်အစွန်းများကို ရရှိနိုင်ပါမယ်။ သို့သော် ဆုံးဖြတ်ချက်များကို အလောတကြီး မချမှတ်ပါနှင့်။

အိမ်ပြန်နောက်ကျသည့် အလေ့အကျင့်ကြောင့် ယခုအပတ်တွင် အတော်အတန် ဒုက္ခရောက်စေနိုင်ပါတယ်။ မိသားစုဝင်များနှင့် ကြီးမားသောအငြင်းပွားမှု ဖြစ်နိုင်ချေရှိပြီး ဆူပူကြိမ်မောင်းခြင်း ခံရနိုင်ပါတယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( Mar 27 to Apr 2 )

ဤကာလအတွင်း Scorpio ရာသီခွင်များ အနေနဲ့ ကျန်းမာရေး ကောင်းမွန်စေရန် အားစိုက်ပေးရပါမယ်။ ရာသီပေါ် တုပ်ကွေးများ ဖြစ်ပေါ်နိုင်သောကြောင့် သတိထားပေးပါ။ တတ်နိုင်သမျှ အအေးစာများကို ရှောင်ကြည်ပါ။

ယခုရက်သတ္တပတ်တွင် ရေရှည် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်နိုင်ပါက အကျိုးကျေးဇူးများစွာ ရနိုင်ပါတယ်။ စီးပွားရေးနှင့် ပက်သက်ပြီး အားစိုက်ပေးပါ။ နည်းလမ်းသစ်၊ စိတ်ကူးသစ်များနှင့် ကြိုးစားပါ။ ဆရာကောင်း၊ မိတ်ဆွေကောင်းများထံမှ အကြံဉာဏ်များ ရယူပါ။ လူ့အဖွဲ့အစည်းတွင် လေးစားမှု ရရှိနိုင်ပါမယ်။

မိသားစုဝင်တို့၏ ကျန်းမာရေးသည် ညံ့ဖျင်းနေတတ်သောကြောင့် ဂရုစိုက်ပေးပါ။ ငွေကြေး အချို့ သုံးစွဲရတတ်ပါတယ်။ မိသားစုအတွင်း တစ်ဦးပေါ် တစ်ဦး လေးစားမှုများ ရှိကာ ပျော်ရွှင်မှုတို့နှင့် ပြည့်နှက်နေပါလိမ့်မယ်။

ဓနုရာသီခွင် – Sagittarius ( Mar 27 to Apr 2 )

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ကျန်းမာရေးတွင် အပြုသဘောဆောင်သော အပြောင်းအလဲများ ဖြစ်ပေါ်လာပါလိမ့်မယ်။ ကိုယ်လက်လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးပါ။

ဤကာလအတွင်း မိမိထံမှ ငွေကြေး ချေးငှားမှုတို့နှင့် ‌ကြုံတွေ့ရတတ်ပါတယ်။ ငွေကြေးကိစ္စနှင့် ပက်သက်၍ သတိထား ဆောင်ရွက်သင့်ပါတယ်။

ကံတရားသည် ကောင်းမွန်သော အနေအထားတွင် ရှိနေခြင်းကြောင့် မိသားစုဝင်များ၊ ဆွေမျိုးများ၊ သူငယ်ချင်းများနှင့် ဆက်ဆံရေး ကောင်းမွန်စေကာ အထောက်အကူ ရရှိစေနိုင်ပါမယ်။

မကာရရာသီခွင် – Capricorn ( Mar 27 to Apr 2 )

ယခုအပတ်တွင် Capricorn ရာသီခွင်တို့၏ ကျန်းမာရေးတွင် တိုးတက်မှုများ ရှိလာပေမယ့်လို့ ဘဝနေထိုင်မှု ပုံစံကြောင့် ပြဿနာ အချို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ စိတ်အပန်းဖြေရန် အတွက် မိမိ၏ မိသားစု၊ အပေါင်းအသင်းတို့နှင့် အချိန်အတူ ကုန်ဆုံးပေးပါ။

ဤကာလအတွင်း သံသယဖြစ်ဖွယ် ငွေပေးငွေယူ အမျိုးမျိုးတို့မှ ရှောင်ရှားရန် လိုအပ်ပါမယ်။ ငွေကြေးကိစ္စနှင့် ပက်သက်၍ သတိထားပေး ရပါမယ်။ လောဘဇောကြောင့် တရားမဝင်သော အလုပ်ကို မပြုလုပ်ပါနှင့်။

ယခုအပတ်တွင် Capricorn ရာသီခွင်တို့၏ မိသားစုဘဝ၊ အိမ်ထောင်ရေးတို့တွင် စိတ်ဖိစီးမှုတို့နှင့် ရင်ဆိုင်ရတတ်ပါတယ်။ ငွေကြေးကိစ္စတို့နှင့် ပက်သက်၍ ပဋိပက္ခများ ဖြစ်ပေါ်နိုင်ပါတယ်။

ကုမ်ရာသီခွင် – Aquarius ( Mar 27 to Apr 2 )

ယခုအပတ်အတွင်း Aquarius ရာသီခွင်တို့၏ နယ်ပယ် တော်တော်များများတွင် ကံဆိုးမှုတို့နှင့် ကြုံတွေ့ရတတ်ပါတယ်။ မည်သည့် အခြေအနေမျိုးတွင် စိတ်ရှည်ရန် အလွန် အရေးကြီးပါတယ်။ ဒေါသနောက်လိုက်ပါက နောင်တနှင့်သာ အဆုံးသတ်ရ နိုင်ပါမယ်။

အထူးသဖြင့် ခက်ခဲ‌သော အခြေအနေ တစ်ခုခုကို ဆုံးဖြတ်သည့်အခါ မိမိ၏ အနာဂတ်အတွက် သေချာ စဉ်းစားပါ။

ဤကာလအတွင်း ငွေကြေး ရင်းနှီးမြုပ်နှံမှုများကို အလျင်စလို မပြုလုပ်ပါနှင့်။ အကြောင်းရာ အားလုံး အသေးစိတ် လေ့လာဆန်းစစ်ပါ။ ငွေရေးကြေးရေး ဆုံးရှုံးနိုင်သော အချိန်ကာလ ဖြစ်သောကြောင့် သတိထားသင့်ပေသည်။

မိန်ရာသီခွင် – Pisces ( Mar 27 to Apr 2 )

အဆစ်အမြစ် ကိုက်ခဲခြင်း သို့မဟုတ် ခါးနာခြင်းတို့ကြောင့် ဒုက္ခရောက်ခဲ့သော Pisces ရာသီခွင်များ အနေနဲ့ ယခုအပတ်တွင် မှန်ကန်သော အစားအသောက်တို့ကြောင့် သက်သာရာ ရရှိပါမယ်။ ကိုယ်လက်လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ပေးပါ။

ဤကာလအတွင်း ငွေရေးကြေးရေး ကောင်းမွန်နေပါမယ်။ ရင်းနှီးမြုပ်နှံမှု အချို့မှ ဝင်ငွေ ရရှိနိုင်ပါမယ်။ စီးပွားရေး လုပ်ကိုင်ကြသူများ အနေနဲ့ အောင်မြင်မှုများ ရရှိနိုင်ပါမယ်။

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် မိသားစုအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ပါမယ်။

ရေးသားသူ – Care For your Future

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။