လူတိုင်း သိထား ရှယ်ထားသင့်တဲ့ ကမ္ဘာ တစ်လွှား မှ ဗုဒ္ဓ ခြေတော်ရာ ချခဲ့သည့် နေရာ ( ၁၀ ) နေရာများ

Astrology Religion
လူတိုင်း သိထား ရှယ်ထားသင့်တဲ့ ကမ္ဘာ တစ်လွှား မှ ဗုဒ္ဓ ခြေတော်ရာ ချခဲ့သည့် နေရာ ( ၁၀ ) နေရာများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လူတိုင်း သိထား ရှယ်ထားသင့်တဲ့ ကမ္ဘာ တစ်လွှား မှ ဗုဒ္ဓ ခြေတော်ရာ ချခဲ့သည့် နေရာ ( ၁၀ ) နေရာများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လူတိုင်း သိထား ရှယ်ထားသင့်တဲ့ ကမ္ဘာ တစ်လွှား မှ ဗုဒ္ဓ ခြေတော်ရာ ချခဲ့သည့် နေရာ ( ၁၀ ) နေရာများ

ကမ္ဘာ တစ်လွှား ဗုဒ္ဓ ခြေတော်ရာ များကမ္ဘာ တစ်လွှား ၌ ဗုဒ္ဓ ခြေတော်ရာ ချခဲ့သည့် နေရာမှာ ( ၁၀ ) နေရာ ဖြစ် ကြောင်း ကို လေ့လာ သိ ရှိ ရပေ သည် ။ ၎င်းတို့မှာ .…

(၁) အိန္ဒိယ ပြည်၊ ဘုံဘိုင် မြောက်ပိုင်း၊ နမ္မဒါ မြစ် ထဲ၌ ခြေတော်ရာ တစ်ဆူ …

(၂) အိန္ဒိယ ပြည်၊ ဘုံဘိုင် နယ် မြောက်ပိုင်း၊ နမ္မဒါမြစ် အထက် သစ္စပန် တောင် ပေါ်၌ ခြေတော်ရာ တစ်ဆူ …

(၃) အိန္ဒိယ ပြည်မြောက်ပိုင်း ဥဒယာန တိုင်း ၌ ခြေတော်ရာ တစ်ဆူ …။ ( တရုတ် ဘုန်းတော်ကြီး ဖာယီယန် ၏ မှတ်တမ်း အရ )

(၄) အိန္ဒိယ ပြည်၊ ပါတလိပုတ် မြို့တော် ၏ တောင်ဘက် သုံးလီ အကွာ ၌ ခြေတော်ရာ တစ်ဆူ …။( ဖာယီယန် ၏ မှတ်တမ်း အရ )

(၅) သီရိလင်္ကာနိုင်ငံ ( သီဟိုဠ်ကျွန်း ) သုမနကုဋ
( SriPada ) တောင်ထိပ် ၌ ခြေတော်ရာ တစ်ဆူ …။

(၆) မြန်မာ နိုင်ငံ၊ ရခိုင် ပြည်နယ် မြောက်ပိုင်း၊ မယူကမ်း ပုံစည်း ကျွန်း၊ သာစည်ထောင့် ရွှာအနီး ၌ ခြေတော်ရာ တစ်ဆူ …

(၇) မြန်မာ နိုင်ငံ၊ ရခိုင် ပြည်နယ်၊စစ်တွေ မြို့ ကုလားတန် မြစ်ဝ ရှိ ဖရုံကာကျွန်းစု၊ မြေငူကျွန်း၊ဆံတော်ရှင် ဓာတ်တော် အနီး ရှိ ခြေတော်ရာ တစ်ဆူ …

(၈) မြန်မာ နိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ မန်းချောင်း ( မန်း ရွှေစက်တော် )၌ အောက် , အထက် ခြေတော်ရာ နှစ်ဆူ …။

(၉) မြန်မာနိုင်ငံ မြောက်ပိုင်း ဝနယ်၊ လွိုင်မူတောင်၊ အရှေ့မြောက်ဘက် တောင်စောင်း ၌ ခြေတော်ရာ တစ်ဆူ …

(၁၀) မြန်မာနိုင်ငံ ၊ ရခိုင် ပြည်နယ်၊ မဟီ ( မအီ ) မြစ် အတွင်း၌အထက် အောက် ဝဲယာခြေတော်ရာတစ်စုံ …။

စသည် တို့ ဖြစ်ကြ ကြောင်း ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောက် ရပ်၊ မဟာသုခ ပါဠိ တက္ကသိုလ်မှ ဆရာတော် ဦးအရိယာဝံသ ၏ ရခိုင် ပြည်နယ်၊ မအီ စက်တော်ရာ သမိုင်း စာအုပ် တွင် မှတ်တမ်း ပြုထား ပါသည် ။

မြတ်စွာ ဘုရားရှင် သည် မဟာ သက္ကရာဇ် ၁၂၄ ခုနှစ် တွင် ရဟန္တာငါးရာ နှင့် တကွ သုနာပရန္တ ယောနကတိုင်း ( ယခု မြန်မာနိုင်ငံ မကွေးတိုင်း ဒေသကြီး မင်းဘူး ခရိုင် စကု မြို့နယ် လယ် ကို င်း ကျောင်းတော် ရာ ဒေသ ) သို့လည်း ကြွရောက် ခဲ့တော် မူ ၏ ။ ဘုရား ရှင် သည် သာဝတ္ထိ ပြ ည်၊ ဇေတဝန် ကျောင်းတော် သို့ပြန် အကြွ နမ္မဒါမြစ် ( ယခု မန်းချောင်း ) အနီး သို့ ရောက် သည် တွင် နမ္မဒါ နဂါးမင်း ၏ တောင်းပန်ချက် ကြောင့် မြစ်ကမ်း နဖူး ကျောက်ဖျာထက် တွင် လက် ဝဲ ခြေတော် ရာ ကို ချပေး ခဲ့၏။ ယင်းကို အောက် ခြေတော်ရာ ဟု ခေါ်ဆို ကြသည်။

ဆက်လက် ၍ ကြွမြန်းစဉ် ထိုမြစ် အနီး သစ္စဗန္ဓက တောင်ပေါ် သို့ရောက်ပြန် သော် ရသေ့ ၏ လျှောက် ထား တောင်းပန် ချက် ကြောင့် မကုလ မြေကျောက်ပေါ် တွင် လက်ဝဲဘက် ခြေတော်ရာ ကို တံဆိပ် ခတ်နှိပ် ပေးခဲ့ ပြန်သည်။ ထို အထက်ခြေတော်ရာ ကို အထက် စက်တော်ရာ ဟု သမုတ် ခဲ့ ကြသည် ဟုဆိုကြ သည်။ သို့ဖြင့် ထို နေရာ များ တွင် စေတီများ တည်ထား ကာ နှစ်စဉ် ခြေတော်ရာ ဖူးရင်း စေတီ များ တွင် ပွဲတော် များ ကျင်းပ ခဲ့လေ သည် ။

အဆိုပါ ခြေတော်ရာ သည် ကာလ အတန်ကြာ ကွယ်ပျောက် နေ ခဲ့ပြီး… တောင်ဖီလာ ဆရာတော်ကြီး ( ဓါးမ ကူး ဆရာတော်) ၏ ဖော်ထုတ်မှုဖြင့် ပွင့်ပေါ်လာခြင်းဖြစ်ကြောင်း မှတ်သား ရပါ သည်။

ရေးသားသူ – သာထက်ဇော်(မကွေး)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။