TikTok ဗီဒီယိုကြောင့် သခင်နဲ့ ပြန်ဆုံစည်းခွင့်ရတဲ့ ခွေးလေး

International News
TikTok ဗီဒီယိုကြောင့် သခင်နဲ့ ပြန်ဆုံစည်းခွင့်ရတဲ့ ခွေးလေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ TikTok ဗီဒီယိုကြောင့် သခင်နဲ့ ပြန်ဆုံစည်းခွင့်ရတဲ့ ခွေးလေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

TikTok ဗီဒီယိုကြောင့် သခင်နဲ့ ပြန်ဆုံစည်းခွင့်ရတဲ့ ခွေးလေး

မိုးရွာနေချိန် ဆိုင်ရှေ့အမိုးအောက်မှာ ထိုင်နေတဲ့ ခွေးလေးတစ်ကောင်ရဲ့ TikTok ဗီဒီယိုက ပျံ့နှံ့သွားခဲ့ပြီး ၈ လကြာ ဝေးကွာနေတဲ့ သခင်နဲ့ ပြန်လည်ဆုံစည်းခွင့် ရခဲ့ပါတယ်။ မလေးရှားနိုင်ငံ ဆမ်ဘီလန်မြို့က ဆိုင်ရှေ့မှာ ခွေးလေးတစ်ကောင် ထိုင်နေတာကို ဂျင်ဂျင်မီလို့ အမည်ရတဲ့ TikTok အသုံးပြုသူက ဗီဒီယိုရိုက်ပြီး တင်ခဲ့တာပါ။ ဒီခွေးလေး သူ့ဆိုင်ရှေ့နားမှာ လာထိုင်နေတာ ၄ ရက်လောက်ရှိပြီလို့ ဆိုင်ပိုင်ရှင်က ဆိုပါတယ်။

အဲဒီဗီဒီယို ပျံ့နှံ့သွားပြီးနောက်မှာတော့ ခွေးလေးရဲ့ သခင်က ဒီဗီဒီယိုကို တွေ့သွားပြီး ခွေးလေးကို ပြန်ခေါ်သွားခဲ့တာပါ။ သူ့သခင်ကတော့ ဝါနီလို့ အမည်ရတဲ့ မိန်းကလေးပါ။ ဝါနီဟာ နာမကျန်းဖြစ်နေရာကနေ နလန်ထစအချိန်မှာ ခွေးလေးနဲ့ ပြန်ဆုံစည်းခွင့် ရခဲ့တာပါ။ ခွေးလေးကိုတော့ ဘိုင်ရာဗာလို့ အမည်ပေးထားပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်မှာ ခွေးလေခွေးလွင့်ဖြစ်နေတဲ့ ခွေးသားပေါက်လေး ဘိုင်ရာဗာကို ဝါနီတို့ မိသားစုက မွေးခဲ့တာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။