ဦးခေါင်းလမ်းကြောင်းအစပျိုးခြင်း(၁)

Astrology

ဦးခေါင်းလမ်းကြောင်းအစပျိုးခြင်း(၁)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဦးခေါင်းလမ်းကြောင်းအစပျိုးခြင်း(၁) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဦးခေါင်းလမ်းကြောင်း အစပျိုးပုံ သုံးမျိုးရှိလေသည်။ တစ်ဖန် ဦးခေါင်းလမ်းကြောင်း အဆုံးသတ်ပုံသုံးမျိုးရှိလေသည်။ ယခုအနေဖြင့် ဦးခေါင်းလမ်းကြောင်းအစပျိုးပုံ ၁ အား ဆက်လက်ဖော်ပြပေးပါမည်။

ဦးစွာ ပထမ ဦးခေါင်းလမ်းကြောင်းဖြင့် ကျွန်ုပ်တို့သိနိုင်သော အချက်အချို့ကိုပြောပြပါအုံးမည်။ ဦးခေါင်းလမ်းကြောင်း (ဝါ) ဉာဏ်လမ်းကြောင်းဖြင့်သိနိုင်သည့် အချက်များသည်..

၁။ မူလပင်ကိုယ်စိတ်သတ္တိ။
၂။ လူThat ခြင်း။
၃။ ကိုယ်ဝန်ဖျက်ချခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ အချစ်ကြောင့်ဖျက်ခြင်း၊ နှစ်ဦးသား နားလည်မှုဖြင့် ဖျက်ခြင်း။
၄။ သားအိမ်ကျန်းမာရေး။
၅။ ဆရာဝန်အလုပ်အကိုင်၊ အနုပညာအလုပ်အကိုင်၊ သင်ကြားရေးအလုပ်အကိုင်များ၊ ဟောကြားခြင်း အလုပ်အကိုင်များ။
၆။ စိတ်ခံစားမှု၊ စိတ်ဒဏ်ရာ ကိစ္စရပ်များ
စသဖြင့် ထိုကဲ့သို့သော ကိစ္စရပ်များကို သိရှိနေပေ သည်။

ယခုဖော်ပြမည့် ဦးခေါင်းလမ်းကြောင်း (ဝါ) ဉာဏ် လမ်းကြောင်းသည် အသက်လမ်းနှင့် ၃ စင်တီမီတာခန့်အထက် မဆက်ပဲ ကွာဟစွာ ထွက်ရှိလာပုံကို ရေးသားတင်ပြပေးပါမည်။

ပုံတွင်ပြထားသလို ဉာဏ်လမ်းကြောင်းသည် အသက်လမ်းနှင့်ကွာဟစွာထွက်ရှိလာခဲ့သော်

၁။ ထိုသူတို့သည် ငယ်စဥ်ကလေးဘဝတည်းကပင် လုပ်ချင်ပြီဆိုဇွတ်၊ ဖြစ်ချင်ပြီဆိုဇွတ် ဖြင့် တဇွတ်ထိုးနိုင်​လေရှိသူများဖြစ်ကြပေသည်။ လိုချင်တာဆိုရမှ ကျေနပ်လေ့ရှိသူဖြစ်ပြီး ထိုကဲ့သို့ လမ်းကြောင်းပါသော သားသမီးတို့အား မိဘများမှ ငယ်စဥ်ကပင် အလိုလိုက်အလျော့ပေးခဲ့ရလေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသူတို့သည် မရမချင်း အငိုမတိတ်ကြသောသူများဖြစ်ကြလေပြီး မိဘများ ထိန်းရခက်သောအနေအဖားတွင်သာရှိနေမည်ဖြစ်ပေသည်။

၂။ ထိုသူတို့သည် လိုချင်တာရမှ ကျေနပ်တတ်သလို အလွန်ခေါင်းမာလေ့ရှိကြပေသည်။ တော်ရုံဖြင့် စိတ်ဓာတ်မကျတတ်ပေ။ တော်ရုံဖြင့် သူတစ်ပါးတို့၏ ပြောစကားအား လွယ်လွယ်နှင့်လက်မခံတတ်သူများဖြစ်ကြပေသည်။

၃။ ထိုသူတို့သည် မည်သည့်ကိစ္စမဆို စိတ်အလျင်လိုနေတတ်သူလည်းဖြစ်ကြပြီး စောင့်ဆိုင်းရခြင်းအလုပ်ကို လုံးဝ ဝါသနာ မပါသူများ ဖြစ်ကြပေသည်။

၄။ ထိုသူတို့သည် မိမိကိုယ်ကိုယ် ယုံကြည်မှုစိတ်ဓာတ် ပြင်းသူများဖြစ်ကြပြီး အားကောင်းသော ဉာဏ်လမ်းရှိပါလျှင် ဖြစ်မြောက်အောင်လုပ်ဆောင်နိုင်စွမ်းရှိသူများလည်း ဖြစ်ပေသည်။

၅။ ထိုသူတို့သည် တစ်ခါလေမှာ ဘာကိုမှ မစဥ်းစားပဲ သွေးပူစွာ လုပ်ဆောင်တတ်ကြပေသေးသည်။ သို့သော် နောင်တလဲ မရတတ်ပေ။ ပျော့သော လက်မ အချိုးအစားရှိလျှင်သာ နောင်တအနည်းငယ်ရတတ်ပေသည်။

၆။ ထိုသူတို့သည် သူငယ်ချင်း၊ မိတ်ဆွေ အပေါင်းအသင်းတို့နှင့် အမြဲလိုလို စိတ်သဘောထားခြင်းမတိုက်ဆိုင်ပဲ ဖြစ်နေတတ်သူများဖြစ်ပြီး မိမိက တစ်ဖက် ၊ အခြားသူတို့က တစ်ဖက် ဖြင့် စိတ်သဘောထားခြင်း ကွာဟနေကြသူများ ဖြစ်ကြပေသည်။ ပတ်ဝန်းကျင်နှင့်သဟဇာတာမဖြစ်၍ ထိုသူတို့တွင် အပေါင်းအသင်း နည်းခြင်းများဖြင့် ရပ်တည်လေ့ရှိကြပေသည်။

ပုံတွင်ပြထားသလို ဦစခေါင်းလမ်းကြောင်း ဝါ ဉာဏ်လမ်းသည် အသက်လမ်းနှင့် မဆက်ပဲ ကွာဟခြင်းဖြစ်နေခဲ့သော် ဖော်ပြခဲ့သော အချက် ခြောက်ချက်ကို မဖြစ်မနေ ကြုံတွေ့ရမည်ဖြစ်ပေသည်။

ရေးသားသူ – EC B.A.(English) လက္ခဏာနှင့်ကေပီရှေ့ပြေးနက္ခတ်ဗေဒင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။