နှာမွှန်တာကို (၁၅) မိနစ်အတွင်း သက်သာသွားစေမယ့် နည်းလမ်းတွေ

Health
နှာမွှန်တာကို (၁၅) မိနစ်အတွင်း သက်သာသွားစေမယ့် နည်းလမ်းတွေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နှာမွှန်တာကို (၁၅) မိနစ်အတွင်း သက်သာသွားစေမယ့် နည်းလမ်းတွေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နှာမွှန်တာကို (၁၅) မိနစ်အတွင်း သက်သာသွားစေမယ့် နည်းလမ်းတွေ

နှာမွှန်တဲ့အခါတိုင်း ကသိကအောက်နိုင်တဲ့ခံစားချက်ကြီးကို ဖြစ်နိုင်ရင် မြန်မြန်ဖယ်ထုတ်ပစ်ချင်ကြမှာပါ။ အဲဒီခံစားချက်ကို ခဏခဏ နှာမွှန်တတ်တဲ့သူတိုင်းသိကြမှာပါ။ နှာမွှန်တဲ့အခါ အလျင်အမြန်သက်သာသွားစေမယ့် နည်းလမ်းလေးတွေရှိပါတယ်နော်။ စာဖတ်ပရိသတ်တွေ နှာမွှန်တဲ့အခါ ပြုလုပ်လို့ရအောင် (၁၅) မိနစ်အတွင်း သက်သာသွားစေမယ့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ရပါတယ်။

မျက်ခုံးမွေးနှစ်ခုကြား နေရာကို နှိပ်နယ်ပေးပါ

နှာမွန်းသလိုခံစားရပြီဆိုရင် မျက်ခုံးမွေးနှစ်ခုကြားနေရာကို ဖြည်းဖြည်းသာသာလေး (၁) မိနစ်လောက် နှိပ်နယ်ပေးပါ။ ဒီနှိပ်နယ်မှုက နှာမြှေးကို သွားသက်ရောက်စေပြီး နှာပိတ်တာတွေကိုလည်း သက်သာသွားစေပါတယ်။

နှာခေါင်းပေါက်နဲ့ ဆက်သွယ်ထားတဲ့ လေလမ်းကြောင်းကို နှိပ်နယ်ပေးပါ

သင့်လက်ညှိုး၊ လက်ခလယ်တို့နဲ့ သင့်နှာခေါင်းတစ်ဝှိက်ကို (၁-၂) မိနစ်လောက် စက်ဝိုင်းပုံစံနှိပ်နယ်ပေးပါ။ ဒီနည်းက နှာခေါင်းပိတ်နေတာ၊ နှာမွန်းတာတွေကို ပွင့်သွားစေပါတယ်။

နှာခေါင်းနဲ့ နှုတ်ခမ်းကြား နေရာကို နှိပ်နယ်ပေးပါ

အပေါ်နှုတ်ခမ်းနဲ့ နှာခေါင်းကြားက နေရာကို (၂-၃) မိနစ်လောက် ဖြည်းဖြည်းသာသာလေး နှိပ်နယ်ပေးပါ။ ဒီနည်းက နှာမွန်းတာကို သက်သာသွားအောင် ကူညီပေးနိုင်ပါတယ်။

နှာခေါင်းကို နွေးသွားအောင် လုပ်ပါ

ရေနွေးစိမ်ထားတဲ့အဝတ်စကို ယူပြီး သင့်နှာခေါင်းကို နွေးသွားအောင်လုပ်လိုက်ပါ။ အပူက နှာခေါင်းမှာ ခြောက်ပြီးပိတ်နေတဲ့နှာရည်ကို အရည်ဖြစ်သွားအောင် လုပ်ဆောင်ပေးပါလိမ့်မယ်။ နွေးသွားတဲ့အခါ နှာခေါင်းကို မှုတ်ထုတ်လိုက်ပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။