ဂြိုလ်ခုံအလိုက် မှဲ့တို့သဘော ( ၁ )

Astrology
ဂြိုလ်ခုံအလိုက် မှဲ့တို့သဘော ( ၁ )

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂြိုလ်ခုံအလိုက် မှဲ့တို့သဘော ( ၁ ) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂြိုလ်ခုံအလိုက် မှဲ့တို့သဘော ( ၁ )

( ၁ ) ကြာသပတေးဂြိုလ်ခုံပေါ် မှဲ့

လူကြီးမိဘများ အထက်လူကြီးများရဲ့ အထင်လွဲခြင်းကို ခံရတတ်တယ်ကိုယ်ကဘယ်လိုပဲ ေကာင်းအောင်နေနေ သူတို့ရဲ့ငြိုငြင်ခြင်းကို ခံရတတ်တယ် မတရားစွပ်စွဲခံရတတ်တယ်ဲဂုဏ်သိက္ခာကျခြင်း နာမည်ပျက်ခြင်းတွေ ကြုံရနိုင်တယ်မှဲ့ထင်ရှားတဲ့နှစ်မှာ မိမိကသာ မဆငိမခြင်ပြုမူခဲ့ရင်မိမိရဲ့ပစ္စည်းဥစ္စာတွေဆုံးရှုံးရတဲ့ထိ အဖြစ်ဆိုးမျိုး ကြုံရနိုင်ပါတယ်

( ၂ )စနေဂြိုလ်ခုံပေါ်မှဲ့

စနေဂြိုလ်ခုံမှာ မှဲ့ရှိနေရင် လူမှုရေးပြသနာတွေ ဖြစ်ရတတ်တယ်မတော်တဆထိခိုက်မှုမျိုးတွေ ကြုံရနိုင်တယ်လုပ်ငန်းခွငိမှာလဲ အဆင်မပြေမှုတွေ ကြုံရနိုင်သလိုအိမ်နဲ့အလုပ်မှာ သူခိုးခိုးတာ ခံရနိုင်တယ်ပယောဂတွေဖြစ်တဲ့ စုန်း နတ် ကဝေ အောက်လမ်း သရဲအစရှိသူတို့ရဲ့ ပြုစားခြင်းကိုလဲ ခံရနိုင်ပါတယ်

( ၃ )တနဂ်နွေဂြိုလ်ခုံပေါ် မှဲ့

တနဂ်နွေဂြိုလ်ခုံမှာ မှဲ့ရှိရင်တော့မိမိက ကျော်ကြားအောင်မြင်နေတဲ့သူဆိုလည်းအောက်ကို ထိုးကျသွားနိုငိတယ်အလုပ်မှာ မိမိရဲ့ပတ်ဝန်းကျင်မှာ မကောင်းသတင်းတွေ ထွက်တတ်တယ်သူများတကာတွေက မိမိမကောင်းကြောင့် သွားပုတ်လေလွင့်
ပြောဆိုနေတတ်တယ် မိမိရဲ့နာမည်ပျက် သိက္ခာကျနိုင်တဲ့အဖြစ်ဆိုးတွေ ပြသနာတွေ ကြုံရနိုင်ပါတယ်

( ၄ )ဗုဒ္ဓဟူးဂြိုလ်ခုံပေါ် မှဲ့

ဗုဒ္ဓဟူးဂြိုလ်ခုံမှာ မှဲ့ရှိနေရင်တော့ စီးပွားရေးဂြိုလ်ခုံဖြစ်တဲ့အတိုင်း
မိမိရဲ့စီးပွားရေးမှာ ဆုံးရှုံးမှုတွေ ကြုံရမယ် မမျော်လင့်ပဲ မိမိရဲ့ငွေကြေးမြုပ်နှံမှုတွေ အရှုံးပေါ်သွားတတ်တယ် တစ်ပါးသူရဲ့အကူညီမရနိုင်တဲ့အပြင် မိမိရဲ့ မိတ်ကောင်းဆွေကောင်းတွေနဲ့တောင် ခွဲခွာရတတ်တယ် လူလိမ်လည်း ခံရနိုငိလို့ အချေးအငှား စပ်တူအလုပ်တွေဆို သတိထား ရှောင်ရှားသင့်ပါတယ်

ရေးသားသူ –ဆရာမြင့် လက္ခဏာ ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။