ဆိုင်နာမည် သိရုံနှင့် ဈေးဆိုင် လာဘ်ရွင်နည်း

Astrology
ဆိုင်နာမည် သိရုံနှင့် ဈေးဆိုင် လာဘ်ရွင်နည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆိုင်နာမည် သိရုံနှင့် ဈေးဆိုင် လာဘ်ရွင်နည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆိုင်နာမည် သိရုံနှင့် ဈေးဆိုင် လာဘ်ရွင်နည်း

အ ၁
ကခဂဃင ၂
စဆဇစ်ည ၃
ဋဌဍဎဏတထဒဓန ၇
ပဖဗဘမ ၅
ယရလဝ ၄
သဟဠ ၆
ဥပမာ – မိမိ ဆိုင်က ကမ္ဘာကျော် ဆိုပါစို့။

ကမ္ဘာကျော်
၂. ၅. ၂

၂၅၂ကို ၇ဖြင့်စား ဝကြွင်း ပါတယ်။ အောက်ပါ အကြွင်းအတိုင်း လှူဒါန်းကြရပါမယ်။ ဆိုင်ခန်းထဲ ဘုရားစင်ရှိလျှင် ဆိုင်ထဲ လှူ၊ မရှိအိမ်မှာ လှူပါ။ မိမိ မွေးနေ့မှာ မနက်ပိုင်း ကြိုက်တဲ့အချိန် လှူပါ။ နေ့လည် ၁၂မကျော်ရ။ အပတ်တိုင်း လှူနိုင်လျှင်တော့ အရမ်းကောင်းပါတယ်ရှင်။

၁ကြွင်း = မေမြို့ပန်း၊ သီးညွန့်၊ ကော်ဖီ လှူပါ။
၂ကြွင်း = သီးညွန့်၊ ဇွန်ညွန့်၊ ထန်းလျှက်ခဲ လှူပါ။
၃ကြွင်း = ဒါန်းညွန့်၊ ဝါးညွန့်၊ အုန်းသီးစံ လှူပါ။
၄ကြွင်း = အုန်းညွန့်၊ ကံကော်ညွန့်၊ ပေါက်စီ လှူပါ။
၅ကြွင်း = ကံကော်ညွန့်၊ သီးညွန့်၊ ဆီးထမင်း လှူပါ။
၆ကြွင်း = ဇွန်ညွန့်၊ နှင်းဆီ၊ လက်ဖက်သုပ် လှူပါ။
ဝကြွင်း = ဝါးညွန့်၊ အုန်းညွန့်၊ ပေါင်မုန့် လှူပါ။

အထက်အတိုင်း အကြွင်း အလိုက် (၃)မျိုးလုံး လှူ၍ ဈေးရောင်း နေသူများ မိမိ ဆိုင်နာမည်ဖြင့် လာဘ်ဖွင့်နိုင်ပါတယ်ရှင်

မှတ်ချက်။ ။ မည်သူမဆို လုပ်လို့ရပါတယ်။ အမျိုးသမီးများ အနေဖြင့် ဓမ္မတာ ရာသီလာနေလျှင် မလုပ်ရပါ။ ရာသီလာတဲ့ နေ့ကစပြီး ၅ရက်မြှောက်နေ့ ဒါမှမဟုတ် ၇ရက်မြှောက်နေ့ ခန္ဓာကိုယ် သန့်စင်ပြီးမှသာ လုပ်ရပါမယ်။

(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေ

ရေးသားသူ – ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။