လိပ်ခေါင်း၊ ပန်းthay၊ ပန်းညှိုး၊ ထုံကျင်ကိုက်ခဲခြင်းများအတွက် ဗုဒ္ဓံသရဏံပင်

Health
လိပ်ခေါင်း၊ ပန်းthay၊ ပန်းညှိုး၊ ထုံကျင်ကိုက်ခဲခြင်းများအတွက် ဗုဒ္ဓံသရဏံပင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လိပ်ခေါင်း၊ ပန်းthay၊ ပန်းညှိုး၊ ထုံကျင်ကိုက်ခဲခြင်းများအတွက် ဗုဒ္ဓံသရဏံပင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လိပ်ခေါင်း၊ ပန်းthay၊ ပန်းညှိုး၊ ထုံကျင်ကိုက်ခဲခြင်းများအတွက် ဗုဒ္ဓံသရဏံပင်

မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ပေါက်ရောက်သည်။ အလေ့ကျ ပေါက်ရောက်သော်လည်း အလှစိုက်ပင် အဖြစ်လည်း စိုက်ပျိုးကြသည်။

အသုံးပြုပုံ
အပွင့်နု၊ အသီးနု

(၁) ရေနွေးဖျော၍ တို့စားခြင်း၊ သုပ်စားခြင်းဖြင့် ဆီးနည်းခြင်း၊ ချုပ်ခြင်းကို ပျောက်ကင်းစေရုံသာမက အဖျားရောဂါကိုပင် ပျောက်ကင်းစေပါသည်။

(၂) ဆိတ်သားနှင့် စွပ်ပြုတ်လုပ်၍သောက်ပါက ပန်းညှိုးသူများ လျင်မြန်စွာ ပန်းကိုလန်းစေသည်။ ဝက်သား၊ အမဲသားတို့နှင့် စွပ်ပြုတ်လုပ်သောက်ပါက ကုန်ဆုံးသွားသော အားကို ပြန်လည်ရေစေပြီး ကိုယ်နှုတ်နှလုံး ရွှင်လန်းစေသည်။

(၃) အပွင့်က လေးများအား ပြုတ်၍ရသောရေဖြင့် ငါးမြွေထိုး၊ ငါးဟင်းချက်ရာတွင် လောင်း၍ ချက်ပြီးစားပါက မြီးညှောင့်ရိုးကိုက်သော ရောဂါ၊ ခါးကိုက်ခဲသော ရောဂါ၊ ပိတ်ဝမ်းရောဂါတို့အား ပျောက် ကင်းစေရုံမက ဇက်ကြောတက်ရောဂါ၊ အနာရင်းသောကြောင့် နာကျင်ကိုက်ခဲသော ရောဂါ၊ ဝမ်းပျက်၊ ခံတွင်းပျက်၊ ခြေဆစ် လက်ဆစ် ညောင်းခြင်း၊ ပါးစပ်ချွဲခြင်း စသော ရောဂါများ ပျောက် ကင်းစေသည်။

အမြစ်

(၁) ပြုတ်ကျို၍ လက်ဖက်ရည်အကြမ်းပန်ကန် တစ်ဝက်ခန့်တွင် ဆားပုပ်မှုန့်အနည်းငယ်ခတ်၍သောက်က အဖျားရောဂါပျောက်ကင်းသည့်အပြင် လည်ချောင်းနာ၊ လည်ချောင်းပူ၊ ချွဲသလိပ်ကပ်ရောဂါများ ပျောက်ကင်းစေသည်။

(၂) ထန်းလျက်နှင့်ပြုတ်ကျို၍ အကြမ်းပန်ကန်လုံး တစ်လုံးခန့် နံနက်တိုင်း သောက်သုံးပါက အဖျဉ်းရောဂါ ပျောက်စေသည့်အပြင် ကိုယ်လက်နာကျင်ကိုက်ခဲခြင်းနှင့် ဝမ်းထဲရစ်၍ နာကျင်ခြင်း၊ အသားအရည် နာကျင်ခြင်း၊ ပူလွန်း၊ အေးလွန်းခြင်းတို့ အမြန်ပျောက်ကင်းစေသည်။

ဥတက်

(၁) ဓားနှင့်ပါးပါးလှီး အခြောက်လှန်း၍ ထန်းလျက်နှင့် ယိုထိုးကာ စမုန်မျိုးငါးပါး အမှုန့်လုပ်၍ ထည့်ပြီး ဖန်ဘူးတွင်ထည့်၍ နံနက်တစ်ခါ၊ ညအိပ်ရာဝင်တစ်ခါ ကွမ်းသီးလုံးခန့် စားပါကယောကျာ်းမိန်းမ ဒူလာ မီးယပ်ရောဂါ၊ သွေးသားမညီညွတ်ခြင်း၊ မီးယပ်ဝမ်းပျက်၊ သွေးဆုံး၊ ကိုယ်လက်တို့၌ သွေးလေမလျှောက်ခြင်း၊ လိပ်ခေါင်း၊ ပန်းညှိုး၊ အသားအရေခြောက်ကပ်၊အားအင်ကုန်ခမ်းခြင်း၊ အသားအရေ စေးထန်းထန်းဖြစ်ခြင်း၊ ခါးနာ၊ ထုံကျင်ကိုက်ခဲခြင်းနှင့် အသားဝါရောဂါများ ပျောက်ကင်းစေသည်။

(၂) ဥပြုတ်ရည်ကို ဒိုပါလာသကြားနှင့်ဖျော်ပြီး နံနက်ည လက်ဖက်ရည်အကြမ်းပန်ကန်လုံး တစ်လုံးကျ သောက်ပေးပါက အမျိုးသမီးများ အဖြူအနီဆင်းခြင်း၊ မစားချင် မသောက်ချင်ဖြစ်ပြီး ပိန်ချုံးကာ ကိုယ်သားကိုယ်ရေ နံစော်လာခြင်း၊ တစ်ကိုယ်လုံး ကျိန်းပြီး နာခြင်း၊အသားအရေပူ၍ ပြာနှမ်းနှမ်းဖြစ်ခြင်း၊ ခေါင်းဦးရေကျိန်းခြင်း၊ အကြောအခြင်တင်းခြင်း၊ဝမ်းဖောဝမ်းရောင်ခြင်း၊ သွေးပုပ်ဆန်ခြင်းနှင့် ဆီးရောဂါဖြစ်ခြင်းများကို ပျောက်ကင်းစေသည်။

ရေးသားသူ – shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။