လူသိနည်းတဲ့ အလူမီနီယံသတ္တုပြားရဲ့အသုံးဝင်ပုံများ

Knowledge
လူသိနည်းတဲ့ အလူမီနီယံသတ္တုပြားရဲ့အသုံးဝင်ပုံများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လူသိနည်းတဲ့ အလူမီနီယံသတ္တုပြားရဲ့အသုံးဝင်ပုံများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လူသိနည်းတဲ့ အလူမီနီယံသတ္တုပြားရဲ့အသုံးဝင်ပုံများ

အစားအစာတွေ လတ်ဆတ်နေအောင်ထုတ်ပိုးတဲ့အခါ၊ ဆံပင်ပုံကျအောင်လုပ်တဲ့အခါ အလူမီနီယံသတ္တုပြားကို သုံးဖြစ်ကြပါတယ်။ အဲဒါတွေအပြင် အလူမီနီယံသတ္တုပြားက ကျွန်တော်တို့ မထင်ထားလောက်အောင် အခြားအရာတွေအတွက်လည်း အတော်လေးအသုံးဝင်ပါတယ်။ အလူမီနီယံသတ္တုပြားက နောက်ထပ်ဘယ်လိုနေရာတွေမှာ အသုံးဝင်သေးလည်းဆိုတာကို လူသိပ်မသိကြတာများပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ်တွေ သိရှိသွားအောင် ဖော်ပြပေးချင်ပါတယ်။

၁ ခြေထောက်ကိုက်ခဲတာ၊ နာကျင်တာတွေကို ကုသဖို့အတွက် သင့်ခြေထောက်ကို အလူမီနီယံသတ္တုပြားနဲ့ ထွေးပတ်ထားလို့ရပါတယ်။ အဲဒါရဲ့ဓာတုအစိတ်အပိုင်းတွေက သင့်ခန္ဓာကိုယ်ရဲ့စွမ်းအားကို ထိန်းညှိပေးဖို့ကူညီပေးသလို နာကျင်မှုကို အလျင်အမြန်ပျောက်ကင်းအောင်လည်း ကူညီပေးပါတယ်။

၂ သံချေးတတ်တာကိုလည်း အလူမီနီယံသတ္တုပြားကို သုံးပြီး ဖယ်ရှားလိုက်မယ်ဆိုရင် သန့်စင်သွားအောင် ကူညီပေးနိုင်ပါတယ်။

၃ အခန်းအနွေးပေး ရေနွေးပိုက်စနစ်နောက်မှာ သတ္တုပြားကို ထားမယ်ဆိုရင် သင့်အိမ်ကို အနွေးဓာတ်ရစေပါတယ်။

၄ ကော်ဖီဗူးကို အလူမီနီယံသတ္တုပြားနဲ့ ပတ်ထားမယ်ဆိုရင် ကော်ဖီကို နွေးနွေးလေးဖြစ်နေစေပါတယ်။

၅ သတ္တုပြားကို အလုံးလေးတွေဖြစ်အောင်လိပ်ပြီး အဝတ်အခြောက်ခံစက်ထဲကို ထည့်ထားလိုက်ပါ။ အလူမီနီယံသတ္တုလုံးတွေက အဝတ်အစားတွေကို မြန်မြန်ခြောက်သွေ့သွားအောင် ကူညီပေးပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။